top of page

Government Assistance Programs ဆိုတာ ဘာလဲ?

Government Assistance Programs ဆိုတာ ဖက်ဒရယ်နဲ့ ပြည်နယ်အစိုးရတွေက တစ်ဦးချင်းနဲ့ လုပ်ငန်းတွေအတွက် ငွေရေးကြေးရေး အကူအညီတွေ ထောက်ပံ့ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။


တစ်ဦးတစ်ယောက်ချင်းနဲ့ မိသားစုတွေအတွက် ငွေကြေးထောက်ပံ့ပေးခြင်း

ဒီ အစီအစဉ်ကတော့ ငွေကြေး၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေထောက်ပံ့ပေးတာဖြစ်ပါတယ်။


Unemployment Insurance

အလုပ်လက်မဲ့ အာမခံဆိုတာ ဖက်ဒရယ်နဲ့ ပြည်နယ် အစိုးရရဲ့ အစီအစဉ်ပါ။ ဖက်ဒရယ်အစိုးရရဲ့ Federal Unemployment Tax (FUTA) ဆိုပြီး အလုပ်ရှင်တွေပေါ်မှာ ကောက်ကာ အဲ့က ရလာတဲ့ငွေတွေကို ပြန်ပြီး ပေးတာဖြစ်ပါတယ်။ ပြည်နယ်တွေကလည်း SUTA လို့ခေါ်တဲ့ State Unemployment Tax ဆိုပြီးကောက်ပါတယ်။


Unemployment Insurance ရဲ့ ပန်းတိုင်ကတော့ ကိုယ့်အမှားကြောင့်အလုပ်ထွက်ရတာမဟုတ်တဲ့ အလုပ်လက်မဲ့တွေကို ယာယီငွေကြေးအထောက်အပံ့တွေပေးပါတယ်။


ဒီအကျိုးကိုခံစားခွင့်ရဖို့ ဒီလင့်ကနေ လျှောက်နိုင်ပါတယ်။


Unemployment Insurance ရဲ့ အားသာချက်များ

  • အလုပ်အသစ်မရမချင်း (သို့မဟုတ်) အလုပ်ပြန်ခန့်ခံရရင်တော့ Partial wages ရပါတယ်။

  • ပိုကောင်းတဲ့ အခွင့်အရေး (သို့မဟုတ်) အလုပ်အသစ်ကို ရှာဖို့ အချိန်ရပါတယ်။

  • အသက်မွေးဝမ်းကြောင်းလမ်းအသစ်အတွက် ပညာရေးလေ့လာတာ သို့မဟုတ် သင်တန်းတွေ တက်လို့ရပါတယ်။


Unemployment Insurance ရဲ့ အားနည်းချက်များ

  • အလုပ်လုပ်တဲ့အချိန်ထက် ရတဲ့ဝင်ငွေက နည်းပါတယ်။

  • ၂၆ပတ်အတွက်ပဲ ပုံမှန် အကျိုးကျေးဇူးရပါတယ်။

  • အလုပ်ရှင်ကပေးတဲ့ ကျန်းမာရေးအကျိုးခံစားခွင့်တွေမရခြင်း

  • ဝင်ငွေခွန်ပေါ်မူတည်ပြီး Unemployment benefits များကွာခြင်း


Temporary Assistance for Needy Families (TANF)


အထောက်အပံ့လိုအပ်နေတဲ့ မိသားစုတွေအတွက် ယာယီထောက်ပံ့ပေးမှု TANF ကလည်း နောက်ထပ် ဖက်ဒရယ်အစိုးရရဲ့ ပံ့ပိုးပေးတဲ့အစီစဉ်တစ်ခုဖြစ်ပါတယ်။ အစီအစဉ်သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေအတွက် အစားအသောက်၊ အိမ်ယာ၊ စွမ်းအင်၊ ကလေးဂရုစိုက်မှုနဲ့ အလုပ်လေ့ကျင့်ပေးခြင်းတို့ကိုရမှာပါ။


