top of page

Green Card ဆိုတာ ဘာလဲ?

Green Card ဆိုတာ U.S. နိုင်ငံသားမဟုတ်တဲ့ သူတွေကို အမေရိကန်မှာ အမြဲ တမ်းနိုင်ငံသားဖြစ်ခွင့်ပေးတဲ့ သက်သေကတ်ပြားပါ။ Green Card ကို Permanent Resident Card လို့လည်း လူသိများပြီး အမြဲတမ်းနိုင်ငံသားအဆင့်သတ်မှတ်ခံရကာ အမေရိကန်နိုင်ငံတစ်လွှားမှာ အလုပ်လုပ်ခွင့်နဲ့ တရားဝင်နေထိုင်ခွင့်ရပါတယ်။ ဒါ့အပြင် သုံးနှစ်ကနေ ငါးနှစ်ကြာတဲ့အခါ အမေရိကန်နိုင်ငံသားဖြစ်နိုင်ပါတယ်။



သင်သိပါသလား?

အမေရိကန်အစိုးရက နှစ်စဉ် သန်းနဲ့ချီတဲ့ Green Card တွေ ပေးနေပါတယ်။ အများစုကတော့ လက်ရှိ Green Card ကိုင်ထားတဲ့ မိသားစုဝင်တွေကို ပေးတာဖြစ်ပြီး အခြားနိုင်ငံတွေကနေ U.S. မှာ အလုပ်အကိုင် ရှာဖွေနေတဲ့ သူတွေကိုလည်း ပေးလေ့ရှိပါတယ်။


Green Card ဘယ်လိုလျှောက်မလဲ?

နိုင်ငံထဲကနေ လျှောက်တာနဲ့ နိုင်ငံ ပြင်ပကနေ လျှောက်တာအပေါ် မူတည်ပြီး Green Card Application Process တွေ မတူကြပါဘူး။ အဓိကအနေနဲ့ Green Card Application Form နှစ်ခုရှိပါတယ်။


U.S. နိုင်ငံအတွင်းကနေ လျှောက်တဲ့ Green Card Application Form ကို Form I-485 လို့ ခေါ်ပါတယ်။ ဒီ Form ကို U.S. ထဲမှာ Nonimmigrant Visa နဲ့ နေနေတဲ့ သူတွေက အသုံးပြုပြီး DV ပေါက်တဲ့ သူတွေ၊ မိသားစုက ဆင့်ခေါ်သူတွေနဲ့ အလုပ်ရတဲ့သူတွေက အကြုံးဝင်ပါတယ်။



U.S. ပြင်ကနေလျှောက်မယ့်သူတွေကတော့ Form DS - 260 ဆိုတာနဲ့ လျှောက်ရပါတယ်။ ဒီ Form ကို နိုင်ငံခြားက Immigrant Visa လျှောက်တဲ့သူတွေ၊ မိသားစုကတဆင့်ခေါ်တာမျိုး၊ အလုပ်ရှင်က Sponsorship ပေးတာမျိုး သို့မဟုတ် DV ပေါက်တဲ့သူတွေက လျှောက်ထားနိုင်ပါတယ်။


Travel.State.Gov website ကနေလည်း လျှောက်ထားနိုင်ပါတယ်။



Green Card လျှောက်တဲ့ ကြာချိန်

​ဘယ်နေရာကနေလျှောက်တယ်ဆိုတာနဲ့ ဘယ်လိုအမျိုးအစားပေါ် လျှောက်တယ်ဆိုတာပေါ် မူတည်ပြီး ကြာချိန်က ကွဲသွားပါတယ်။


အမေရိကန်နိုင်ငံအတွင်းက လျှောက်ထားခြင်း

ဇနီး၊ခင်ပွန်းတွေနဲ့ အမျိုးတော်စပ်သူတွေ( မိဘနဲ့ ကလေး) တွေအတွက် U.S. အတွင်းကနေ လျှောက်မယ်ဆိုရင်တော့ စောင့်ဆိုင်းရတဲ့အချိန်က အကြမ်းဖျင်းအားဖြင့် ၁၂.၅လ ကနေ ၂၀.၅ လလောက် ကြာတတ်ပါတယ်။

U.S. Green Card ကိုင်ထားပြီးသူရဲ့ ဇနီး၊ ခင်ပွန်းတွေနဲ့ အခြား အမျိုးဆွေများ၊ အလုပ်အကိုင်အခြေပြု Green Cards တွေဆိုရင်တော့ စောင့်ရတာ ကြာလေ့ရှိပြီး နှစ်နှစ်နဲ့ အထက် ကြာလေ့ရှိပါတယ်။


အမေရိကန်နိုင်ငံ ပြင်ပက လျှောက်ထားခြင်း

ဇနီး၊ခင်ပွန်းတွေနဲ့ အမျိုးတော်စပ်သူတွေ( မိဘနဲ့ ကလေး) တွေအတွက် U.S. အပြင်ကနေ လျှောက်မယ်ဆိုရင်တော့ ၁၄လကနေ ၁၅လအထိ လျှောက်ရလေ့ရှိပါတယ်။ အခြားGreen Card တွေကတော့ လျှောက်တဲ့ နိုင်ငံအပေါ်မူတည်ပြီး ကြာလေ့ရှိပါတယ်။


Green Card အမျိုးအစားများ

ကိုယ်လျှောက်မယ့်ပုံစံအပေါ်မူတည်ပြီး Green Card အမျိုးအစားများစွာရှိပါတယ်။

  1. Family-Based Green Card

  2. Employment-Based Green Card

  3. Humanitarian Green Cards

  4. Diversity Lottery Green Card

  5. Longtime-Resident Green Card

  6. Other Green Cards


Green Card က ဘယ်လောက်ကျလဲ?

Family-based Green Card လျှောက်မယ်ဆိုရင် နိုင်ငံထဲက လျှောက်သူတွေအတွက်တော့ $1760 လောက်ကျပါတယ်။ နိုင်ငံပြင်ပက လျှောက်ရင်တော့ $1200 လောက်ပဲ ကျပါတယ်။ ဒါဟာ ဆေးစစ်ခတွေဘာတွေ မပါသေးပါဘူး။




1,038 views0 comments

Comments


bottom of page