top of page

ဘာလို့ အိမ်ဈေးကွက်က ကျဆင်းဖို့မရှိတာလဲ?

Recession နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက ဆွေးနွေးနေတာတွေ့ရပါတယ်။ ဒါကြောင့် သင်ကိုယ်တိုင်လည်း 2008 တုန်းကလို ပြန်ကြုံတွေ့ရမလားဆိုပြီး စိတ်ပူနေလောက်မှာပေါ့။ ဒါပေမယ့် အဲ့လိုတွေးပူနေဖို့ မလိုတဲ့အကြောင်း ရှင်းပြပေးပါမယ်။ 


LendingTree ရဲ့ senior economist ဖြစ်တဲ့ Jacob Channel က " အခုလက်ရှိစီးပွားရေးအခြေအနေတွေက အဖုအထစ် အနည်းအငယ်ရှိပေမယ့် အခြေအနေတော်တော်ကောင်းပါတယ်။ ပြီးပြည့်စုံလောက်တဲ့ ထိတော့မဟုတ်ပေမယ့် လူတွေထင်ထားတာထက်တော့ ကောင်းနေပါတယ်။" ဆိုပြီး ပြောထားပါတယ်။ 


ဒါကြောင့်လည်း Wall Street ဂျာနယ်မှာပါတဲ့ survey တစ်ခုက economists တွေရဲ့ 39% ကပဲ နောက်နှစ်မှာ recession ဖြစ်လာနိုင်တယ်လို့ပြောထားတာပါ။ လွန်ခဲ့တစ်နှစ်က ခန့်မှန်းချက်နဲ့ ယှဉ်ရင် 61% လောက်ကျသွားတာတွေ့ရမှာပါ။


ပညာရှင်တော်တော်များများက နောက် ၁၂ လအတွင်းမှာ recession မဖြစ်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဒီလိုတွေးရတဲ့ အကြောင်းရင်း တစ်ခုကတော့ အခုလက်ရှိမှာတွေ့ရတဲ့ unemployment rate ပါ။ အခုနဲ့ အရင်နဲ့ကို Macrotrends, Bureau of Labor Statistics (BLS) နဲ့ Trading Economics က အတိတ်ဒေတာတွေနဲ့ ယှဉ်ကြည့်တဲ့အခါ လက်ရှိ unemployment rate က နည်းနေသေးတာကို တွေ့ရမှာပါ။



လိမ္မော်ရောင်အတန်းကိုကြည့်ရင် ၁၉၄၈ ထဲက ပျမ်းမျှ unemployment rate က 5.7% ရှိတာပါ။ အနီရောင်တန်းကတော့ 2008 ခုနှစ် ငွေကြေးကျဆင်းမှူ နောက်ပိုင်း အိမ်ဈေးကွက်တွေ ဈေးပျက်တဲ့အချိန်က unemployment rate  8.3% ထိတက်သွားတာကို ပြတာပါ။ ဒီ နံပါတ်နှစ်ခုလုံးက ဒီနှစ် ဇန်နဝါရီနဲ့ယှဉ်ရင် များနေသေးတာကိုတွေ့ရမှာပါ။ 


ဒါပေမယ့် unemployment rate တက်လာနိုင်တယ်ထင်လား? ဒါကိုဖြေဖို့ဆိုရင် အောက်က ပုံကိုကြည့်ကြည့်ပါ။ Wall Street Journal က စစ်တမ်းကောက်မှုကိုကြည့်ပြီး နောက်သုံးနှစ်အတွင်းမှာ ဖြစ်လာနိုင်တဲ့ unemployment rate နဲ့ long-term average ကိုယှဉ်ကြည့်ထားတာပါ။



သင်တွေ့တဲ့ အတိုင်းပါပဲ economists တွေက နောက်သုံးနှစ်အတွင်းမှာ unemployment rate က long-term average 5.7% နားကိုမရောက်နိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ 


ဒါပေမယ့် ဒီခန့်မှန်းချက်သာမှန်မယ်ဆိုရင် နောက်နှစ်အတွင်းမှာ အလုပ်လက်မဲ့ဖြစ်လာန်ိုင်မယ့် လူတွေရှိပါတယ်။ လူတစ်ယောက် အလုပ်လက်မဲ့ဖြစ်သွားတာက သူကိုယ်တိုင်အပြင် သူ့ရဲ့ မိသားစုနဲ့ အသိတွေအတွက် ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ အကြီးမားဆုံးမေးခွန်းတစ်ခုကတော့  အိမ်ဈေးကွက်ကျလောက်တဲ့အထိ လူတွေအလုပ်လက်မဲ့ဖြစ်လာနိုင်လား? 


ရှေ့ကိုဆက်ကြည့်မယ်ဆိုရင်တော့ ခန့်မှန်းချက်တွေအရ unemployment rate က 75 နှစ် ပျမ်းမျှအောက်မှာပဲရှိနေဦးမှာပါ။ အဲ့တာကြောင့် အိမ်ဈေးကွက်ကို ကြီးကြီးမားမားထိနိုင်မယ့် အခြေအနေတော့ ရောက်လာဦးမှာ မဟုတ်ပါဘူး။


90 views0 comments

Commentaires


bottom of page