top of page

EB 5 Visa ဆိုတာဘာလဲ?

ပိုက်ဆံရှိပြီး ဆင်းဆင်းရဲရဲနေရတာပိုဆိုးပါတယ်။ 

ကိုယ်က ပိုက်ဆံလည်းရှိရဲ့သားနဲ့ ဒီငွေတွေကို သေချာရင်းနှီးမြှုပ်နှံပြီး လူအများတန်းတူ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နေလို့မရဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်အခြေအနေကို ပြန်ပြီး သုံးသပ်သင့်ပါတယ်။ တစ်ခါတစ်လေ အဖြေက နီးနီးလေးမှာ ရှိနေပြီး ကိုယ်က မသိလိုက် မသိဘာသာနဲ့ နေမိလို့သာ ပိုက်ဆံရှိပြီး ပင်ပန်းဆင်းရဲနေရတာပါ။ ကိုယ်တင်မကဘဲ ကိုယ့်ရဲ့ မျိုးဆက်အနာဂတ်အတွက်ကိုပါ ရေရှည်တွေးနေမိပြီဆိုရင်တော့ လူသိနည်းနေတဲ့ အမေရိကန်နိုင်ငံရဲ့ EB 5 Visa နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 


EB 5 Visa အကြောင်း

EB-5 Immigrant Investor Visa Program ကို ၁၉၉၀ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ဒါဟာ နိုင်ငံခြားကနေ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံလိုတဲ့သူတွေအတွက် Green Card ပေးကာ ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ပြီး အနည်းဆုံး အမေရိကန် နိုင်ငံသားတွေနဲ့ အလုပ်လုပ်ခွင့်ရှိတဲ့ ပြောင်းရွှေ့သူတွေအတွက် အချိန်ပြည့် အလုပ်အကိုင် ဖန်တီးပေးရပါတယ်။ ဒီ Program က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကနေတဆင့် U.S. ရဲ့ စီးပွားရေးစနစ်ကို ပိုအားကောင်းအောင်လုပ်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးထားတာပါ။ 





EB-5 Green Card ကိုင်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ? 

အားလုံးရဲ့ အိမ်မက်မြေလို့ တင်စားကြတဲ့ U.S.မှာ အခြေချဖို့ အမြန်ဆုံးနဲ့ တရားဝင်နည်းလမ်းကတော့ EB-5 Visa ပါပဲ။ ရင်းနှီးမြှုပ်နှံသူရဲ့ ဇနီးမယား၊ လက်မထပ်ရသေးတဲ့ အသက်၂၁နှစ်အောက် ကလေးတွေပါ U.S. Green Card ကို ရပြီး နိုင်ငံသားဖြစ်ခွင့်ရတဲ့ Visa မို့ အရမ်းအကျိုးကျေးဇူးများပါတယ်။


ကိုယ့်ကလေးတွေအတွက် အကောင်းဆုံး ပညာရေးကို တက်ရောက်ခွင့်ရစေတာကလည်း EB-5 Visa ရဲ့ အကျိုးကျေးဇူးပါ။ ရင်းနှီးမြှုပ်နှံသူရဲ့ သားသမီးတွေဟာ U.S. Public Schools တွေကို အခမဲ့တက်နိုင်ပြီး ကမ္ဘာ့အဆင့်မီ ၁၂တန်းပညာရေးစနစ်ကို သင်ယူရမှာပါ။


ကိုယ်က Green Card ရထားတာမို့ ဒေသခံအနေနဲ့ ကျောင်းတွေကို လျှောက်နိုင်တဲ့အပြင် ကျောင်းတွေ၊ ကောလိပ်တွေကလည်း အစိုးရစရိတ်နဲ့တက်ရတာမျိုးများတော့ ကလေး ပညာရေးအတွက် ပူစရာမလိုတော့ပါဘူး။


U.S. ဟာ ကြိုးစားရင် ကြိုးစားသလောက် ပေါက်မြောက် အောင်မြင်ဖို့ လမ်းများတာကြောင့် ဒီ EB-5 Visa က သင့်အတွက်တင်မကဘဲ သင့်မိသားစုတစ်ခုလုံးရဲ့ အနာဂတ်အတွက်ပါ ကောင်းမွန်စေမယ့် Visa ဆိုတာ အသေအချာပါပဲ။


ဒါဆို ဘယ်လိုလူတွေက EB-5 Visa ကိုလျှောက်လို့ရမလဲ?

ငွေဘယ်လောက်ရင်းနှီးမြှုပ်နှံဖို့လိုလဲ?


