top of page

Ten Difference Income Streams in 2023 - Active + Passive

Financial Freedom ရချင်တဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ ဒီ Blog က သင့်အတွက်ပါပဲ။ Income တစ်ခုတည်းအပေါ်မီခိုနေရတာဟာ အရမ်း အန္တရာယ်များပြီး ချမ်းသာခြင်းအဖြစ်နဲ့ ကင်းဝေးစေပါတယ်။ လက်ရှိဝင်နေတဲ့ Income အပြင်နောက်ထပ် ဘယ်လိုနေရာတွေကနေ Income ထပ်ဝင်နိုင်မလဲဆိုတာ ဒီ Blog လေးမှာ မျှဝေပေးထားပါတယ်။ ကျွန်မက ဘ၀မှာ ဘယ်အရာဖြစ်ဖြစ် ကိုယ်တိုင်လုပ်ကြည့်ပြီး အဆင်ပြေမှ အခြားသူတွေကို ပြန်ပြီး ဖောက်သည်ချပေးတာမို့ အခု မျှဝေပေးတဲ့ ဝင်ငွေလမ်းကြောင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက မှန်ကန်မှုအပြည့်ရှိပြီး ကိုယ်တကယ်လိုက်လုပ်နိုင်ရင် လိုက်လုပ်နိုင်သလောက် ဝင်ငွေကောင်းပါတယ်။


ဝင်ငွေလမ်းကြောင်း ၁၀မျိုး အကြောင်း


Real Estate Sales Commission

real estate commission
real estate commission

Realtor တစ်ယောက်ဖြစ်တော့ အိမ်ခြံမြေအ‌ရောင်းအ၀ယ်လုပ်ငန်းကကျွန်မရဲ့ အဓိက ဝင်ငွေရတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဝင်ငွေရတဲ့ ပုံစံကတော့ 100% Commission ကနေလာတာပါ။ ဒီတော့ မရောင်းရတဲ့အချိန်ဆိုရင်တော့ တစ်ပြားမှ မရဘူးဆိုတဲ့ သဘောပါပဲ။ အိမ်ခြံမြေအ‌ရောင်းအ၀ယ်က လည်း နေရာပေါ်မူတည်ပါသေးတယ်။ ကိုယ်က အိမ်စျေးပေါတဲ့နေရာမှာ လုပ်ငန်းထောင်ထားမယ်ဆိုရင် အိမ်အလုံးရေ များများရောင်းရမှ ဝင်ငွေကောင်းမှာပါ။ တကယ်လို့ အိမ်စျေးကြီးတဲ့နေရာမှာ အရောင်းအဝယ်လုပ်ရင်တော့ Commission များများရနိုင်တဲ့အတွက် ပိုအဆင်ပြေပါတယ်။ ဒီ အိမ်ခြံမြေလုပ်ငန်းကို စတဲ့အချိန်ဆိုရင်တော့ ဘယ်လိုလုပ်ရမယ်ဆိုတဲ့နည်းတွေ၊ ဝယ်ယူသူမိတ်တွေများများရဖို့နည်းတွေက သိဖို့ မလွယ်ပါဘူး။ ဒါကြောင့်လည်း ကျွန်မလို Realtor Life နဲ့ ဝင်ငွေရှာလိုသူတွေအတွက် Real Estate Investment Training Course ကိုစီစဉ်ပေးထားတာပါ။ ပြီးတော့ Realtor တစ်ယောက်ဖြစ်လာဖို့ ဘာတွေလိုမလဲဆိုတာကို အောက်က Webinar လေးမှာ ပြည့်ပြည့်စုံစုံ ရှင်းပြထားပါသေးတယ်။


Investment Online Courses

Investment Online Courses
Investment Online Courses

နောက်ထပ် ကျွန်မရဲ့ ဒုတိယ ၀င်ငွေကတော့ Investment နဲ့ ပတ်သက်တဲ့ Online Course သင်ပေးတာကနေရတာပါ။ လက်ရှိ ကျွန်မဖွင့်လှစ်ထားတဲ့ Grow And Win Online Learning platform မှာ


