top of page

အိမ်ဝယ်ဖို့ Home Tour သွားကြည့်တဲ့အခါ သတိထားရမယ့် Red Flags တွေ။



အိမ်တစ်လုံးကိုဝယ်ယူတယ်ဆိုတာဟာ ကိုယ့်ဘဝမှာ အရေးကြီးဆုံး ကိစ္စတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝယ်မယ့်အိမ်ကို သေသေချာချာ ကြည့်ရှု့လေ့လာပြီးဝယ်ယူနိုင်မှသာ နောက်တစ်ချိန်မှာ ငွေအများကြီးကုန်ရမယ့်ကိစ္စတွေ၊ ခေါင်းရှုပ်ပြီး စိတ်အနှောင့်အယှက်ဖြစ်ရမယ့် ကိစ္စတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ဝယ်ဖို့ သွားကြည့်ပြီဆိုရင် သတိထားပြီးစစ်‌ဆေးရမယ့်အချက်လေးတွေကိုပြောပြပေးပါမယ်။



(1) Foundation 

အိမ်နံရံအက်နေတာတွေ၊ ကြမ်းပြင်မညီတာတွေ၊ တံခါးနှင့်ပြတင်းပေါက်တွေ သေချာကောင်းမကောင်းကို စစ်ဆေးပါ။


(2) Water Damage

နံရံမှာဆေးကွာပြီး စွန်းထင်းနေတာတွေ ၊စိုထိုင်းပြီးမှိုတက်နေတာတွေ၊ ရေငွေ့ပျံမှုကြောင့် ရေညှိနံ့နှင့် မကောင်းတဲ့အနံ့အသက်တွေ ရှိ‌မရှိကို လေ့လာပါ။ 


(3) Roof Integrity 

အိမ်ခေါင်မိုးမခိုင်မာမှုဟာ ငွေကုန်ကြေးကျများတဲ့ damaging incidents တွေကိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ခေါင်မိုးအကာပြား shingles တွေစုံမစုံစစ်ဆေးပါ၊ ဖောင်းနေ ကျွံနေတဲ့နေရာတွေရှိမရှိစစ်ဆေးပါ၊ မိုးရေနှင့် နှင်းတွေ ယိုစိမ့်မှု့ရှိမရှိလဲသတိထားကြည့်ရှု့ပါ။



(4) Plumbing System

အိမ်မှာရှိသမျှရေပိုက်ခေါင်း၊ပိုက်လိုင်းနှင့်ရေbarတွေကို အလုပ် လုပ်မလုပ်စစ်ဆေးပါ။ Water pressure ကောင်း မကောင်းလဲလေ့လာပါ။ ရေစိမ့်ယိုနေ ပေါက်ပြဲ ကွဲအက်နေတဲ့ ပိုက်လိုင်းတွေရှိမရှိကြည့်ပါ။


(5) Electrical Safety

လျှပ်စစ်နှင့် wiring ပြသနာတွေဟာ ကိုယ့်အသက်အန္တရာယ်နှင့် မီးလောင်မှု့တို့တွေအတွက် အရမ်းကိုမှအရေးကြီးပါတယ်။ ဒါ့ကြောင့် ပလပ်ပေါက်နှင့် မီးသီးမီးချောင်းတွေသေချာအလုပ်မလုပ် စစ်ဆေးပါ။ Electrical Breakers တွေ emergency မှာ ကျလားမကျလားစစ်ဆေးပါ။ ဝိုယ်ယာအပေါက်အပြဲတွေကို သတိထားပါ။


(6) HVAC ( Heating, Ventilation And Air Conditioning) System

တပ်ဆင်ထားတဲ့ HVAC system ရဲ့သက်တမ်းနှင့် warranty ကာလတွေကို မေးမြန်းမှတ်သားပါ။ ကောင်းကောင်းအလုပ်ရဲ့လား ၊ alarm သံတွေကျယ်ရဲ့လား၊ detection ကောင်းရဲ့လား စမ်းသပ်စစ်ဆေးပါ။


(7) Exterior & Landscaping 

အိမ်ရဲ့ဘေးမှာ သစ်ပင်ကြီးကြီးမားမားတွေရှိမရှိစစ်ဆေးပါ၊ ဒီသစ်ပင်ကြီးတွေရဲ့ အမြစ်တွေက အိမ်ရဲ့ foundation ကို လာပြီးထိခိုက်နိုင်ပါတယ်။ Drive Way မှာရော flooring အက်ကွဲနေတာတွေ အုပ်ချပ်တွေမစုံမညီဖြစ်နေတာတွေစစ်ဆေးပါ။



ဒါတွေကတော့ အိမ်တစ်လုံးကိုဝယ်‌တော့မယ်ဆိုရင် မဖြစ်မနေစစ်ဆေးရမယ့်အချက်တွေပဲဖြစ်ပါတယ်။ ထပ်ပြီး အကြံပေးချင်တာကတော့ ကိုယ်က အိမ်ကိုကြိုက်ပြီ ဝယ်ဖို့အတွက် သေ‌ချာစဉ်းစားနေပြီဆိုရင် professional home inspector တစ်ယောက်ကိုငှားပြီးတော့ finalize စစ်ဆေးခိုင်းပြီး အဆင်ပြေတယ်ဆိုမှဝယ်ယူပါ။

ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 


442 views0 comments

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

Developed by Full stack Marketer

bottom of page