top of page

DSCR Loan ဆိုတာဘာလဲ


DSCR ( Debt Service Coverage Ratio) Loan ဆိုတာဟာ Real estate investor တွေက သူတို့ပိုင်ဆိုင်တဲ့ အိမ်အငှား properties တွေအတွက် mortgage ငွေချေးယူနိုင်တဲ့ loan အမျိုးအစားတစ်ခုပါ။ Loan provider တွေက ငွေချေးသူရဲ့အိမ်အငှား income ဘယ်လောက်ဝင်နိုင်မယ်ဆိုတာနှင့် debt payments တွေဘယ်လောက်ပေးရမယ်ဆိုတာကိုနိူင်းယှဉ်ကြည့်ပြီး Loan ထုတ်ပေးပါတယ်။


DSCR Loans တွေက ဘယ်သူတွေအတွက်လဲ ?

Real estate investor တွေအနေနနှင့် ကိုယ့်အတွက် ဝင်ငွေတွေပေးနေတဲ့ Properties တွေကို financing လုပ်ချင်လာပြီဆိုရင် DSCR Loan ကိုရွေးချယ်ဖို့အထူးသင့်တော်ပါတယ်။ Apartment Building တွေ၊ commercial spaces တွေ၊ Rental Homes တွေအတွက် အများဆုံးအသုံးပြုကြတဲ့ Loan အမျိုးအစားတစ်ခုဖြစ်ပါတယ်။


DSCR Loan ရဲ့ အကျိုးကျေးဇူးတွေ

1. Easy Qualification : ကိုယ့်ရဲ့ personal income နှင့်မဆိုင်ပဲ ကိုယ့်propertyရဲ့ income ကိုပဲကြည့်ပြီးပေးတဲ့ချေးငွေဖြစ်လို့ ရရှိနိုင်ဖို့လွယ်ကူပါတယ်။


2.Grow Your Portfolio: ကိုယ့် property တစ်ခုရဲ့ DSCR Loan နှင့် အခြား property တွေဝယ်ယူပြီး mortgage loan တွေပေးနိုင်တာကြောင့် ကိုယ့်ရဲ့ personal income ထိခိုက်မှု့မရှိပဲ properties အသစ်တွေဝယ်ယူနိုင်ပါတယ်။


3.Flexible Terms : DSCR Loans တွေရဲ့ terms, condition နှင့် repayment options တွေက အခြားသော Loan programs တွေထက်အများကြီး flexible ဖြစ်တာကြောင့် ကိုယ့်ရဲ့ investment plan အတိုင်းအကောင်းဆုံးဖြစ်တဲ့ Loan planတွေကိုရရှိနိုင်ဖို့ ပိုမိုလွယ်ကူပါတယ်။


DSCR Loan ရရှိနိုင်ဖို့ requirements များ

1. Minimum DSCR : ကိုယ့် property ရဲ့ လစဉ် income က လစဉ်ပေးရမယ့်ချေးငွေ payment တွေနဲ့ တူရင်တူ မတူရင် ပိုများဖို့ လိုပါတယ်။


2. Good Credit: ကိုယ့်ရဲ့ credit score မြင့်နေရင် ပိုကောင်းတဲ့ Loan Terms တွေ ရရှိနိုင်ပါတယ်။


3. Reserves :  မတော်တဆ ကိုယ့် Property income က ရုတ်တရက်ထိုးကျသွားတဲ့အချိန်မျိုးမှာ Loan repayment တွေဆက်ပေး‌နေနိုင်ဖို့အတွက် Lenders တွေဆီကို Extra Funds တွေရှိကြောင်း သက်သေ ပြရပါတယ်။


ဒါတွေကတော့ DSCR Loans program တွေအကြောင်းနှင့် ဘယ်လိုအခြေအနေမျိုးမှာအသုံးပြုသင့်တယ်ဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ဒီလို Loans တွေကိုရယူဖို့စိတ်ဝင်စားတယ်ဆိုရင် ကျွန်မနှင့်ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။


66 views0 comments

Comments


bottom of page