EB-5 Visa ကိုရဖို့အတွက် အရေးအကြီးဆုံးကတော့ သင့်တော်တဲ့ Project တွေမှာ ရင်းနှီးမြှုပ်နှံတာပါပဲ။ ဒီ EB-5 Visa ကို ရချင်တယ်ဆိုရင်တော့ ရွေးချယ်စရာ (၂)မျိုးရှိပြီး


နံပါတ်တစ်ကတော့ Direct EB-5 Investmentပါ။ 

Direct EB-5 investmentsဟာ အသစ်ဖွင့်မယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတဲ့သဘောဖြစ်ပြီး  new commercial enterprise (NCE) လို့ခေါ်တဲ့ လုပ်ငန်းတွေကို ရွေးရတာပါ။ ဒါပေမယ့် အနည်းစုသောလူတွေကသာ အဲ့ဒီ Direct Investment ကို ရွေးကြပါတယ်။ 


Direct investment projects တွေဟာ Active Management Role ကို ယူချင်တဲ့သူ တစ်နည်းအားဖြင့် လုပ်ငန်းမှာဝင်ပြီး ကြီးကြပ်ချင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကပဲ ရွေးချယ်ကြတဲ့ Project တွေဖြစ်ပါတယ်။ NCE Direct EB-5 projects တွေမှာ EB-5 ရင်းနှီးမြှုပ်နှံသူ တစ်ဦးပဲ လက်ခံလို့ရလို့ပါ။ 


Direct Investment  ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ U.S. က ကုမ္ပဏီတစ်ခုခုမှာ (သို့မဟုတ်) ကိုယ်ပိုင်ထောင်မယ့် ကုမ္ပဏီတစ်ခုမှာ အနည်းဆုံး $1,050,000 ကနေစပြီး ရင်းနှီးမြှုပ်နှံရမှာပါ။


Regional Center EB-5 Investment


နောက်ထပ်တစ်မျိုးကတော့ Regional Center EB-5 Investment ဖြစ်ပြီး ဒါကတော့ ရွှေ့ပြောင်းလာတဲ့ ရင်းနှီးမြှုပ်နှံသူအချင်းချင်းစုပြီး ပိုကြီးတဲ့ Project တွေမှာ USCIS ရဲ့ ခွင့်ပြုချက်ရထားတဲ့ Regional Center တွေကနေတဆင့် ရင်းနှီးမြှုပ်နှံတာပါ။  အရိုးရှင်းဆုံးပြောရရင်တော့ ဒါက EB-5 regional center’s investment fund မှာ Equity Stakes ဝယ်တာဖြစ်ပါတယ်။


ဒီ fund တွေကို သုံးပြီး ရှယ်ယာတွေ ဝယ်ကာ အလုပ်အကိုင်ဖန်တီးပေးနိုင်တဲ့ လုပ်ငန်းတွေထူထောင်တာမျိုး ပြုလုပ်တာပါ။ Retional Center တွေကနေတဆင့် Targeted Employment Area (TEA) လို့ခေါ်တဲ့ ကျေးလက်ဒေသတွေ၊ အလုပ်လက်မဲ့များတဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ $800,000 အနည်းဆုံးက စပြီး ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။


Direct Investment လို့ပြောကြတဲ့ အပေါ်က ရှင်းပြခဲ့တဲ့ TEA မဟုတ်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ U.S. က ကုမ္ပဏီတစ်ခုခုမှာ (သို့မဟုတ်) ကိုယ်ပိုင်ထောင်မယ့် ကုမ္ပဏီတစ်ခုမှာ အနည်းဆုံး $1,050,000 ကနေစပြီး ရင်းနှီးမြှုပ်နှံရမှာပါ။ 


USCIS ရဲ့ လေ့လာချက်အရ အောင်မြင်တဲ့ EB-5 Visa ရင်းနှီးမြှုပ်နှံသူတွေရဲ့  94%ဟာ Regional Center Investorsတွေဖြစ်ပါတယ်။ ဒါဟာလည်း Regional Center Program တွေက Direct Investment ထပ်ပိုပြီး အားသာချက်တွေရှိနေခဲ့လို့ပါ။ 


Regional center investors တွေအနေနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းနဲ့ဖြစ်စေ ရတဲ့ အလုပ်တွေကို အနည်းဆုံးအလုပ်ကိုင်ဖန်တီးရမယ့် လိုအပ်ချက် (လူ ၁၀ဦးစာ) အတွက် ထည့်သွင်းလို့ရပါတယ်

