top of page

Closing Costs: ဘယ်သူကဘာအတွက်ပေးရလဲ? 

အိမ်တစ်လုံးဝယ်တယ်ဆိုတာ တကယ်တမ်းတော့ ပြင်းထန်တဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အဲ့တာတွေထဲကမှ အကြီးမားဆုံး ရင်ဆိုင်မှုတစ်ခုကတော့ နောက်ဆုံး အိမ်အတွက် closing process ပါ။ အိမ်ရဲ့သော့ကို မရခင်မှာ title searches ကနေ စစ်ဆေးရေး တွေ appraisals တွေထိ အများကြီးလုပ်ဖို့လိုပါတယ်။


အဲ့တော့ closing costs ကိုဘယ်သူပေးတာလဲ? buyer လား? seller လား? အဖြေကတော့ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလို့ရပါတယ်။ ဒါပေမယ့် ပုံမှန်တော့ buyer ရော seller ရောနှစ်ဖက်လုံးက တစ်ချို့ closing costs ကိုပေးကြပါတယ်။ အဲ့တော့ ဘယ်သူက ဘယ်အပိုင်းကိုပေးပြီးတော့ ကိုယ်ပေးရတဲ့စရိတ်ကို နည်းနိုင်သလောက်နည်းအောင် ဘယ်လိုလုပ်လို့ရတယ်ဆိုတဲ့ tips လေးတွေကိုပြောပြသွားပါမယ်။


Closing Costs ဘယ်လောက်ကျလဲ။


Buyer အတွက် closing cost ကတော့ purchase price ရဲ့ 3%-6% ကြားရှိပါတယ်။ အဲ့တော့ အိမ်တန်ဖိုးက $300,000 ဆိုရင် $9,000-$18,000 ကြား closing cost ကျမှာပါ။


ပုံမှန်တော့ အိမ်ခြံမြေအကျိုးဆောင်ကို ပေးရတဲ့ commission ကို seller ကပေးတာများပါတယ်။ Commission က purchase price ရဲ့ 5%-6% ကြားရှိပါတယ်။ Seller အနေနဲ့ပေးရမယ့် တခြား miscellaneous cost တွေလည်းရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ cost တွေက ပုံသေမဟုတ်တဲ့အတွက် ညှိနှိုင်းလို့ရပါတယ်။


Closing Costs ကို Buyer ပေးတာလား? Seller ပေးတာလား? 


ပုံမှန်တော့ နှစ်ဖက်စလုံးပေးရပါတယ်။ မတူတဲ့ cost တွေကို တစ်ယောက်တစ်မျိုး ခွဲပေးရပါတယ်။ 


Typical Buyer Closing Costs


အောက်မှာဖော်ပြထားတာတွေကတော့ buyer တွေပေးလေ့ပေးထရှိတဲ့ closing costs အချို့ပါ။


Lender fees: ဒါကတော့ lend ထုတ်တဲ့အချိန်မှာ credit report တွေ underwriting process တွေအတွက်သွင်းရတဲ့ fee ပါ။


Appraisal Fee: ကိုယ်ဝယ်မယ့် property ရဲ့ ဈေးကွက်ပေါက်ဈေးသိအောင် စစ်ဆေးတဲ့အခါပေးရတဲ့ fee ပါ။


Title Search: ကိုယ်ဝယ်မယ့် property မှာ တခြား claims ရှိမရှိစစ်ဆေးပါတယ်။


Home Inspection: အိမ်နဲ့ပတ်သက်ပြီး လက်ရှိဒါမှမဟုတ်နောက်ပိုင်းမှာ ဖြစ်လာနိုင်မယ့် ပြင်ဆင်စရာတွေ ပြသာနာတွေကို စစ်ဆေးတာပါ။ ပြီးရင် buyer က seller ကို ပြင်ပေးဖို့ပြောလို့ရပါတယ်။


Discount Points: ဒါကတော့ mortgage rate ကိုလျော့နည်းစေမယ့် prepaid interest ပါ။ 1 point က total mortgage ရဲ့ 1% နဲ့ညီပြီးတော့ ပုံမှန်အားဖြင့် mortgage rate ရဲ့ 0.25% လောက်ကို လျှော့ချနိုင်ပါတယ်။ ဥပမာပြောရရင် $200,000 mortgage cost မှာ 1 points က $2,000 နဲ့ညီပါတယ်။


