top of page

Social Security ဆိုတာဘာလဲ?

Social Security ဆိုတာ အသက်အရွယ်ကြီးရင့်သူတွေ၊ တစ်စုံတစ်ခုကြောင့် ထိခိုက်ပြီး မသန်စွမ်းသူတွေအတွက် Social Security Administration (SSA) က စီမံခန့်ခွဲတဲ့ ပင်စင်အကျိုးခံစားခွင့်ဖြစ်ပါတယ်။


၂၀၂၃မှာဆိုရင် အမေရိကန်နိုင်ငံသားပေါင်း ၆၇သန်းဟာ ဒီ Social Security Benefits ကို ခံစားရတော့မှာပါ။



Social Security ဆိုတာဘာလဲ?

Social Security ဆိုတာ အာမခံ အစီအစဉ်ဖြစ်ပါတယ်။

အလုပ်ရှိသူတွေဟာ ဒီအစီအစဉ်အတွက် လစာထဲကနေ​ဖြတ်ထားလေ့ရှိပြီး

ကိုယ်ပိုင်အလုပ်လုပ်သူတွေကတော့ Social Security အခွန်ပေးဆောင်ခြင်းဖြင့် ပါဝင်နိုင်ပါတယ်။


အလုပ်သမားတွေဟာ နှစ်စဉ် ခရက်ဒစ် ၄ခုအထိ ရနိုင်ပြီး

၂၀၂၂ခုနှစ်တုန်းကဆိုရင်

$1510 ရတိုင်းမှာ ခရက်ဒစ် တစ်ခုရပါတယ်။

$6040 နဲ့အထက်ရရင်တော့ ခရက်ဒစ် လေးခုအထိရပါတယ်။


အခု ၂၀၂၃ခုနှစ်မှာတော့

$1640 ရမှ ခရက်ဒစ် တစ်ခုရကာ

$6560 နဲ့ အထက်ကတော့ ခရက်ဒစ် လေးခုအထိရပါတယ်။



ဒီငွေတွေက သာမန်ပင်စင်စားတွေအတွက်ဆိုရင်တော့ Social Security trust funds ရန်ပုံငွေကို ရောက်သွားပြီး မသန်စွမ်းများအတွက်ကတော့ Disability Insurance Trust Fund (DI) ရန်ပုံငွေဆီရောက်သွားပါတယ်။


ဒီ ရန်ပုံငွေ နှစ်ခုကနေ ပြန်ပြီးတော့မှ ခံစားခွင့်ရှိသူတွေအတွက် ငွေ ထုတ်ပေးတာဖြစ်ပါတယ်။ ရန်ပုံငွေထဲက ပိုတာတွေကိုတော့ ရင်းနှီးမြှုပ်နှံတဲ့နေရာမှာ သုံးပြီး ရန်ပုံငွေပွားအောင် လုပ်ပါတယ်။


Board of Trustees လို့ခေါ်တဲ့ အဖွဲ့ကနေပြီး ဒီငွေတွေ လည်ပတ်တာကို ကြီးကြပ်ပေးပါတယ်။ ဒီအဖွဲ့ကို ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှု ဝန်ဆောင်မှု ဌာနတွေရဲ့ အတွင်းရေးမှူး လေးယောက်ပါဝင်ပြီး စုစုပေါင်း ဘုတ်အဖွဲ့ဝင် ၆ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။


ဘယ်သူတွေ အကျိုးခံစားခွင့်ရှိလဲ?


အသက် ၆၂နှစ်ပြည့်တဲ့ အလုပ်လုပ်သူတိုင်း အနည်းဆုံး ၁၀နှစ်အထိ Social Security ကြေးပေးဆောင်ထားမယ်ဆိုရင် အကျိုးခံစားခွင့်ရှိပါတယ်။ Full retirement age လို့ခေါ်တဲ့ အသက် ၆၆ကနေ ၆၇ အတွင်းမှာတော့ ပို​ပြီး လစဉ်အကျိုးခံစားခွင့်က မြင့်မားပါတယ်။ အသက် ၇၀အထိသာ ဆွဲဆန့်ထားမယ်ဆိုရင် ပိုပြီး အကျိုးခံစားခွင့်များတတ်ပါတယ်။


ကိုယ့်ရဲ့ ဇနီးမယား၊ သို့မဟုတ် ခင်ပွန်းဖြစ်သူတွေကလည်း ဒီအကျိုးခံစားခွင့်ကို တောင်းခံခွင့်ရှိပါတယ်။

ကွာရှင်းပြတ်စဲပြီးသားဆိုရင်တော့ လက်ရှိမှာ နောက်ထပ် အိမ်ထောင်အသစ်မပြုရသေးတဲ့သူဖြစ်​ပြီး လက်ထပ်ပေါင်းသင်းစဉ်က အိမ်ထောင်သက်တမ်း အနည်းဆုံး ၁၀နှစ်ရှိမယ်ဆိုရင်တော့ ခင်ပွန်းဟောင်း (သို့) ဇနီးမယားဟောင်းရဲ့ Social Security Benefits ကို တောင်းခံခွင့်ရှိပါတယ်။


ပင်စင်စားတွေရဲ့ ကလေးတွေကလည်း အသက် ၁၈နှစ် မပြည့်သေးရင် (သို့မဟုတ်) ကလေးက မသန်စွမ်း (သို့မဟုတ်) ကျောင်းသားဖြစ်နေမယ်ဆိုရင်လည်း ဒီခံစားခွင့်ကို တောင်းခံခွင့်ရှိပါတယ်။


ဘယ်လောက် အကျိုးခံစားခွင့်ရမလဲ?


