top of page

529 College Saving Plan ဆိုတာ ဘာလဲ? | What is a 529 College Saving Plan?

ကိုယ့်မှာ သားသမီးတွေ ရှိပြီး သူတို့ရဲ့ ပညာရေးအတွက် College တက်တဲ့အခါ ပေးရမဲ့ ကုန်ကျစရိတ်တွေကို ကလေးတွေငယ်စဉ်ကတည်းက စပြီးစုထားပေးချင်တယ်ဆိုရင် အခု Blog လေးကို အဆုံးထိဖတ်ပြီး ဘယ်လိုစုငွေကို စုရမလဲဆိုတာလေ့လာနိုင်ပါတယ်။ တကယ်လို့ စာဖတ်ရတာ မနှစ်သက်ဘူးဆိုရင်လည်း Video လေးကို ကြည့်နိုင်ပါတယ်။



529 plan ဆိုတာ ဘာလဲ?

529 plan ဆိုတာ ဘာလဲ?
529 plan ဆိုတာ ဘာလဲ?

529 plan ဆိုတာ အခွန်ကင်းလွတ်တဲ့ စုငွေ plan ဖြစ်ပြီး ကျောင်းသားတွေရဲ့ အနာဂတ်ပညာရေးဆိုင်ရာကုန်ကျစရိတ်တို့အတွက် မိဘ ဘိုးဘွားတွေက ကြိုတင် စုဆောင်းပေးတဲ့ plan ဖြစ်ပါတယ်။ သူတို့ကို “qualified tuition plans” လို့လည်းတရားဝင်ခေါ်ပါတယ်။ ပြည်နယ်တွေ၊ အစိုးရဌာနတွေ၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေက ထောက်ပံ့ပေးထားပြီး Internal Revenue Code ရဲ့ Section 529 ဖြင့် တရားဝင်ခွင့်ပြုထား လို့ 529 plan လို့ ခေါ်တာပါ။


529 Plan နှစ်မျိုးအကြောင်း

529 Plan နှစ်မျိုးအကြောင်း
529 Plan နှစ်မျိုးအကြောင်း

529 plan ပုံစံနှစ်မျိုးရှိပါတယ်။

  1. Prepaid tuition plan နဲ့

  2. Education savings plan တို့ဖြစ်ပါတယ်။

သူ့ကို State government တွေက sponsor လုပ်ပေးထားတာဖြစ်ပြီး US ကပြည်နယ် (၅၀) ပြည်နယ်လုံးနဲ့ District of Columbia က အနည်းဆုံး 529 plan ပုံစံတစ်မျိုးကို ထောက်ပံ့ပေးလေ့ရှိပါတယ်။

Private college တွေနဲ့ university တွေကလည်း prepaid tuition plan အတွက် ထောက်ပံ့ပေးပါတယ်။


Prepaid tuition plan နဲ့ Education savings plan နှစ်ခုရဲ့ ကွာခြားချက်များ


Prepaid tuition plan


Prepaid tuition plan
Prepaid tuition plan

Prepaid tuition plan က ငွေစုသူ (သို့) account ပိုင်ရှင်ကို ဒီ plan ကို အသုံးပြုလို့ရနိုင်တဲ့ college နဲ့ university တွေမှာပေးဆောင်ရမယ့် အနာဂတ်ကျောင်းလခနဲ့ မပေးမဖြစ်ပေးဆောင်ရမယ့် ကုန်ကျစရိတ်တွေကို အကျိုးခံစားခွင့်ရှိသူကျောင်းသားအတွက် လက်ရှိစျေးနှုန်းနဲ့ ဝယ်ယူခွင့်ပေးထားတာဖြစ်ပါတယ်။


ဒီ plan တွေဖြင့် college နဲ့ university တွေမှာ နောင်လာမယ့် အခန်းခ၊ စားသောက်စရိတ်တို့ကို များသောအားဖြင့် ပေးဆောင်ခွင့်မရှိသလို elementary, secondary school တို့ရဲ့ tuition အတွက်လည်း ကြိုတင်ပေး‌ဆောင်ခွင့်မရှိပါဘူး။