Typical Seller Closing Costs


အောက်မှာဖော်ပြထားတာတွေကတော့ seller တွေပေးလေ့ပေးထရှိတဲ့ closing costs အချို့ပါ။


Real estate agent commission: များသောအားဖြင့်တော့ seller က listing agent ရော buyer’s agent အတွက် commission ကိုရော ပေးပါတယ်။ ဒါက ရောင်းဈေးရဲ့ 5%-6% လောက်ကျပါတယ်။


Title Insurance: Title ရှိကြောင်း အာမခံဖို့ ပေးရတဲ့ one-time fee ပါ။


Recording fees and transfer taxes: ဒါကတော့ ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့အခါ အချက်အလက်ပြောင်းဖို့အတွက် အစိုးရကို ပေးရတဲ့ fee ပါ။ ဘယ်သူကို ဘယ်လောက်ပေးရမလဲဆိုတာက state ပေါ်မူတည်ပါတယ်။


Closing Costs ကိုညှိနှိုင်းမယ်။


ကိုယ်ဝယ်တဲ့ ဈေးကွက်ပေါ်မူတည်ပြီး seller က တစ်ချို့ closing cost ကို ပေးပေးပါလိမ့်မယ်။ Deal ကိုမြန်မြန်နဲ့ အပြီးသတ်ဖို့ဆိုရင် ဒီလိုလုပ်တာက နှစ်ဖက်စလုံးအတွက် win-win situationပါ။ ဒါကို  seller concessions လို့ခေါ်ပြီး အိမ်ဝယ်တဲ့အခါ ခဏခဏတွေ့ရပါတယ်။ 


ဒါပေမယ့် နှစ်ဖက်လုံးစောင့်ကြည့်ရမယ့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေလည်းရှိပါတယ်။ Seller concessions က purchase price ဈေးညှိတာကိုလည်း အနည်းငယ် အကျိုးသက်ရောက်နိုင်ပါတယ်။ ဈေးညှိတဲ့ပေါ်မူတည်ပြီး seller အနေနဲ့ ရှုံးနိုင်ပြီးတော့ buyer ကလည်း mortgage payments ပိုများသွားနိုင်ပါတယ်။


Tips for Saving Money on Closing Costs


Closing costs တစ်ချို့ကတော့ ညှိနှိုင်းဖို့ မလွယ်ပေမယ့် ပိုက်ဆံနည်းနည်းလျော့နိုင်မယ့် နည်းတွေတော့ရှိပါသေးတယ်။


Shop Lenders: Lenders တစ်ယောက်နဲ့တစ်ယောက် closing fee ယူတာမတူပါဘူး။ Closing cost ကိုလျော့ချအောင် Fee ရော interest rate ရော နည်းနည်းနဲ့ပေးတဲ့ lender ကိုရှာပါ။ 


Lender credits မေးပါ: Lenders ကတစ်ချို့ closing costs တွေပေးဖို့ သဘောတူပေမယ့် interest rate ပိုတောင်းပါလိမ့်မယ်။ အဲ့တော့ လက်ရှိမှာ closing cost နည်းနည်းပဲပေးရပေမယ့် ကြာလာရင် ပိုပေးရပါတော့မယ်။


Services ဆိုင်တွေကိုယှဉ်ကြည့်ပါ: Closing process ဖြစ်တဲ့Home Appraisals, Home inspection လို service အတွက်ဆိုရင် မတူတဲ့ဆိုင်တွေလိုက်ရှာကြည့်ပါ​။


Seller နဲ့ညှိကြည့်ပါ: သင့်မှာ Seller ကိုclosing cost ပေးခိုင်းခွင့်ရှိပါတယ်။ ဒါပေမယ့် သတိတော့ထားပါ။ Offer price ပိုပေးလိုက်မယ်ဆိုရင်လည်း mortgage ပိုပေးရပါလိမ့်မယ်။


Closing ကနောက်ဆုံးပိတ်မျဉ်းပါ။


သတင်းကောင်းကတော့ closing process ပြီးတာနဲ့ အိမ်တစ်လုံးပိုင်ဆိုင်ပါပြီ။ Renovations တန်းလုပ်ဖို့မရှိရင်တော့ ထက်ကျော်ဖြတ်စရာ တောင်မရှိတော့ပါဘူး။










20 views0 comments

Comments


bottom of page