ဒီအတန်းတွေက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားမှာ အပြီးအခြေချဖို့ပြောင်းလာတဲ့ မြန်မာပြည်ကလူတွေအတွက် တိုးတက်တဲ့ နိုင်ငံတွေမှာရှိတဲ့ ငွေကြေးနဲ့ ရင်းနှီး မြှုပ်နှံမှုနည်းလမ်းတွေကို မြန်မာလို သေချာရှင်းပြထာတာဖြစ်လို့ ပညာရေးအခြေခံမရှိတဲ့သူတွေအတွက်ပါ တက်လို့ အဆင်ပြေစေပါတယ်။


English စကားကျွမ်းကျင်ရင်တောင်မှာ အမေရိကန်နိုင်ငံက ရှုပ်ထွေးတဲ့ ရင်းနှီးမြှုပ်နှံမှု ပညာတွေ၊ အခွန်နဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့်တွေကို သိဖို့ဆိုတာ အချိန်တစ်ခုပေးပြီး လေ့လာရပါတယ်။ ကျွန်မရဲ့အတန်းမှာတော့ မြန်မာ ပြည်ကလာတဲ့ လူတွေ ဒီအခွင့်အ‌ရေးတွေကို မြန်မြန်နားလည်ပြီး ရသင့်ရထိုက်တာတွေ ရရှိအောင်သင်ကြားပေးနေပါတယ်။


အဲ့ဒီက နေ ကျွန်မရဲ့ ဒုတိယ ၀င်ငွေကိုရတယ် ကိုယ်တတ်တဲ့ ပညာနဲ့ အများအကျိုးရှိအောင်ကူညီရလို့ Social Entrepreneurship ပါ။ ကုသိုလ်လည်းရ၊ ဝမ်းလည်း၀တဲ့ လုပ်ငန်းတစ်ခုပါပဲ။

Life Insurance Sales Commission

Life Insurance Sales Commission
Life Insurance Sales Commission

ကျွန်မက လက်ရှိမှာလည်း လိုင်စင်ရ Life Insurance Agent တစ်ယောက်ဖြစ်တာမို့ Insurance ရောင်းတဲ့နေရာကနေလည်း တတိယ၀င်ငွေလမ်းကြောင်း ရှိပါတယ်။


သူ့ရဲ့ကောင်းတဲ့အချက်က Real Estate လိုမျိုး ရောင်းတဲ့နေရာပေါ် မမူတည်ပါဘူး။ ဘယ်နေရာကနေမဆိုလုပ်နိုင်ပါတယ်။ Life insurance ရဲ့ ကောင်းတဲ့ အကျိုးကျေးဇူးတွေကို နားမလည်တဲ့သူတွေကို ရှင်းပြပြီး သူတို့ရဲ့ မိသားစုတွေကိုအကာအကွယ်ပေးနိုင်တဲ့ Insurance policy တွေကိုရောင်းတဲ့အတွက် ဒီအလုပ်ကလဲ ကျွန်မအတွက် Fulfilling ဖြစ်စေတဲ့အလုပ်ပါ။


Insurance license exam က Real Estate License Exam ထက်အများကြီး ပိုလွယ်ပါတယ်။ ဖတ်စရာစာလဲအရမ်းပိုနည်းပြီး Englishစာ အခြေခံအနည်းငယ်ရှိရင် စာမေးပွဲအောင်နိုင်ပါတယ်။ သူလဲကြိုးစားရင် တနှစ်ကို ၀င်ငွေ သိန်းနဲ့ ချီပြီး ရနိုင်ပါတယ်။ စျေးရောင်းရတာဆိုတော့ အရမ်းတွန်းအားပေးရင် တခါတလေလဲ သူများအငြိုအညင်ခံရနိုင်တာတော့ သတိထားသင့်ပါတယ်။


Rental Properties Income

Rental Properties Income
Rental Properties Income

ကျွန်မကအိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတဲ့အတွက် ကျွန်မရဲ့ လစဉ်အိမ်ငှားတွေကနေရတဲ့ ၀င်ငွေလဲရှိပါတယ်။ ဒီ‌ငွေတွေကတော့ Passive Income ပါ။ ဒီ၀င်ငွေကိုတော့ Real Estate Investment လုပ်တဲ့ လူတိုင်းရနိုင်ပါတယ်။


Rental Properties ကနေ ရတဲ့ ငွေကို ပိုစုပြီး နောက်ထပ် အိမ်ထပ်ဝယ်ကာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တအိမ်မှာ Cashflow $500 x 10 ဆိုရင်တောင် $5000 ဖြစ်နေပါပြီ။ ဒီနည်းနဲ့လည်း Financial Freedom မြန်မြန်ရနိုင်ပါတယ်။


