Mortgage Loan ယူလို့ရတဲ့ Mortgage Lender အမျိုးအစားတွေကို သိထားဖို့လိုပါတယ်။ အများအားဖြင့် Mortgage Lender (၆) မျိုးရှိပါတယ်။
ဘယ်တစ်ခုက ကိုယ့်အတွက် ပိုအဆင်ပြေမလဲဆိုတာကိုတော့
နားလည်တဲ့ Mortgage Loan Specialist တွေနဲ့ တိုင်ပင်ပြီး ရွေးဖို့လိုပါတယ်။
Direct Lenders
Direct Lenders တွေကတော့ Bank တွေ၊ Credit Unions တွေနဲ့
Online Entities တွေနဲ့ အခြား အဖွဲ့အစည်းတွေဖြစ်ပြီး ငွေချေးသူနဲ့ တိုက်ရိုက် အလုပ်လုပ်ပါတယ်။
သူတို့က Mortgage တွေကို ဖန်တီးပြီး Repayment တွေကို စီမံခန့်ခွဲတာ (သို့မဟုတ်)
Third Party ကို Repayment Service တွေ ပြန်အလုပ်အပ်တာမျိုးလုပ်ပါတယ်။
ဒါ့အပြင် သူတို့က Loan Rates တွေနဲ့ terms တွေကို ချမှတ်ပါတယ်။
ကိုယ်ရွေးတဲ့ Lender ပေါ် မူတည်ပြီးတော့
Rate နဲ့ term တွေကတော့ ကွာနိုင်ပါတယ်။
ဒီ Lenders အမျိုးအစားတွေကတော့ Competitive ဖြစ်တဲ့ Rate နဲ့ Fees တွေ
ပေးလေ့ရှိပြီး Loan လျှောက်တဲ့ အဆင့်ဆင့်မှာ တူညီတဲ့ Loan Officer နဲ့ပဲ တွဲပြီး
အလုပ်လုပ်ရမှာပါ။
ဒါပေမယ့် ကိုယ့်အနေနဲ့ မတူတဲ့ Rate တွေကို ကိုယ့်ဘာသာ Comparison လုပ်ရဖို့
များပါတယ်။
Mortgage Brokers
Mortgage Brokers တွေကတော့ သီးခြား လွတ်လပ်ပြီး လိုင်စင်ရ professional တွေဖြစ်ပါတယ်။
သူတို့အလုပ်ကတော့ Lenders နဲ့ Borrowers ကြားက ချိတ်ဆက်ပေးတာပါပဲ၊
Brokers တွေဟာ Loan Amount ရဲ့ (1 to 2%) ကို ဝန်ဆောင်ခယူပါတယ်။
များသောအားဖြင့် Lenders တွေက ပေးရပြီး သင့်ရဲ့ Mortgage Cost အဖြစ် ပြန်ပေါင်းထည့်တာပါပဲ၊
Broker တွေဟာ ငွေချေးတာမျိုး၊ အတိုးနှုန်းဘယ်လောက်ဖြစ်သင့်တယ်ဆိုပြီး
သတ်မှတ်တာမျိုး terms တွေသတ်မှတ်တာမျိုး လုပ်လို့ မရပါဘူး။
ငွေချေးမယ် မချေးဘူးလည်း ဆုံးဖြတ်ခွင့် မရှိကြပါဘူး။
Brokers တွေဟာ Interest တွေယှဉ်ပေးတာမျိုး၊ Terms တွေ ကြည့်ပေးတာမျိုးလို
အသေးအဖွဲလေးတွေကအစလိုက်လုပ်ပေးတာမို့ သင့်အနေနဲ့ အချိန်ကုန် သက်သာပါတယ်။
သူတို့က Lender တွေနဲ့လည်း တွဲလုပ်တာမို့ သင်ကိုယ်တိုင် ရှာဖို့ခက်တဲ့
အခွင့်အရေးတွေနဲ့၊ Exclusive အခွင့်အရေးတွေကို ရနိုင်ပါသေးတယ်။
ဒါပေမယ့်လည်း Interest Rate မြင့်တဲ့ Lender တွေကသာ Broker တွေအတွက်
Commission ကောင်းကောင်းပေးတာကိုလည်း မမေ့ပါနဲ့။
Correspondent Lenders
Correspondent Lenders တွေဟာ သူတို့ကိုယ်ပိုင်ငွေနဲ့ Loan တွေကိုပေးပါတယ်။
ဒါပေမယ့် သူတို့က Secondary Mortgage Marketမှာ ပိုကြီးတဲ့
Institution တွေကို Loan တွေရောင်းတာမျိုး လုပ်ပါတယ်။
