top of page

လက်ရှိ Mortgage Rateတွေ မတည်မငြိမ်ဖြစ်မှုရဲ့နောက်ကွယ်ကအချက်များ


လတ်တလော ကာလမှာ Mortgage Rate အတက်အကျတွေဟာ အတော်ကိုမငြိမ်မသက်ဖြစ်နေပါတယ်။ ဒီလိုဖြစ်အတက်အကျတွေဖြစ် နေစေတဲ့ political နှင့် economic factors တွေကတော့

အောက်ပါအတိုင်းဖြစ်ပါတယ်။



1. Election Uncertainty : Presidential Election မတိုင်ခင်က မသေမချာ မရေရာတဲ့ political transitions နှင့် ပေါ်လစီ အပြောင်းအလဲတွေကို မမျှော်မှန်းနိုင်မှုက ရိုက်ခတ်လာတဲ့ ဈေးကွက်အပြောင်းအလဲတွေဟာ အခုအချိန်ထိမငြိမ်သက်သေးပါဘူး။ ဒါ့အပြင်မှာ budget deficits နှင့် international tensions အစရှိတဲ့အချက်တွေအပေါ် ပြည်သူလူထု‌ရဲ့ concerns တွေကလဲ တစ်နိုင်ငံလုံးအတိုင်းအတာ mortgage rate တွေအတက်အကျဖြစ်‌

နေမှုကို တိုက်ရိုက် သက်ရောက်နေပါတယ်။




2. The Federal Reserve's Actions: U.S Federal Bureaucracy က mortgage rate တွေကို သူတို့ကိုယ်တိုင်ချမှတ်ပေးတာမဟုတ်ပေမယ့်လဲ သူတို့ရဲ့ inflation ကိုထိမ်းချုပ်ဖို့ကြိုးစားမှု့တွေ ၊ Federal Funds တွေကို adjustment တွေပြုလုပ်ခြင်းဟာ mortgage rate တွေအတက်အကျဖြစ်မှုကို သက်ရောက်တွန်းအားပေးနေပါတယ်။




3. Economic Indicators: ငွေကြေး Inflation, national employment rates နှင့် အစဉ်အဆက်မပြတ် ဖြစ်ပွားနေတဲ့ global events တွေကလဲ investor sentiment ကို ပြောင်းလဲစေတာကြောင့် mortgage rate အပြောင်းအလဲတွေကို သွယ်ဝိုက်သောအားဖြင့် သက်ရောက်မှု တွေရှိနေပါတယ်။


ဒါကြောင့် အခုရွေးကောက်ပွဲအပြီးမှာ အသစ်စတင်မယ့် political & economic policies တွေ၊ ဒီ policies တွေကြောင့် အသစ်ဖြစ်ပေါ်လာမယ့် စီးပွားရေးကဏ္ဍတွေ အပေါ်ကိုမျှော်မှန်းကြည့်ခြင်းအားဖြင့် mortgage rate မငြိမ်မသက်ဖြစ်မှုတွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်ဖြစ်နေဦးမယ်လို့ ယူဆလို့ရပါတယ်။ ဘယ်လောက်အထိ အတက်အကျတွေဖြစ်လာမလဲဆိုတာကိုတော့ လတ်တလောမှာ အတိအကျမျှော်မှန်းနိုင်ဖို့ခက်နေပါသေးတယ်။

ဒါ့ကြောင့် ဒီကာလမှာ ကိုယ့်ရဲ့အိမ်ကိုအရောင်းအဝယ်တွေလုပ်တော့မယ်ဆိုရင် ဈေးကွက်မှာ experience ရှိပြီးသား real estate agent တွေနှင့် ဆက်သွယ်တိုင်ပင်ပြီးမှ ဆက်လက်ဆောင်ရွက်ဖို့ကို အကြံပေးချင်ပါတယ်။

ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


180 views0 comments

Comments


bottom of page