Real Estate Investment အကြောင်းကို အခြေခံကနေပြီး ရင်းနှီးမြှုပ်နှံမှုလုပ်နိုင်တဲ့အထိ ပိုင်ပိုင်နိုင်နိုင် သိချင်ရင်တော့ အောက်က လင့်ကနေတဆင့် လေ့လာနိုင်ပါပြီ။


Revenue from Property Management Services

Revenue from Property Management Services
Revenue from Property Management Services

ကျွန်မရဲ့ နောက်၀င်ငွေတစ်ခုက Property Management Service business က၀င်ငွေပါ။


ကျွန်မကိုယ်တိုင်ပိုင်တဲ့ အိမ်တွေကို ကိုယ်တိုင် Manage လုပ်သလို ကျွန်မရဲ့ Investor clients တွေရဲ့ အိမ်တွေကိုလဲ Manage လုပ်ပေးတယ်။ သူတို့လိုအပ်တဲ့ အကူအညီပေးတယ်။


ပထမဆုံး invest လုပ်တဲ့သူတွေအတွက်က Property Manager ကောင်းကောင်းရှိဖို့ လိုပါတယ်။ ဒါမှလည်း ကိုယ်မသိတာတွေ မေးလို့ရပြီး ရင်းနှီးမြှုပ်နှံတဲ့အခါ အမှားအယွင်းမရှိအောင် Property Managerက အစစကူညီပေးနိုင်ပါတယ်။ Stress လည်းနည်းပြီး အမှားကင်းသွားတာပေ့ါ။


House Flipping Revenue

House Flipping
House Flipping

ကျွန်မတခါတလေ House Flippingလဲလုပ်ပါတယ်။ အိမ်အဟောင်းကို ပြုပြင်စရာ...လိုအပ်တာတွေကို၀ယ်ပြီး အိမ်အသစ်ဖြစ်အောင်ပြင်တာပါ။ အဲ့ကနေ တနှစ်ကို တလုံးဖြစ်စေ...နှစ်လုံးဖြစ်စေ..လုပ်တဲ့ ၀င်ငွေလဲရပါတယ်။


House Flipping လုပ်မယ်ဆိုရင်တော့ စျေးကွက်ကျွမ်းကျင်ရမယ်။ ကုန်ကျစရိတ်ခန့်မှန်းတတ်ရမယ််။ ကိုယ်တိုင်ပြင်တတ် (သို့) ပြင်တဲ့သူ ကောင်းကောင်းနဲ့ ပွဲစားကောင်းကောင်းကို သိရင်လည်း လူတိုင်းလိုက်လုပ်နိုင်တဲ့နည်းပါ။


ဒါက တစ်လုံးပြင်ရင် ၃လလောက်အချိန်အတွင်းမှာ အမြတ် 4သောင်း 5သောင်းလောက် ရနိုင်တဲ့ အလုပ်ဆိုပေမယ့်လည်း အခုကာလို မားကတ်အပြောင်းအလဲမှာတော့ အန္တရာယ်ရှိနိုင်ပါတယ်။


Ad Revenue from Facebook & YouTube Channels

Ad Revenue from Facebook & YouTube Channels
Ad Revenue from Facebook & YouTube Channels

နောက်ထပ်ဝင်ငွေတစ်ခုကတော့ အခုလက်ရှိကျွန်မရဲ့ My American Dream YouTube/ Facebook Page တွေကနေရတဲ့ ၀င်ငွေပါ။ ကိုယ့် ရဲ့ Social Media Channelတွေမှာ လူအများအကျိုးရှိတဲ့ Content တွေဖန်တီးရာကနေ ကိုယ့်အတွက်လဲ ၀င်ငွေရပါတယ်။


Video ရိုက်ရတာဖြစ်လို့ အချိန်တော့တော်တော်ပေးရပါတယ်။ Video တွေမှာထိုးတဲ့ ကြော်ငြာကနေလည်း ဝင်ငွေရ လူအများလဲအကျိုးရှိတဲ့အတွက် ဒီလို Content တွေဖန်တီးရတာကို ကျွန်မတော့ကြိုက်ပါတယ်။


ဒီ Blog လေးကို ဖတ်နေရင်း ကျွန်မရဲ့ My American Dream YouTube Channel နဲ့ My American Dream Facebook page ကို Like & Subscribe လေး လုပ်ပေးသွားပါဦးနော်။


