top of page

ဘာကြောင့် Real Estate Professional တစ်ယောက်နှင့်ချိတ်ဆက်ပြီးမှသာ အရောင်းအဝယ်လုပ်သင့်တာလဲ

Updated: Oct 28, 2024


Hire a real estate professionals

1. Contracts 

Real Estate Agent တွေက ရှုပ်ထွေးခက်ခဲတဲ့ အရောင်းအဝယ် စာချုပ်စာတမ်းတွေကို အမှားအယွင်းမရှိအောင် နည်းမှန်လမ်းမှန်နှင့်ကိုင်တွယ်ပေးနိုင်ပါတယ်။


2. Experience 

လက်ရှိအိမ်ခြံမြေဈေးကွက်မှာ အတွေ့အကြုံကအရမ်းအရေးကြီးပါတယ်။ အရောင်းအဝယ် process၊ ဈေးကွက်အလားအလာနှင့် လက်ရှိအခြေအနေတွေကို အတွေ့အကြုံများတဲ့ Professional Realtor တစ်ယောက်ကသာ ကောင်းကောင်းခန့်မှန်းနိုင်ပါတယ်။ လိုအပ်တဲ့ အကြံဉာဏ်တွေကို လည်း ပေးနိုင်တယ်။ 


3. Negotiations 

သင့်ရဲ့ Real Estate Agent က ရောင်းသူဝယ်သူနှစ်ဖက်လုံးအတွက်ကို သင့်လျော်တဲ့‌ဈေးနူန်းနှင့် တန်ဖိုးမှန်ကန်တဲ့အိမ်ခြံမြေတွေ ပိုင်ဆိုင်မှု့ရအောင် အဓိက

ညှိနှိုင်းကူညီပေးမယ့်သူဖြစ်ပါတယ်။ 


4. Pricing 

အိမ်အရောင်းအဝယ်ကိစ္စတွေမှာ ဈေးနူန်းကအရေးကြီးဆုံးပါ။ အိမ်တစ်လုံးရဲ့ တိကျမှန်ကန်တဲ့ဈေးနူန်းနှင့် ဝယ်သင့်မဝယ်သင့်ဆိုတာကို Experienced Realtor တစ်ယောက်က ကောင်းကောင်းခန့်မှန်းနိုင်ပါတယ်။


5. Communication

ကိုယ့် ကို အ‌ရောင်းအဝယ် ကိစ္စတွေ ကူညီပေးတဲ့ အခါ ခက်ခဲတဲ့ စာချုပ်စာတမ်းတွေကိုရှင်းပြတဲ့ အခါ ကိုယ်နားလည်အောင်ရှင်းပြ ပြောပြ ပေးနိုင်ဖို့ လိုပါတယ်။ ကိုယ်ရဲ့ နောက်ကြောင်းကို မသိရင် ကိုယ့်ရဲ့ အခြေ အနေ ကို  နားလည်မှု မပေးနိုင်ရင် အရောင်းအဝယ် တလျှောက်လုံး စိတ်သောက ရောက်နိုင်ပါတယ်။ 


Real Estate Agent အားလုံးမှာ ကွဲပြားတဲ့အရည်အချင်းတွေရှိကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ local market မှာ ဘယ် agent ကပိုတော်တယ်၊ ဘယ် agent က ပိုအစွမ်းအစရှိပြီး ယုံကြည်ရတယ်ဆိုတာကိုကိုယ်တိုင် လေ့လာကြည့်ပြီးမှ လက်တွဲအလုပ်လုပ်ဖို့ဆုံးဖြတ်သင့်ပါတယ်။ ကိုယ် လို အပ်တဲ့ အချိန် မှာ အချိန်မရွေး ဆက်သွယ် အကူညီ ရယူနိုင်တဲ့ realtor နဲ့ လက်တွဲ လုပ်ဆောင်သင့်ပါတယ်။ 


88 views0 comments

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

Developed by Full stack Marketer

bottom of page