top of page

Seattle မှာနေမယ်ဆိုရင် သိသင့်တဲ့ အားသာချက်နဲ့  အားနည်းချက် ၂၂ ချက်

Updated: May 10, 2024

Seattle မြို့မှာ လူပေါင်း ၇၆၂,၅၀၀ ရှိပြီးတော့ ခေတ်ဆန်ခြင်းကော သဘာ၀ဆန်ခြင်းအားလုံးကို တစ်ပြိုင်တည်းခံစားနိုင်လို့ တိုးတက်မှုအမြန်ဆုံး အမေရိကားရဲ့ မြို့တွေထဲက တစ်ခုဖြစ်နေတာ မဆန်းပါဘူး။


Seattle မှာနေထိုင်ခြင်းရဲ့ အားသာချက်များ


Seattle ရဲ့ အားသာတဲ့ အကြောင်းအရာတွေကို စဉ်းစားမယ်ဆိုရင် ဒီမြို့ဘာလို့ လူဦးရေတိုးတက်လာလဲဆိုတာကို ကြည့်ရင်သိနိုင်ပါတယ်။ အောက်မှာ အကြိုက်ဆုံး ၁၁ ချက်ကိုပြောပြထားပါတယ်။


၁။ တစ်နှစ်ပတ်လုံးရှိတဲ့ Outdoor Fitness 


Seattleမှာနေထိုင်သူ တော်တော်များများက နေထွက်တာနဲ့ သူတို့ရဲ့ လမ်းလျှောက်ဖိနပ်တွေကို ချည်နှောင်ပြီး လမ်းလျှောက်ပြေးလွှားကြတာကို နှစ်တစ်နှစ်ရဲ့ ဘယ်လမှာမဆိုလုပ်နိုင်ပါတယ်။ Seattle ဧရိယာတစ်ခုလုံးမှာ တောင်တက်လမ်းတွေ တစ်နှစ်ပတ်လုံး ဖွင့်ထားပါတယ်။ ဒါ့အပြင် rock-climbing gym နဲ့ ကပ်လှေစီးခြင်းတွေလုပ်ဖို့ အခွင့်အလမ်းတွေရှိတဲ့အတွက် သင်ဘယ်လိုစွန့်စားခန်းတွေထွက်ချင်လည်းဆိုတာ ကြိုတွေးထားလိုက်ပါ။ ဒါကြောင့်လည်း  Seattle က U.S မှာ ကျန်းမားရေးအကောင်းဆုံး ပဉ္စမမြို့အဖြစ်အဆင့်သတ်မှတ်ခြင်းခံထားရတာပါ။


၂။ ခေတ်ရှေ့ပြေးတဲ့ အနုပညာယဉ်ကျေးမှူ


မိုးအမြဲရွာတဲ့မြို့ဖြစ်တဲ့ အလျောက် မြို့ခံတွေက အိမ်ထဲမှာနေရတဲ့  အချိန်တွေကို စာဖတ်ပြီး ဖြုန်းလေ့ရှိပါတယ်။ Seattle မှာ စာအုပ်ဆိုင်အများကြီးရှိတဲ့အတွက် USNESCO က "Creative City of Literature " ဆိုပြီး အသိအမှတ်ပြုခဲ့ပါတယ်။ 


Seattle ကလူတွေက စာပေလေ့လာသူတွေပဲမဟုတ်ပါဘူး။ ဒီမြို့မှာ အနုပညာနဲ့ပတ်သတ်ပြီး လည်ပတ်စရာတွေစုံအောင်ရှိပါတယ်။ Seattle ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ Chihuly Glass Museum and Studio လိုအနုပညာပြတိုက်တွေ အပြင် Pioneer Square ကပန်းချီပြခန်းတွေ, Music Venue တွေပြန့်ကျဲနေပါတယ်။ 


၃။ သင့်ရဲ့ ၁၀ မိနစ်အတွင်းမှာရှိတဲ့ ပန်းခြံတွေ


Emerald City က ပန်းခြံနဲ့ အပန်းဖြေဖို့အတွက် တစ်ဦးကို ပျမ်းမျှ $325 သုံးစွဲပါတယ်။ ဒါကြောင့် မြို့ခံတွေက စိမ်းလန်းတဲ့ ပန်းခြံတွေကနေ ၁၀ မိနစ်အတွင်းမှာ နေထိုင်ကြပါတယ်။ အများသုံးသွားလာရေးကို သုံးပြီးတော့လည်း Ballard's Golden Gardens, Lake Washington's Matthews Beach ကိုအမြန်သွားလာနိုင်ပြီး နဲ့ Puget Sound နဲ့ Cascade Mountains ရဲ့ ရှူခင်းတွေကို Discovery Park ကနေ ခံစားနိုင်ပါသေးတယ်။


