top of page

ကိုယ့်ရဲ့အိမ်ကိုအမြန်ရောင်းထွက်ဖို့အတွက် ‌အကောင်းဆုံးနည်းလမ်းများ

Updated: Oct 28, 2024


Sell your house fast

ကိုယ်အရောင်းတင်ထားတဲ့အိမ်က ဈေးကွက်ပေါ်မှာ ရောင်းမထွက်သေးပဲကြာနေပါသလား ? ဒီလိုဖြစ်နေတာ မိတ်ဆွေတစ်ယောက်တည်းမဟုတ်ပါဘူး။ National Association of Realtors နှင့် Realtors.com ရဲ့ ဖော်ပြချက်တွေအရ လက်ရှိဈေးကွက်မှာ Home Inventory တွေတိုးများနေမှု နှင့် Mortgage Rate တွေထင်သလောက်လျော့ကျမသွားသေးတဲ့အချက်တွေကြောင့် အိမ်အရောင်းအဝယ်တွေဟာ ပုံမှန်ထက်ပိုကြန့်ကြာနေတာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီအချက်တွေဟာ ကိုယ်ပြောင်းလဲလို့မရ‌တဲ့အချက်တွေဖြစ်နေပေမယ့် အိမ်ကိုအမြန်ရောင်းထွက်နိုင်ဖို့ အခြားကိုယ့်ဘက်က‌နေလုပ်လို့ရတဲ့အချက်တွေရှိပါတယ်။ ဒါကတော့ မှန်ကန်ပြီးယုံကြည်ရတဲ့ real estate agent တစ်ယောက်ရွေးချယ်တာပါပဲ။


(1) Competitive Pricing


Overpricing သတ်မှတ်မိခြင်းဟာ ကိုယ့်အိမ်အရောင်းကိုဈေးကွက်ပေါ်မှာကြန့်ကြာစေပါတယ်။ နောက်မှဈေးကို ပြန်ပြောင်းရောင်းတာကလဲ ကိုယ့်အိမ်အပေါ်ကို buyers တွေရဲ့ negative view တွေရစေနိုင်ပါတယ်။

ဒါကြောင့်ကိုယ့်အိမ်ရဲ့ရောင်းဈေးကို အစကတည်းက သင့်လျော်တဲ့ဈေးတန်းနှင့်တင်ဖို့က အရေးကြီးပါတယ်။ Skilled real estate agent တစ်ယောက်ဟာ လက်ရှိဈေးကွက်ကို အသေးစိတ်လေ့လာပြီးတော့  buyers တွေ စိတ်ဝင်စားမယ့် attractive ဖြစ်တဲ့ဈေးတန်းတွေကိုသတ်မှတ်ပေးနိုင်ပါတယ်။ 


(2) Condition of Your Home


အိမ်ရဲ့ အမြင်နှင့်အနေအထားကလဲ အိမ်ရောင်းထွက်ဖို့အများကြီးအရေးပါပါတယ်။ Repair ကောင်းကောင်းလုပ်ထားတဲ့အိမ်တွေ modern update တွေလုပ်ထားတဲ့အိမ်တွေက ပိုပြီးတော့မြန်မြန်ရောင်းထွက်လေ့ရှိပါတယ်။ ကိုယ့်ရဲ့ Agent က ကိုယ့်အိမ်ရဲ့အခြေအနေကိုကြည့်ပြီးတော့ လိုအပ်တဲ့ staging ၊ repairs နှင့် updates တွေကို ညွှန်ပြပေးပြီးတော့၊ ကိုယ့်အိမ်အရောင်းအတွက် buyers တွေရဲ့ first impression ကိုမြှင့်တင်ပေးနိုင်ပါတယ်။


(3) Incentives and Extras


Closing cost assistance နှင့် home appliances တွေထည့်ပေးထားခြင်း အစရှိတဲ့ selling incentive တွေထည့်သွင်းပေးတာဟာ ကိုယ့်အိမ်ကို buyers တွေအတွက်ပိုပြီး attractive ဖြစ်စေပါတယ်။ နားလည်တတ်ကျွမ်းတဲ့ agent တစ်ယောက်ဟာ ကိုယ့်အိမ်ရောင်းထွက်ဖို့ ကိုယ့်ရဲ့ budget နှင့်ချိန်ပြီးတော့ဘယ်လို incentive မျိုးတွေထည့်ပေးသင့်တယ်ဆိုတာ တွက်ချက်အကြံပေးနိုင်ပါတယ်။


ဒါတွေကတော့ မှန်ကန်တဲ့ Real Estate Agent ကိုရွေးချယ်ခြင်းကနေရရှိနိုင်တဲ့ Faster Home Selling အချက်တွေပဲဖြစ်ပါတယ်။ 

ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

Developed by Full stack Marketer

bottom of page