ဒီလိုမျိုး အလုပ်ဖန်တီးမှုအတွက် လှုပ်သာလှည့်သာရှိတဲ့ အချက်တွေကြောင့် EB-5 Investors တွေဟာ Regional Center လမ်းကြောင်းဘက် လိုက်ကြတာများပါတယ်။



ဘယ်ရင်းနှီးမြှုပ်နှံမှု Option ကိုပဲ ရွေးရွေး အနည်းဆုံး လူ(၁၀)ယောက်အတွက် အချိန်ပြည့်အလုပ်အကိုင် (၁၀)ခုအထိ ဖန်တီးပေးရမှာပါ။ နောက်ပြီး ရင်းနှီးမြှုပ်နှံမယ့်ငွေတွေက တရားဝင်ငွေ (ငွေဖြူ)ဖြစ်ရပါမယ်။ လျှောက်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုကို USCIS က ခွင့်ပြုချက်ရဖို့လိုပါတယ်။ 


EB-5 Visa ကို ဘယ်လိုလျှောက်မလဲ?


ဒီ EB-5 Visa ကို လျှောက်မယ်ဆိုရင် အရင်ဆုံး

၁) I-526 Form ကို တင်ရပါမယ်။ ရင်းနှီးမြှုပ်နှံသူအနေနဲ့ ဒီ Form မှာ လိုအပ်ချက်တွေနဲ့ ကိုက်ညီကြောင်းအပြင် လိုအပ်တဲ့ ငွေပမာဏကိုလည်း ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖြည့်ရမှာပါ။ 


၂) Form I-526 က ခွင့်ပြုချက်ရပြီဆိုတာနဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ သူ့မိသားစုဝင်တွေ (ဇနီးမယား၊ လက်မထပ်ရသေးသော အသက် ၂၁နှစ်အောက် ကလေးတွေ)ဟာ Conditional Permanent Residence အဖြစ်ကို Form I-485ဖြည့်ပြီး (သို့မဟုတ်) သံရုံးမှာ လျှောက်ထားခွင့်ရမှာပါ။ Conditional Permanent Residence Green Card က ၂နှစ်သက်တမ်းရှိပြီး နိုင်ငံအတွင်းကနေ တစ်နှစ်ကျော်အထိ ပျောက်နေလို့မရပါဘူး။ တစ်နှစ်ကျော်လောက် U.S. ထဲမှာ မရှိတာနဲ့ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးသွားမှာပါ။ 


၃) သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေဟာ Conditional Permanent Residence Green Card ကို ရပြီး ရက် ၉၀ကာလအတွင်းမှာ ရင်းနှီးမြှုပ်နှံသူဟာ Form I-892 ကိုဖြည့်ပြီး Conditions ဆိုတာကို ဖယ်ရှားကာ Permanent Residence Status ကို ရနိုင်ပါတယ်။ ဒီ Form မှာတော့ ရင်းနှီးမြှုပ်နှံသူဟာ ငွေတွေကို သေချာရင်းနှီးမြှုပ်နှံနိုင်တဲ့အပြင် အလုပ်အကိုင်ဖန်တီးမှုကလည်း သတ်မှတ်ချက်နဲ့ ကိုက်ညီကြောင်း ဖော်ပြနိုင်ရမှာပါ။ Permanent Residency Green Card ကတော့ ၁၀နှစ်အထိ နေထိုင်ခွင့်ရှိပါတယ်။


အခုနောက်ပိုင်းမှာ EB-5 Visa ကို လျှောက်ထားမှုများလာတဲ့အတွက် ခွင့်ပြုချက်ရဖို့ စစ်ဆေးတဲ့ ကြာချိန်က လပိုင်းကနေ နှစ်နဲ့ချီတဲ့အထိဖြစ်နိုင်ပါတယ်။ တစ်ချို့ကလည်း (၁၃)လလောက်အထိကြာနိုင်တယ်ဆိုပါတယ်။


အခုလောက်ဆိုရင်တော့ U.S. ကို အမြန်ဆုံးနဲ့ အမှန်ဆုံး ပို့ပေးနိုင်မယ့် EB-5 Visa အကြောင်းကို တော်တော်လေး သိသွားလောက်ပြီထင်ပါတယ်။ ကျွန်မကတော့ လူသိနည်းတဲ့ EB-5 Visa အကြောင်း သိထားသလောက် မျှဝေပေးပြီးပြီဆိုတော့ ကိုယ့်အနာဂတ်နဲ့ ကိုယ့် မိသားစုအနာဂတ်တွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ကတော့ သင့်တာဝန်ဖြစ်သွားပါပြီ။


3,510 views0 comments

Comments


bottom of page