ပြည်နယ်တစ်ခုစီဟာ သူတို့ရဲ့ TANF program တွေကို ပြုလုပ်လေ့ရှိပြီး မတူညီတဲ့ သတ်မှတ်ချက်တွေရှိပါတယ်။ လျှောက်မယ့်သူတွေဟာ local county social services agency တွေကနေ တဆင့်လျှောက်နိုင်သလို သူတို့ ပြည်နယ် TANF Office တွေကိုလည်း ဆက်သွယ်ပြီး အကျိုးခံစားခွင့်ကို လျှောက်ထားနိုင်ပါတယ်။ TANF ရလို့ဆိုပြီး အခြား အစိုးရခံစားခွင့်တွေကို မပိတ်ပါဘူး။


TANF ရဲ့ အားသာချက်

  • မိသားစုတွေအတွက် လိုအပ်တဲ့ အထောက်အပံ့တွေပေးပါတယ်။

  • ကလေးတွေအတွက် သီးသန့်အကူအညီတွေပါဝင်ပါတယ်။

  • အလုပ်ရနေလည်း ဝင်ငွေအပိုခံစားရနိုင်ပါတယ်။

  • အလုပ်သင်တန်းတွေပေးပြီး ဝင်ငွေရနိုင်အောင် လေ့ကျင့်ပေးပါတယ်။


TANF ရဲ့ အားနည်းချက်

  • ခံစားခွင့်ရဖို့ သတ်မှတ်ထားတဲ့ ဝင်ငွေ level ဟာ နိမ့်ပါးနိုင်ခြင်း

  • လူတွေအမြင်အရ အထောက်အပံ့ယူတယ်ဆိုတာ အမြင် တစ်မျိုးဖြစ်နိုင်ပါတယ်။

  • မတူညီတဲ့ ပြည်နယ်လိုက် ခံစားခွင့်တွေကွာနိုင်ခြင်း

  • အလုပ်ရှာခြင်းကို အားမပေးတာမျိုးဖြစ်နိုင်ခြင်း



Social Security Disability Insurance (SSI) Benefits

Social Security Disability Insurance အကျိုးကျေးဇူးများဟာ ဆေးရုံတတ်ရပြီး အလုပ်ကနေ တစ်နှစ်လောက် နားနေရတဲ့ သူတွေနဲ့ အဲ့ဒီလို မတော်တဆမှုကြောင့် သေလုနီးပါးဖြစ်သွားသူတွေကို ထောက်ပံ့ပေးတာဖြစ်ပါတယ်။


ဒီခံစားခွင့်ကိုရဖို့အတွက်

  • Social Security ပေးခံရတဲ့ အလုပ်ကိုလုပ်ဖူးခြင်း

  • Social Security ရဲ့ မသန်စွမ်း သတ်မှတ်ခြင်းနဲ့ ပြည့်မီခြင်း

  • ဒီခံစားခွင့်ကိုရနိုင်လောက်အောင် အလုပ်ကြာရှည်စွာလုပ်ဖူးသူဖြစ်ရပါမယ်။


SSDI ရဲ့ အားသာချက်

  • လစဉ် ဝင်ငွေရခြင်း

  • SSDI အကျိုးကျေးဇူးခံစားခွင့်ရချိန်မှာ Social Seurity earnings record ကို ရပ်ထားခြင်း

  • အခွန်လွတ်တဲ့ ဝင်ငွေရနိုင်ခြင်း

  • Rehab ကိုထောက်ပံ့ပြီး back-to-work incentives ထောက်ပံ့ပေးခြင်း



SSDI ရဲ့ အားနည်းချက်

  • အကျိုးခံစားခွင့်လျှောက်ဖို့အတွက် လိုအပ်ချက်များ

  • SSDI ရဖို့အတွက် လျှောက်ရတာ ကြာနိုင်ခြင်း

  • အမြဲတမ်းခံစားခွင့်အတွက် စစ်ဆေးခံရပြီး ကျန်းမာရေးကောင်းလာမှုအပေါ်မူတည်ခြင်း

  • Mediaid သို့မဟုတ် SSI ခံစားခွင့်များ ဆုံးရှုံးနိုင်ခြင်း





137 views0 comments

Comentarios


bottom of page