Prepaid tuition plan အများစုကို state government များက ထောက်ပံ့ပေးလေ့ရှိပြီး စုဆောင်းသူ (သို့) အကျိုးခံစားမည့်သူအတွက် နေထိုင်တဲ့ State တွေမှာ account ဖွင့်ဖို့အတွက် ခွင့်ပြုထားတယ်။

Prepaid plan တွေကို federal government ကနေ အာမံခံထားခြင်းမရှိပါ။


State government တစ်ချို့က သူတို့ထောက်ပံ့ပေးတဲ့ prepaid tuition plan အတွက်ပေးဆောင်ထားတဲ့ငွေတို့ကို အာမံခံချက်ပေးပင်မယ့် တစ်ချို့ကတော့ မပေးပါဘူး။ အကယ်၍ အာမခံချက်မရှိတဲ့ Prepaid tuition payment မှာစုထားခဲ့တယ်ဆိုရင် တချိန် plan ကို Sponsorပေးတဲ့ အဖွဲ့ အစည်းက ငွေကြေးကျပ်တည်းသွားတဲ့အခါ စုထားတဲ့ သူရဲ့ငွေတစ်ချို့တစ်ဝက် (သို့) အကုန်လုံးဆုံးရှုံးနိုင်ပါတယ်။


အကျိုးခံစားမည့်သူ က ကြိုတင်သတ်မှတ်ထားတဲ့ participating college (သို့) university ကို မတက်ရောက်နိုင်ပါက တခါတရံမှာ ကြိုတင်ပေးထားတဲ့ ငွေကိုဆုံးရှုံးတတ်ပြီး တချို့ plan တွေမှာဆိုရင်

နဂိုမူလ စုထားတဲ့ investment ထက် နည်းနည်းလေးပဲ ပိုတဲ့အမြတ်အစွန်းကိုပဲ ပြန်လည်ရရှိမှာဖြစ်ပါတယ်။


Educational savings plan


Educational savings plan
Educational savings plan

Educational savings plan ကတော့ မိမိကလေးရဲ့အနာဂတ်မှာကုန်ကျနိုင်တဲ့ qualified higher education ကုန်ကျစရိတ်တွေဖြစ်တဲ့ tuition, မပေးမဖြစ်ပေးဆောင်ရမယ့် အဖိုးအခတွေ..အခန်းခ၊ စားသောက်စရိတ်တို့အတွက် စုဆောင်းစေနိုင်ဖို့ investment account ကို ဖွင့်ခွင့်ပေးထားခြင်းဖြစ်ပါတယ်။


Education savings plan account တွေကနေ ငွေပြန်လည်ထုတ်ယူခြင်းက မည်သည့် college (သို့) university မဆို (တစ်ခါတစ်ရံ non-U.S. college နဲ့ university တို့) မှာ ယေဘုယျအားဖြင့် အသုံးပြုလို့ရပါတယ်။


Education savings plan တို့က မည်သည့် public, private (သို့) ဘာသာရေးဆိုင်ရာ elementary (သို့) secondary school တို့မှာ တက်ရောက်မည့်ကျောင်းသားတစ်ဦးအတွက် တစ်နှစ်ကို $10,000 အထိ tuition fees ပေးဆောင်နိုင်ပါတယ်။


စုဆောင်းသူအနေနဲ့ အမျိုးစုံတဲ့ investment portfolio option တွေထဲမှ ရွေးချယ်နိုင်ပြီး အဆိုပါ option တွေကတော့ အမျိုးစုံလင်တဲ့ mutual fund, exchange-traded fund (ETF) portfolios နဲ့ principal-protected bank product တို့ဖြစ်ပါတယ်။


ဒီလိုရင်းနှီးမြှုပ်နှံမှုတွေထဲမှာ static fund portfolio နဲ့ age-based portfolio (တစ်ခါတစ်ရံ target-date portfolio လို့ခေါ်) တို့လည်းပါဝင်ပါတယ်။


ယေဘုယျအားဖြင့် age-based portfolio တို့က အကျိုးဆက်ခံသူက college တက်တဲ့အသက်အရွယ်ကိုနီးလာတာနဲ့အမျှ အလိုအလျောက် ပိုမိုပြီးရှေးဆန်တဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံတို့ဘက်သို့ ကူးပြောင်းလာတတ်ပါတယ်။