၄။ Tax-free Income


Seattle က ဝန်းထမ်းအဖြစ် ခန့်ခံရတယ်ဆိုရင် Washington State ရဲ့ အခွန်ကနေလွတ်ပါတယ်။ ဒါက IRS ကနေလည်း လွတ်တယ်လို့မဆိုပေမယ့် U.S ရဲ့ အလှပဆုံးသော ရှုခင်းတွေကို ပိတ်ရက်မှာသွားကြည့်ဖို့အတွက်တော့ ဝင်ငွေထွက်လာမှာပါ။


၅။ အစားအသောက် ယဉ်ကျေးမှု


Seattle ရဲ့ အကောင်းဆုံးစားသောက်ဆိုင်ဆိုတာတွေကို ရွေးချယ်ဖို့ ခက်ခဲပါတယ်။ ရှည်လျားတဲ့ ကမ်းရိုးတန်း၊ မတူညီတဲ့ စိုက်ပျိုးမှုပုံစံနဲ့ စည်ကားလွန်းတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြောင့် Seattle မြို့က အစားအသောက်သမားတွေအတွက် ရတနာသေတ္တာဖြစ်လာပါတယ်။ Capitol Hill မှာ Mexican, Vietnamese, Ethiopian၊ West Seattle's Elliott Bay နဲ့ Alki Beach တွေမှာ ရင်သပ်ရှုမောဖွယ် စားသောက်ဆိုင်မြင်ကွင်းတွေ ရှိပြီးတော့ Georgetown ရဲ့ နာမည်ကြီး ဘီယာချက်စက်ရုံတွေကိုလည်း ခံစားနိုင်ပါတယ်။


၆။ ကြီးကျယ်ခမ်းနားတဲ့ ရပ်ကွက်တွေ


သင့်ရဲ့ Seattle Bucket List ထဲက Seattle Center, the Space Needle နဲ့ Pike Place Market တွေကို သွားလည်ကြည့်ပါ။ Puget Sound ကနောက်ခံဖြစ်သွားပြီဆိုတာနဲ့ Seattle ရဲ့ အလှတရားတွေက သူ့ရဲ့ ရပ်ကွက်မှာ မြင်တွေ့နိုင်တာပါ။ Capitol Hill ရဲ့ LGBTQ+ ယဉ်ကျေးမှု၊ ပြခန်း နဲ့ ကော်ဖီဆိုင်တွေ၊ Belltown ရဲ့ ကလပ်နဲ့ ကွန်ဒိုအမြင့်ကြီးတွေ၊Alki Beach နဲ့ West Seattle ရဲ့ မြို့ငယ်လေးတွေကို လေ့လာကြည့်ပါ။ ဘယ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် သင်ကို အနိုင်ယူမယ့် စိတ်ဝင်စားစရာတစ်ခုရှိကိုရှိမှာပါ။


၇။ သဘာဝနဲ့ နီးစပ်ခြင်း


ပစိဖိတ်အနောက်မြောက်ဘက်မှာ သဘာဝတရားတွေကြွယ်ဝပါတယ်။ Greater Seattle Area ကနေဆိုရင် သင်က Cascade Mountains, Puget Sound က ရောကစားနည်းတွေ Washington Coast တစ်လျှောက်က ကျွန်းတွေဆီခေါ်ဆောင်သွားပေးမယ့် ဖယ်ရီတွေဆီကို ကားမောင်းရုံနဲ့ ရောက်ပါတယ်။


၈။ ပြင်းထန်တဲ့ရာသီဥတုမရှိပါ။


ဟာရီကိန်းမုန်တိုင်းများ၊ လေဆင်နှာမောင်းများ၊ မိုးခေါင်မှုနှင့် အခြားသော မုန်တိုင်းတွေက ဝါရှင်တန်မှာ မရှိပါဘူး။ နေဝင်ရီတရောမှာ တွေ့ရတတ်တဲ့ နွေရာသီခြင်တွေလောက်ကိုပဲ သင့်ကြုံတွေ့ရမယ့် အကြီးဆုံးပိုးမွှားအဖြစ် စိတ်ထဲမှာ မှတ်ထားပါ— ပြီးတော့ ဒါကိုလည်း ခြင်ဆေးနည်းနည်းလေးနဲ့တောင် ပယ်ရှားလို့ရပါတယ်။


