အိမ်တစ်လုံးကိုပိုင်ဆိုင်ထားပြီဆိုရင် ဈေးအတက်အကျအပေါ်မူတည်ပြီးရောင်းသင့်သလား ဒါမှမဟုတ် ရေရှည်ဝင်ငွေလမ်းအနေနှင့် အိမ်အငှာထားသင့်သလားဆိုတာ home owner တိုင်းစဉ်းစားဆုံးဖြတ်ကြရတဲ့အချက်ဖြစ်ပါတယ်။ Zillow.com ရဲ့ data analysis အရ 66% သော အိမ်ပိုင်ရှင်တွေဟာ ရောင်းဖို့မဆုံးဖြတ်ခင်မှာ အငှားထားဖို့ စဉ်းစားတတ်ကြပြီး၊ အခြားသော 28% ကတော့ မရောင်းပဲသီးသန့်အငှားထားဖို့အတွက်ပဲဆုံးဖြတ်တတ်ကြပါတယ်။ကိုယ်က အိမ်ပိုင်ရှင်တစ်ယောက်ဖြစ်လာတဲ့အခါမှာ ဘယ် option ကကိုယ့်အတွက်ကိုက်ညီမလဲဆိုတာ အောက်ပါအချက်တွေအတိုင်း သုံးသပ်ကြည့်နိုင်ပါတယ်။
1. သင့်ရဲ့အိမ်က အိမ်အငှားထားဖို့အဆင်သင့်ဖြစ်နေပါသလား ?
အကယ်၍သင့်ရဲ့အိမ်က major ပြင်ဆင်မှု့တွေလိုအပ်နေတယ်၊ အိမ်အငှားထားဖို့အတွက်သင့်တော်တဲ့ အနေအထားမှာမရှိဘူးဆိုရင် ပြင်ဆင်မှု့ကြီးကြီးမားမားတွေကို ငွေကုန်ကြေးကျခံပြီးတော့လုပ်ဆောင်ရပါလိမ့်မယ်။ ဒီလိုအနေအထားမျိုးဆိုရင်တော့ အငှားထားတာထက် အိမ်ကိုရောင်းထုတ်ဖို့အတွက်ဆုံးဖြတ်တာက ကိုယ့်အတွက် အကျိုးပိုရှိနိုင်ပါတယ်။
2. သင်ဟာ အိမ်ပိုင်ရှင် Landlord တစ်ယောက်ဖြစ်ဖို့အဆင်သင့်ဖြစ်ပြီလား ?
Landlord တစ်ယောက်အဖြစ်ရပ်တည်ဖို့ဆိုတာဟာ လစဉ် အိမ်လခလိုက်ကောက်တာထက် အများကြီးပိုတဲ့ကိစ္စတွေကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်ရပါလိမ့်မယ်။ Home Maintenance, repair, အိမ်ငှားတွေရဲ့ complaints နှင့် problem အမျိုးမျိုး၊ potential vacancies ၊ သင့်တော်တဲ့အိမ်ငှားတွေကိုရွေးချယ်နိုင်မှု့ အစရှိတဲ့ ကိစ္စရပ်အများအပြားကို တချိန်တည်းမှာ ကိုင်တွယ်ဖြေရှင်းနိုင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင်မှာ မမျှော်လင့်ထားတဲ့ ငွေကုန်ကြေးကျအများအပြားခံပြီးတော့ ရှောင်တခင်ပြုပြင်ထိမ်းသိမ်းမှု့တွေလုပ်နိုင်ဖို့အတွက် ကိုယ့်နောက်မှာ လုံလောက်တဲ့ငွေကြေးအင်အားရှိနေဖို့ကလဲ လိုအပ်ပြန်ပါသေးတယ်။
3. ဘယ်လိုကုန်ကျစရိတ်တွေရှိနိုင်လဲ
- Mortgage and Taxes : အိမ်ငှားခ ရငွေနှင့်မကာမိတဲ့လိုငွေတွေကို ကိုယ်ကဖြည့်ပြီးပေးဆောင်ရမယ်။
- Insurance: အိမ်အငှားထားတဲ့သူတွေဟာ Landlord policies အရ အာမခံကြေးတွေကို သာမန် home owners တွေထက် 25% ပိုပြီးတော့ပေးသွင်းရပါတယ်။
- Repair and Maintenance: အိမ်ပြုပြင်ထိမ်းသိမ်းစရိတ်ဟာ အနည်းဆုံး အိမ်တန်ဖိုးရဲ့ 1% လောက်ကို နှစ်စဉ်ကျခံနိုင်ရပါမယ်။
- Vacancies and Management Fees : ကိုယ်က Management ငှားထားတယ်ဆိုရင် သူတို့အတွက်ပေးရတဲ့ fees တွေ ၊ အိမ်အငှားမရှိတဲ့ vacancies unit အလွတ်တွေက ဝင်ငွေမရတဲ့ကာလတွေဟာ ကိုယ့်ရဲ့ net profit ထဲကနေ အနုတ်ပြပါတယ်။
ဒီအချက်တွေကို စဉ်းစားကြည့်ပြီးတော့ ကိုယ့်ရဲ့အိမ်ကို ရောင်းချမလား ဒါမှမဟုတ် အငှားထားပြီး Landlord တစ်ယောက်အနေနှင့်ရပ်တည်မလားဆိုတဲ့ရွေးချယ်မှု့ကို မှန်မှန်ကန်ကန်ရွေးချယ်ဆုံးဖြတ်နိုင်ပါတယ်။
ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Kommentare