529 plan ပုံစံပေါ်မူတည်၍ ပေးရသော ကုန်ကျစရိတ်များ


Prepaid tuition plan ရဲ့ ကုန်ကျစရိတ်များ


Prepaid tuition plan တို့က စာရင်းသွင်းခနဲ့ ongoing စီမံခန့်ခွဲခတို့ကို ပေးဆောင်ရတတ်ပါတယ်။


Education savings plan ရဲ့ ကုန်ကျစရိတ်များ


Education savings plan တို့က စာရင်းသွင်းခ၊ နှစ်စဉ် account maintenance ခ၊ ongoing program management ခများ၊ ongoing asset management ခများ စသဖြင့်ပေး‌ဆောင်ရတတ်ပါတယ်။


ဒီအဖိုးအခများရဲ့ တစ်ချို့တစ်ဝက်က plan ရဲ့ state sponsor က ကောက်ခံပြီး တစ်ချို့ကိုတော့ plan manager က ကောက်ခံပါတယ်။


asset management ခ တို့က သင်ရွေးချယ်တဲ့ ရင်းနှီးမြှုပ်နှံမှုပုံစံပေါ်မှာ မူတည်ပါတယ်။

education savings plan ကို broker ထံကဝယ်ယူတဲ့ ရင်းနှီးမြှုပ်နှံသူတို့က ယေဘုယျအားဖြင့် အပိုပေးဆောင်ရတတ်ပါတယ်။


529 Benefits from the State government


State တော်တော်များများက 529 plan အား ထောက်ပံ့ကြေးအနေနဲ့ အခွန်အကျိုးခံစားမှုများကို offer လေ့ရှိပါတယ်။ အဲ့ဒီအကျိုးခံစားမှုတွေကတော့ state income tax ပေးစရာမလိုတာမျိုး (သို့) state ကနေ grant လိုမျိုးသတ်မှတ်ပြီး ပေးတာမျိုးပါ။


529 Plan မှ စုငွေကိုပြန်လည်ထုတ်ယူခြင်း


Qualified higher education ကုန်ကျစရိတ်များ (သို့) elementary (သို့) secondary school တို့ရဲ့ tuition ခများအတွက် 529 account မှပြန်လည်ထုတ်ယူခြင်းများကိုအသုံးပြုမယ်ဆိုရင် 529 account ထဲကဝင်ငွေများက federal income tax နဲ့ တခါတလေမှာတော့ state income tax တို့အတွက် ပေးဆောင်ဖို့မလိုပါဘူး။


529 account မှငွေပြန်လည်ထုတ်ယူပေမဲ့ သတ်မှတ်ထားတဲ့ ပညာရေးဆိုင်ရာကုန်ကျစရိတ်များ အတွက် အသုံးမပြု ပါက state နဲ့ federal income tax များပေးဆောင်ရမှာဖြစ်ပြီး ဝင်ငွေအပေါ်မှာ အပို ၁၀ ရာခိုင်နှုန်း federal tax penalty ကိုပေးဆောင်ရမှာပါ။


529 Plan ရဲ့ အရေးအကြီး ဆုံး အကျိုးကျေးဇူး


529 plan တို့ရဲ့ အကျိုးအမြတ်တွေထဲကတစ်ခုက အချိန်ကာလတစ်ခုအတွင်းမှာ တိုးပွားလာတဲ့ အခွန်အခကင်းလွတ်တဲ့ ဝင်ငွေတို့ရရှိခြင်းဖြစ်ပါတယ်။ သင့်ငွေကို အချိန်ကြာကြာ ရင်းနှီးမြှုပ်နှံလေလေ တိုးပွားစေဖို့အချိန်ပိုမိုရရှိပြီး သင့်အတွက် tax benefit တို့လည်း ပိုများစေမှာပါ။


အကယ်၍သင်က 529 plan account ကိုထောက်ပံ့ကြေးရပြီးပြီးခြင်း အချိန်တိုတိုအတွင်းမှာ သင့်ငွေကိုပြန်လည်ထုတ်ယူမယ်ဆိုပါက ရနိုင်ချေရှိတဲ့ အကျိုးအမြတ်တို့ မရရှိပဲဖြစ်တတ်ပါတယ်။


