top of page

၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးသော financial Tips ၅ ခု


နှစ်သစ်ဆိုတာ ကိုယ့်ရဲ့ financial plans တို့အား အသစ်ပြန်လည်စတင်နိုင်မယ့် အခွင့်လမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ financial plans တို့ကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ဖို့ပဲဖြစ်စေ သို့မဟုတ် သူတို့ကို ကောင်းစွာနားလည်စေဖို့ပဲဖြစ်စေ အခုမျှဝေထားတဲ့ financial tips ၅ ခု ကိုအသုံးချပြီး ၂၀၂၂ ခုနှစ်အတွက် ပြင်ဆင်နိုင်ပါတယ်။



၁။ နှစ်သစ်အတွက် budget တစ်ခုပြုလုပ်ပါ။


Mint ကဲ့သို့ အခမဲ့ budgeting app ဖြင့်ဖြစ်စေ (သို့မဟုတ်) ငွေသားများအား စာအိတ်အတွင်းထည့်ကာသိမ်းဆည်းတဲ့ cash envelope system ဖြင့်ဖြစ်စေ budget တစ်ခုပြုလုပ်ခြင်းက ၂၀၂၂ ခုနှစ်မှာ financial success ဆီသို့ ပထမဆုံးခြေလှမ်းနိုင်မယ့် အဓိကသော့ချက်ဖြစ်ပါတယ်။


၂။ အလိုအလျောက်ငွေပေးချေမှုများဖြင့် သင့်အတွက်သင် အရင်ဆုံးပေးချေပါ။


သီးသန့်စဉ်းစားနေစရာမလိုအပ်တော့တဲ့အထိ ‌ငွေကိုသက်သောင့်သက်သာစွာ စုဆောင်းနိုင်ဖို့ကြိုးစားပါ။ သင့်ကိုယ်သင် ဦးစွာငွေပေးချေပြီးနောက် အလိုအလျောက်ငွေပေးချေမှုများနဲ့ချိတ်ဆက်ထားတဲ့ savings account ကို ပြုလုပ်ထားပါ။ အခုလိုလုပ်လိုက်ခြင်းက သင့်အနေနဲ့ ငွေစုဆောင်းဖို့အတွက် အမြဲသတိတရရှိနေဖို့ အားထုတ်ရမှုတွေကို ဖယ်ရှားပေးမှာပါ။


တစ်ကြိမ်မှာ $20 ခန့် သေးငယ်တဲ့ပမာဏကို ဖယ်ထားခြင်းကလည်း အမှန်တကယ်အကျိုးထူးစေပါတယ်။ သင့်ရဲ့ checking account ထဲမှာ ငွေသားနည်းနည်းပဲရှိနေတာကိုမြင်ရတဲ့အခါမှာလည်း သင့်အနေနဲ့ ငွေသုံးစွဲမှု လျော့နည်းသွားနိုင်ပါသေးတယ်။


၃။ သင့်ရဲ့အကြွေးများအတွက် date သတ်မှတ်ပါ။


အကြွေးဆပ်ဖို့အတွက် နည်းလမ်းများစွာရှိပါတယ်။ ဥပမာ - သင့်မှာ အတိုးနှုန်းများပြားတဲ့ အကြွေးရှိနေတယ်ဆိုရင် debt consolidation loan (သို့) credit card balance transfer တို့ကို ရွေးချယ်နိုင်ပါတယ်။ သို့ပေမယ့် အလွယ်ကူဆုံးနဲ့ ပထမဆုံးအနေနဲ့ လုပ်ဆောင်သင့်တာကတော့ date သတ်မှတ်ဖို့ပါ။ သင့်ရဲ့ အကြွေးများနဲ့ပတ်သက်ပြီး ညှိနှိုင်းနိုင်ရန် အကြွေးရှင်တို့အား ဖုန်းခေါ်ဆိုမယ့် ရက်နဲ့အချိန်ကို စီစဉ်ပါ။ အကြွေးအတိုင်ပင်ခံတစ်ဦးနဲ့ စကားပြောပါ။ ဒါမှမဟုတ် အကြွေးများထဲမှ လွတ်မြောက်ရန် အခြားနည်းဗျူဟာတို့ကို ရှာဖွေပါ။


၄။ ဆုပေးအစီအစဉ်တစ်ခုကို ရွေးချယ်ပြီး ထိုအစီအစဉ်အတိုင်းလိုက်နာပါ။


Rewards လို့ ခေါ် တဲ့ ဆုလက်ဆောင်များပေးအပ်တဲ့ Debit (သို့မဟုတ်) credit card အား ပြောင်းလဲအသုံးပြုပါ။ သင်အသုံးပြုလိုက်တဲ့ငွေအတွက် လစဉ်ငွေသားနဲ့ ဆုလက်ဆောင်များ ပြန်လည်ရယူနိုင်မယ့်အစီအစဉ်ကို ရွေးချယ်လိုက်ပါ။ ဆုလက်ဆောင်များအတွက် ငွေသားပြန်အမ်းခြင်းသာမက ကုန်ပစ္စည်းများ၊ ခရီးသွားခြင်း၊ gift cards များ၊ activities များ၊ ပွဲလက်မှတ်များအစရှိသဖြင့် သင်နှစ်သက်တဲ့အရာများကိုလည်း ရယူနိုင်ပါတယ်။ သင်အသုံးပြုရန်ရွေးချယ်လိုက်တဲ့ကတ်က သင့်အတွက်ပိုမိုအကျိုးရှိစေဖို့လည်း လိုအပ်ပါတယ်။


Reward Points များရရှိပြီးတာနဲ့ ၎င်းတို့ကို သေချာအသုံးပြုပါ။ 2022 ခုနှစ်ကုန်သွားတဲ့အခါလည်း တူညီတဲ့ ဆုပေးအစီအစဉ်အားအသုံးပြုပြီး သင့်ရဲ့ Debit (သို့မဟုတ်) credit card ဆုလက်ဆောင်များကို တန်ဖိုးရှိနေအောင်လုပ်ပါ။


၅။ ဆက်လက်ပြီး သင့်ကိုယ်သင် Financial အကြောင်းအရာများနဲ့ ရင်းနှီးကျွမ်းဝင်နေ အောင်လုပ်ပါ။


ကောင်းမွန်တဲ့ Financial Management ဆိုတာ နေ့ချင်းညချင်း ဖြစ်မလာပါဘူး။ တသမတ်တည်းရှိနေဖို့က အဓိကဖြစ်ပါတယ်။ အဲဒီအပြင် သင့်အနေနဲ့ ပုံမှန် Financial Education ရရှိနေခြင်းက နောက်ဆုံးပေါ်စီးပွားရေးဆိုင်ရာ trends များနဲ့အညီ အမှီလိုက်နိုင်မှာဖြစ်ပြီး သင့်ရဲ့ ကောင်းမွန်တဲ့ personal finance အလေ့အကျင့်ကောင်းများအား နောင်နှစ်တွေအထိ ဆက်လက်လုပ်ဆောင်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်နိုင်ပါတယ်။


24 views0 comments

Commentaires


bottom of page