အိမ်ခြံမြေဈေးနူန်းတွေ မြင့်သထက်မြင့်တက်လာတဲ့ကာလမှာ လူတော်တော်များများအတွက် အိမ်ပိုင်ဆိုင်နိုင်ဖို့အတွက် ပိုပြီးခက်ခဲလာပါတယ်။ ဒါကြောင့် လူအများစုဟာ Payment Assistance Program တွေကိုလိုအပ်လာကြပေမယ့် ဒီ program တွေကိုရရှိနိုင်ဖို့ ဘယ်ကနေစလုပ်ကြရမယ်ဆိုတာ မသိကြတတ်ပါဘူး။ 53% သော အိမ်ဝယ်သူတွေဟာ ဒီ Assistance Program တွေရဲ့အကြောင်းကို ကောင်းကောင်းနားလည်နိုင်ဖို့ အကူအညီတွေလိုအပ်နေကြတယ်လို့ Bank of America Institute ကလေ့လာတွေ့ရှိခဲ့ပါတယ်။
Down Payment Assistance ဆိုတာဘာလဲ?
Down Payment Assistance ( DPA ) ဆိုတာဟာ အိမ်ဝယ်မယ့်သူတွေကို ဘဏ်တွေက အိမ်တန်ဖိုးရဲ့တစ်ချို့တစ်ဝက် ဒါမှမဟုတ် တန်ဖိုးအပြည့်အတွက်ကို Mortgage Loan ချေးငွေထုတ်ပေးတဲ့ program တွေဖြစ်ပါတယ်။ America ရဲ့နိုင်ငံတစ်ဝှမ်းမှာ Assistant Program တွေ 2000 ကျော်လောက်ရှိပြီး ငွေချေးဖို့ eligible ဖြစ်သူတိုင်းအတွက် ဒေါ်လာသောင်းဂဏန်းပမာဏအထိ ချေးငွေတွေထုတ်ပေးနေကြပါတယ်။
First time home buyers တွေနှင့် Repeat Buyers တွေအတွက် Eligibility သတ်မှတ်ချက်များ
ဒီချေးငွေတွေဟာ first time home buyers တွေအတွက်ပဲသီးသန့်မဟုတ်ပါဘူး။ အိမ်ဝယ်ထားပြီးသားသူတွေအတွက်လဲ အကျုံးဝင်ပါတယ် ၊ဘဏ်ရဲ့သတ်မှတ်ထားတဲ့စည်းမျဉ်းတွေနှင့်ကိုက်ညီသူတိုင်းအတွက် Assistance Payment Program တွေကအမြဲရှိနေမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်းမှာဆိုရင် Assistance Payment Program တွေချေးငွေထုတ်ပေးခဲ့တဲ့လူတွေအားလုံးရဲ့ 39% ဟာ Repeat Buyers တွေဖြစ်ပါတယ်။
Notable DPA programs
America ရဲ့ လူသိအများဆုံး DPA programs တွေကတော့
1.Teacher Next Door : Assistant Teachers, First responders, Health Providers, Government Employee, Active duty Military Personal နှင့် စစ်ပြန်အငြိမ်းစားသမားတွေအတွက် သီးသန့်ဖန်တီးထားတဲ့ DPA program ဖြစ်ပါတယ်။
2.Fannie Mae : Latino Communities တွေအတွက်ဖန်တီးထားတဲ့ First time home buyers DPA program ပါ။
3.Freddie Mac :ကတော့ သင့်တင့်တဲ့ Credit Score ရှိပြီး limited funding ပိုင်ဆိုင်ထားတဲ့ Home Buyer တွေအတွက်ဖြစ်ပါတယ်။
4.3 By30 Program: 2030ခုနှစ်မှာ 3 millions Black homeowners တွေရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့်တည်ထောင်ထားတဲ့ program တစ်ခုဖြစ်ပါတယ်။
5. Native American Programs : America ရဲ့ ပြည်နယ် 14 ခုအသီးသီးမှာ ရှိတဲ့ Native American တွေအားလုံးအတွက် ပိုမိုလွယ်ကူချောမွှေ့တဲ့ အိမ်ပိုင်ဆိုင်နိုင်ရန်အခွင့်အလမ်းကို ပေးနိုင်ဖို့ ရည်ရွယ်ပြီးတည်ထောင်ထားတဲ့ DPA program တစ်ခုဖြစ်ပါတယ်။
Down Payment Program တစ်ခုခုနှင့်အိမ်ဝယ်ဖို့ စိတ်ဝင်စားရင် ကျွန်မနဲ့ ဆက်သွယ်ပြီး Mortgage loan and real estate services တွေကို လက်တွဲ ဆောင်ရွက်နိုင်ပါတယ်။
Comments