ဒီ Correspondent Lenders တွေဟာ မတူညီတဲ့ Loan အမျိုးအစားတွေနဲ့
သက်သာတဲ့ Rate တွေ ပေးတယ်ဆိုသော်ငြားလည်း တစ်ခါတစ်လေမှာ
အသစ်အဆန်း၊ မထင်မှတ်ထားတဲ့ Loan Servicer တွေနဲ့
တွေ့ရနိုင်ချေရှိပါတယ်။ Correspondent Lenders တွေဟာ ငွေချေးသူတွေအတွက်
တင်းကြပ်တဲ့ စည်းမျဉ်းနဲ့ လိုအပ်ချက်တွေတော့ ထားလေ့ရှိပါတယ်။
Wholesale Lenders
Direct Lenders တွေနဲ့ မတူတာက Wholesale Lenders တွေဟာ ငွေချေးသူတွေနဲ့
ထိတွေ့မှု မရှိတာပါပဲ။
သူတို့က များသောအားဖြင့် Mortgage Brokers တွေနဲ့သာ
တွဲလုပ်လေ့ရှိပြီး အခြား Third Parties တွေကို သူတို့ရဲ့ Loan Productsတွေကို
Discounted Rate တွေနဲ့ ပေးလေ့ရှိပြီး Brokers တွေအပေါ်မှာပဲ
Mortgage Application ကနေပြီး Approval Process အထိ မီခိုပါတယ်။
Portfolio Lenders
Portfolio Lenders တွေဟာ Clientsတွေရဲ့ Bank Deposits တွေကနေ Loans တွေကို
ဖန်တီးပါတယ်။ သူတို့က Mortgage တွေကို ပြန်ရောင်းတဲ့ အစား ကိုင်ထားလေ့ရှိပါတယ်။
များသောအားဖြင့် Portfolio Lenders တွေဟာ Community Banks တွေ၊
Credit Unions တွေနဲ့ Savings and Loans Institutions တွေပါ။
ဒီ Local Lenders တွေဟာ ပိုကောင်းတဲ့ ဝန်ဆောင်မှုကို ပေးနိုင်ပြီး ငွေချေးသူတွေကိုလည်း
သေချာစိစစ်ပြီး Approve ပေးနိုင်ပါတယ်။
သို့သော်လည်း သူတို့ရဲ့ Loansတွေဟာ ပိုမြင့်တဲ့ rates ရှိပြီး
အရမ်းများတဲ့ Loan ပမာဏကိုတော့ ပေးနိုင်ခြင်း မရှိပါဘူး။
Hard Money Lenders
Hard Money Lenders တွေဟာ Private Investors တွေဖြစ်ပြီး
သူတို့က Short-term Loans တွေပေးလေ့ရှိပါတယ်။
Traditional Lenders တွေဟာ သင့်အနေနဲ့ Mortgage ကို
ပြန်ပေးနိုင်မယ့် Financial Stability ကို ကြည့်လေ့ရှိပြီး
Hard Money Lenders တွေကတော့ ကိုယ်ဝယ်တဲ့
အိမ်ရဲ့ တန်ဖိုးအပေါ်မူတည်ပြီး သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုပြန်ရနိုင် မရနိုင်ကို
စိုးရိမ်လေ့ရှိပါတယ်။
Hard Money Lenders တွေဟာ Short time frame အတွင်းမှာ
ငွေပြန်ရဖို့လိုပြီး များသောအားဖြင့် တစ်နှစ်ကနေ ၅နှစ်အတွင်းပဲ
ပေးလေ့ရှိပါတယ်။
ပိုပြီး စျေးများတဲ့ Loan Origination Feesတွေ၊
Closing Costs တွေနဲ့ Interest Rate တွေတောင်းလေ့ရှိပြီး
10% လောက်အထိတောင်းတဲ့အတွက် အခြား Lenders တွေနဲ့ယှဉ်ရင် များတယ်ဆိုရမှာပါ။
ဒီလောက်ဆိုရင် မတူညီတဲ့ Mortgage Lenders အကြောင်း သိသွားလောက်ပါပြီ။
နောက်ထပ်လည်း Mortgage နဲ့ ပတ်သက်တဲ့ အကြောင်းတွေ တင်ဦးမှာမို့ စောင့်မျှော်ဖတ်ရှူပေးပါဦး။
Comments