Education savings plan တွေက သေချာပြီးကြိုတင်ချမှတ်ထားတဲ့ investment option တို့ရှိပါတယ်။

option တွေထဲကမှ လွတ်လပ်စွာပြောင်းယူခွင့်တော့ မရှိပါဘူး။


ယခုလက်ရှိ tax law အရ account ပိုင်ရှင်က သူ့ရဲ့ investment option ကို တစ်နှစ် နှစ်ကြိမ် (သို့) အကျိုးခံစားမည့်သူအပြောင်းအလဲရှိတဲ့အခါမှသာ ပြောင်းလဲခွင့်ရှိပါတယ်။


prepaid tuition plan တို့ရဲ့ အကျိုးဆက်ခံသူတို့အနေနဲ့ participating college, university တွေမှာ သူတို့ဝယ်ယူထားတဲ့ credit (သို့) unit တို့ကို အသုံးပြုခွင့်ရှိပါတယ်။

အကျိုးဆက်ခံသူက participating college (သို့) university ကိုမတက်ဖြစ်ပါက နဂိုမူလရင်းနှီးမြှုပ်နှံမှုပေါ်မှာ အမြတ်အစွန်းအနည်းငယ်သာ ရရှိမှာပါ။


529 Plan မှာရင်းနှီးမြှုပ်နှံခြင်းက financial aid programတွေလျှောက်တဲ့အခါ အရည်အချင်းပြည့်မှီဖို့အတွက် သက်ရောက်မှုရှိပါသလား?


ပညာရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခြင်းစီက 529 account က ပိုင်ဆိုင်မှုများကို မတူညီစွာစီမံလျက်ရှိပြီး 529 plan မှာ ရင်းနှီးမြှုပ်နှံခြင်းက college အတွက် need-based financial aid ရရှိနိုင်ဖို့ ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းပြည့်မှီမှုအပေါ် ယေဘုယျအားဖြင့် သက်ရောက်မှုရှိနိုင်ပါတယ်။

သင့်ရဲ့ အနာဂတ် qualified higher education ဆိုင်ရာကုန်ကျစရိတ်များအတွက် 529 account ထဲမှာငွေရှိနေခြင်းက ကျောင်းသားရဲ့ College tuition ခအတွက် financial aid ကို အပြည့်အ၀မရနိုင်တာမျိုးဖြစ်တတ်တယ်။ မိဘတွေက ၀င်ငွေ များတယ် financial aid ကို မရနိုင်တာကြိုသိတယ်ဆိုရင်တော့ ဒီလို မျိုး 529 plan ကို သုံးပြီး ကြိုစုထားနိုင်ပါတယ်။


529 Plan ကိုဘယ်လိုဖွင့်မလဲ?


မိသားစုတော်တော်များများအတွက် financial aid package တစ်ခုရဲ့ ပိုမိုကြီးမားတဲအစိတ်အပိုင်းက loan တွေမှာဖြစ်နိုင်ပါတယ်။ ကျောင်းအတွက်များများစုနိုင်လေလေ သင် (သို့) သင့်ရဲ့ကျောင်းသားအနေနဲ့ အကြွေး အများကြီး ပေးရမှာ မဟုတ်ပါဘူး။ ဒီလောက်ဆိုရင်တော့ ကိုယ့်မှာရှိတဲ့ ငွေပိုငွေလျှံတွေကို အနာဂတ်အတွက် ဘယ်လို စီမံရမလဲဆိုတဲ့ အကြံဉာဏ်အနည်းငယ်ရသွားမယ်လို့ မျှော်လင့်ပါတယ်။ ပိုမိုပြည့်စုံတဲ့ ရင်းနှီးမြှုပ်နှံမှု အကြောင်းအရာတွေလို လေ့လာချင်တယ်ဆိုရင်တော့ Grow & Win ရဲ့ Investment Courses for Burmese မှာ လေ့လာနိုင်ပါတယ်။





120 views0 comments

Comments


bottom of page