top of page

Pre-Approval ရယူချင်းဟာ ဘာကြောင့် Home Buying Process ရဲ့ ပထမဆုံးအဆင့်ဖြစ်သင့်လဲ?

Updated: Oct 28, 2024

Pre Approval 1

လက်ရှိအိမ်ခြံမြေဈေးကွက်ရဲ့ အပြောင်းအလဲကာလမှာ အိမ်အရောင်း Listing တွေပိုများလာစေပြီး Mortgage Rate တွေလဲတဖြည်းဖြည်း ပိုကျဆင်းလာနေပါတယ်။ ဒီအချိန်ကတော့ အိမ်ဝယ်ဖို့အကောင်းဆုံးအချိန်ပါပဲ။ အိမ်ဝယ်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် Pre-Approval ပထမဆုံး step အနေနှင့် ရယူထားရပါမယ်။


(1) Pre- Approval ဆိုတာဘာလဲ ?

Pre-Approval ဆိုတာက Loans Provider ကနေ အိမ်ဝယ်မယ့်သူရဲ့ W-2s, Tax Returns, Credit Score, Bank Statement အစရှိတဲ့ Financial information တွေကို review လုပ်ပြီးတော့ Loan ထုတ်ပေးသင့် မပေးသင့်၊ Maximum amount ဘယ်လောက်ထုတ်ပေးသင့်လဲဆိုတာကို သတ်မှတ်ပြီး approval ပေးတဲ့ process ဖြစ်ပါတယ်။



Pre Approval 2

(2) Pre-Approval က Buyers ရဲ့ budget ကိုဘယ်လိုကူညီပေးလဲ ?

Pre-Approval process မှာ Buyer ရဲ့ financial အနေအထားအပေါ်မူတည်ပြီးတော့ Loan Provider က Loan amount နှင့် terms တွေကိုသတ်မှတ်ပေးပါတယ်။ ဒီလိုအချက်အလက်တွေကို ကြိုတင်တိတိကျကျသိထားခြင်းအားဖြင့် buyers အနေနှင့် ကိုယ်ဝယ်ယူနိုင်တဲ့အိမ်ဈေးပမာဏကို ကြိုတင်ခန့်မှန်း တွက်ချက်နိုင်မယ် ၊ Loan strategy ကိုပိုပြီး ထိထိရောက်ရောက် ကြိုတင်ပြင်ဆင်နိုင်မယ်၊ ကိုယ့်ရဲ့ budget plan ကို တိတိကျကျ လက်တွေ့ရေးဆွဲထားပြင်ဆင်ထားနိုင်ပါမယ်။



Pre Approval 2

(3) Pre-Approval က Buyers ရဲ့ offers တွေကိုဘယ်လိုပိုပြီးထိရောက်စေလဲ ?

Buyer က ကိုယ်နှင့်ကိုက်ညီပြီး သဘောကျတဲ့အိမ်တစ်လုံးကိုဝယ်ဖို့တွေ့ပြီဆိုရင် ကိုယ့်ရဲ့ buyer offer ကို pre-approval letter နှင့် တွဲတင်ပြခြင်းအားဖြင့် seller တွေရဲ့ စိတ်ဝင်စားမှုနှင့် negotiations chance ပေးချင်မှု့တို့ကို ပိုမိုမြင့်တက်လာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ seller တွေရဲ့အမြင်မှာ ဒီ buyer က အိမ်ကိုတကယ်ဝယ်ဖို့ကြိုတင်ပြင်ဆင်ထားတဲ့သူ၊ အမှန်တကယ်အရောင်းအဝယ်လုပ်ဖို့ serious ဖြစ်တဲ့သူဆိုပြီး မြင်နိုင်စေတာကြောင့်ဖြစ်ပါတယ်။



Pre Approval 3

ဒါ့ကြောင့် အိမ်ဝယ်တော့မယ်လို့ဆုံးဖြတ်ထားရင် Pre-approval ကိစ္စကိုအရင်ဆုံးပြီးစီးအောင်လုပ်ထားဖို့တိုက်တွန်းချင်ပါတယ်။


ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Realtor လက်မှတ် ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


116 views0 comments

Comentarios


bottom of page