Stock Trading and Dividends


နောက်ဆုံးတစ်ခုကတော့ ကျွန်မရဲ့ စတော့ trading ကရတဲ့ ၀င်ငွေပါ။ အရင်၂၀၂၁ လောက်ကတော့ တော်တော်လေး Trading လုပ်ပေမဲ့ အခုနောက်ပိုင်းတော့ အချိန်သိပ်မပေးနိုင်တော့လို့ အရင်လို အများကြီး မလုပ်ဖြစ်တော့ပါဘူး။


Swing trading and Option trading; Covered Call အစရှိတဲ့ နည်းတွေကိုသုံ​ပြီးတော့ ကျွန်မ Tradeပါတယ်။ Real Estate ကပိုအကျိုးရှိတယ်လို့ ကျွန်မက ယုံကြည်တဲ့အတွက် အဲ့ဘက်ကိုပိုရင်းနှီးမြှုပ်နှံဖြစ်တာလည်းပါပါတယ်။


Stock trading လုပ်တာကအရမ်း အပြောင်းအလဲမြန်ပြီး ကိုယ်ကြိုမသိနိုင်တဲ့ Eternal Factor တွေပေါ်လဲအများကြီးမူတည်တယ်။ သတင်းတွေအပေါ် အရမ်း Up To Date ဖြစ်နေဖို့လဲလိုတယ်။


Investment အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Basic Investment Training လည်း ကျွန်မပေးနေတာရှိပါတယ်။ အသေးစိတ်ကို ဒီလင့်ကနေဖတ်ပေးပါ။



Passive Income from Investment in Apartment Syndications

Apartment Syndications
Apartment Syndications

နောက်၀င်ငွေကတော့ Apartment Syndications တွေကရတဲ့ cash flow ပါ။ သူတို့က 7% cash on cash အရင်ရတယ်။ နောက်ဆုံးနှစ်မှာ တော့ မူလရင်းနှီး‌ငွေရော Apartmentရဲ့ equity ကိုပါ ထပ်ရတဲ့အတွက် ပျမ်းမျှ၀င်ငွေက တနှစ် ကို ၂၀ရာနှုန်းလောက်ရတယ်။ ဒီလို return များတဲ့ passive investment မျိုးက အလုပ်မအားတဲ့သူတွေ ရော၀င်ငွေများတဲ့ သူတွေရောပြုလုပ်သင့်တဲ့ Investmentမျိုးပါ။


Revenue shares from my brokerage team and referral fees

Burmese Professional Realtor
Burmese Professional Realtor

နောက်တစ်ခုကတော့ ကျွန်မရဲ့ Real Estate Brokerage ကရတဲ့ Revenue share ပါ။ ကျွန်မရဲ့ real estate broker team ကိုစတင်ဖွဲ့ထားတဲ့အတွက်ကိုယ့် team ထဲက broker တွေကြောင့် Brokerage ကပေးတဲ့ ငွေပါ။


ကျွန်မတို့အဖွဲ့မှာ join ချင်ရင်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျွန်မအပြင် တခြား နေရာအနှံ့အပြားမှာ ရှိတဲ့ အရောင်းအကောင်းဆုံး YouTube/social media တွေမှာအရမ်းနာမည်ကြီးတဲ့ real estate broker တွေကပါ training တွေအများကြီးကို freeပေးတဲ့အတွက်ကိုယ့် ရဲ့ Real Estate businessဟာ အမြန်ဆုံး တိုးတက်နိုင်ပါတယ်။


ဒါကတော့ ကျွန်မရဲ့ အခုလက်ရှိ ၂၀၂၂ နဲ့ ၂၀၂၃ မှာရနေတဲ့ ၀င်ငွေရနေတဲ့နည်း ၁၀မျိုးပါ။ အဲ့ဒီထဲက ကိုယ်ရော လက်ရှိဘယ်နှစ်ခုလုပ်နေပြီလဲ? လိုက်လုပ်ချင်တဲ့ နည်းဘယ်နှစ်ခုရှိလဲ? ဘယ်နည်းလမ်းတွေကို ကိုယ်တိုင်ရနိုင်မလဲဆိုတာကို စဉ်းစားကြည့်ပြီး တစ်ခုခုသိချင်တာရှိရင် Page ကနေတဆင့် မေးလိုက်ပါရှင်။




41 views0 comments

Comments


bottom of page