ဒါကတော့ အမြင့်ဆုံးငွေဝင်တဲ့နှစ်ပေါင်း ၃၅နှစ်အတွင်း ကိုယ့်ရဲ့ လစဉ် ပျှမ်းမျှ ဝင်ငွေလို့ ခေါ်တဲ့


average indexed monthly earnings (AIME) နဲ့လည်း ဆိုင်ပါတယ်။


၂၀၂၃ခုနှစ်မှာတော့ ပျှမ်းမျှ လစဉ်ခံစားခွင့်တွေက $1825 ကနေ

$21900 ကြားမှာရှိပါတယ်။


အသက် ၆၆ ကနေ ၆၇ကြားပင်စင်ယူတဲ့သူတွေကတော့

ကိုယ့်ရဲ့ နှစ်စဉ် ခံစားခွင့်က 8% နှစ်စဉ်တိုးနေမှာပါ။


ဥပမာ ၂၀၂၀မှာ ပင်စင်အသက်ပြည့် ၆၆နှစ်ရောက်တဲ့သူတွေဟာ

သူတို့ရဲ့ Primary Insurance Amount (PIA) လို့ခေါ်တဲ့ ပမာဏကို 100% ခံစားခွင့်ရရမှာဖြစ်ပေမယ့်

သူတို့သာ နောက်တစ်နှစ်ဖြစ်တဲ့ ၆၇နှစ်မှာသာ ယူမယ်ဆိုရင်

သူတို့ရဲ့ Primary Insurance Amount ကို 108% အထိ ခံစားရမှာပါ။ အသက် ၇၀အထိ ဆွဲဆန့်လိုက်ရင်တော့ 132% အထိ ခံစားရနိုင်ပါတယ်။


ဒါကြောင့် ခံစားခွင့်တွေက ဘယ်အချိန်မှာ ယူလဲဆိုတာပေါ်မူတည်ပြီးလည်း ကွဲနိုင်ပါသေးတယ်။

၂၀၂၃မှာတော့ အသက် ၆၂နှစ်အရွယ် ပင်စင်ယူသူတွေရဲ့ အများဆုံးခံစားခွင့်ဟာ

$2572 ပါ။


ကိုယ့်ရဲ့ခံစားခွင့်ကို အသေးစိတ်သိချင်ရင်လည်း ဒီ Calculator လေးမှာ တွက်ကြည့်လို့ရပါတယ်။


ဘယ်သူတွေက Disability Benefits ကို ခံစားရနိုင်လဲ?


ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုကြောင့် အလုပ်မလုပ်နိုင်တော့တဲ့ လူတွေဟာ Social Security disability benefits (SSDI) ကို ခံစားခွင့်ရှိနိုင်ပါတယ်။ ဒီအတွက်တော့ သတ်မှတ်ထားတဲ့ စစ်ဆေးမှုတွေပြုလုပ်ရမှာပါ။



Social Security ရဲ့ အနာဂတ်


Social Security ရဲ့ အနာဂတ်က အရမ်းတော့ မသေချာပါဘူး။ Social Security Board ရဲ့ ထုတ်ပြန်တဲ့ ၂၀၂၂ အစီရင်ခံစာ နှစ်စဉ် မှတ်တမ်းအရ Social Security အတွက် ဖယ်ထားတဲ့ ငွေတွေက 2034မှာ ကုန်သွားတော့မယ်လို့ မျှော်လင့်ကြပါတယ်။

အဲ့နောက်မှာတော့ နှစ်စဉ်အခွန်ဟာ နှစ်စဉ် အကျိုးခံစားခွင့်ရဲ့ 78% ကိုပဲ ကာမိမယ်လို့ ထင်ပါတယ်။


2035မှာ အသက်၆၅နဲ့ အထက်ရှိနေမယ့် အမေရိကန်နိုင်ငံသားအရေအတွက်ဟာ ၇၈သန်းထက် ပိုနိုင်မယ်လို့တွက်နေကြပါတယ်။


အကျိုးရလာဒ်အနေနဲ့ ပိုများတဲ့လူတွေဟာ ​Social Security ကနေ ငွေထုတ်လာကြတော့မှာဖြစ်ပြီး လူအနည်းငယ်ကပဲ ငွေသွင်းမှာပါ။ တကယ်လို့ အပြောင်းအလဲ တစ်စုံတစ်ရာမရှိခဲ့ရင်တော့ ခံစားခွင့်ရဲ့ 24.9% အထိလျော့သွားနိုင်ပါတယ်။ သို့သော်လည်း ကျွမ်းကျင်သူအချို့ကတော့ ကွန်ဂရက်ဟာ ဒီလိုမျိုး ခံစားခွင့် ဖြတ်တောက်ခံရမှု မဖြစ်အောင် ၂၀၃၅မတိုင်ခင်မှာ ကိုင်တွယ်လိမ့်မယ်လို့ ယူဆကြပါတယ်။


ဒီ Social Security ဟာ ရှုပ်ထွေးပြီး အနာဂတ်မှ ပင်စင်ရတာမို့ မရေရာဘူးလို့လည်း ခံစားမှုတွေရှိနိုင်ပေမယ့်

လူအများစုကတော့ ငွေသွင်းနေကြဦးမှာပါ။


ဒီတော့ ကိုယ့်အနေနဲ့ Social Security သွင်းနေတယ်ဆိုရင် အမြဲတမ်း Update တွေကို လေ့လာနေဖို့လိုပြီး အပြောင်းအလဲအပေါ် မျက်ခြည်မပြတ်အောင် နေဖို့လိုပါတယ်။






193 views0 comments

Comments


bottom of page