၉။ ထူးခြားသောယဉ်ကျေးမှု


Seattle ယဉ်ကျေးမှုကို စိတ်ကူးကြည့်တဲ့အခါ Starbucks နဲ့ Nirvana လို့ ထင်ကောင်းထင်နိုင်ပါတယ်။ သင်ထင်တာ အရမ်းတော့ မမှားပါဘူး။ ဒါပေမယ့် Seattle ကနေထိုင်လို့ကောင်းတဲ့ နေရာတစ်ခုဖြစ်နေတာကတော့ သူရဲ့ လူတိုင်းအတွက် ထူး​ခြားဆန်းကြယ်တဲ့ အရာတွေကြောင့်လို့ထင်နိုင်ပါတယ်။။ Fremont က တံတားတစ်ခုအောက်မှာ နေထိုင်တဲ့ ဧရာမ troll အပါအဝင်တက်ကြွတဲ့ဂိမ်းအသိုက်အဝန်း၊ Bumbershoot လိုဂီတပွဲတော်များနှင့် Seattle ၏သမိုင်းဝင်ရပ်ကွက်များတစ်ဝိုက်တွင် ပုံမှန်မဟုတ်သောတစ္ဆေခရီးစဉ်များစွာရှိပါတယ်။


၁၀။ အလုပ်အကိုင်ဈေးကွက်


Seattle မှာ Google, Microsoft, Amazon နဲ့ Facebook တို့လို လစာကောင်းတဲ့ နည်းပညာအလုပ်တွေကိုပေးတဲ့ ကုမ္ပဏီတွေရှိပါတယ်။ နည်းပညာအပြင် ဒေသတွင်းစီးပွားရေးကလည်း လျင်မြန်စွာတိုးတက်နေပြီး ၂၀၃၅ မှာ  အလုပ်အကိုင်ပေါင်း ၁၁၅,၀၀၀ ခန့် နဲ့ တိုးတက်နေမယ့် startup cultureမျိုးအထိမျှော်မှန်းထားကြပါတယ်။ Seattle က အလုပ်လက်မဲ့နှုန်း ၃% ဆိုတော့ နည်းတာဖြစ်ပြီး ပျမ်းမျှလုပ်အားခ ၂၈ ဒေါ်လာရှိပါတယ်။


၁၁။ Liquid Love


ကော်ဖီဆိုင်ပေါင်း ၈၅၀ ကျော်နဲ့ Starbuck ရဲ့မွေးရပ်မြေဒေသဖြစ်တဲ့ Seattle ရဲ့ ကော်ဖီယဉ်ကျေးမှုက ဒေသခံတွေလိုအပ်တဲ့ ကဖင်းဓာတ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။


မနက်ခင်း ကော်ဖီသောက်ပြီးရင်တော့ Seattle-Tacoma ရဲ့ ဘီယာဆိုင်ပေါင်း ၁၇၄ ဆိုင်ထဲကနေ ရွေးချယ်နိုင်ပါသေးတယ်။ သင်က IPA beer or Craft beer သိပ်ကြိုက်တဲ့သူမဟုတ်ဘူးဆိုလည်း Seattle က cocktail and wine bar တွေနဲ့ပြည့်နှက်နေပါတယ်။


Seattle မှာနေထိုင်ရတဲ့ အားနည်းချက်


တခြားမြို့ကြီးတွေလိုပဲ Seattle မှာလည်း အားနည်းချက်တွေရှိပါတယ်။ သင်နဲ့ ဘာတွေက မကိုက်ဘူးလဲဆိုတာကို ကြည့်ကြည့်ရအောင်။


၁၂။ Seattle မှာက မိတ်ဖွဲ့ရ နည်းနည်းခက်ပါတယ်။


နော်ဒစ်မျိုးရိုးနဲ့ မိုးရေပုံးတွေ ဒေသခံတွေရဲ့ သဘောထားနဲ့ပတ်သက်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ "Seattle Freeze"လို့ တင်စားကြခြင်းရဲ့ အရင်းမြစ်ဖြစ်နိုင်ပါတယ်။ ပုံမှန် Seattleite တွေကဖော်ရွေတဲ့စိတ်ထားရှိပေမယ့်လည်း ဒေသခံမဟုတ်တဲ့သူတွေနဲ့  ရေရှည်တည့်မဲတဲ့ မိတ်ဆွေဖွဲ့ဖို့အတွက်တော့ ရုန်းကန်ကြရပါတယ်။ 


ဒါပေမယ့် ဒီလိုဖြစ်နေတာကလည်း တခြား  U.S ကမြို့ကြီးတွေလိုပဲ ကိုယ့်ရဲ့ ပြက္ခဒိန်တစ်ခုလုံးက အလုပ်များတဲ့ အချိနိဇယားတွေ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ပြည့်ကျပ်နေလို့ပါ။   ကိုယ့်ရပ်ကွက်ထဲက co-working space, တောင်တက်အဖွဲ့၊ ဒေသတွေင်းတွေ့ဆုံပွဲတွေကို ပုံမှန်သွားပြီးတော့ သူစိမ်းဆန်တဲ့အလွှာကို ခွာချနိုင်မှာပါ။


၁၃။ နေထိုင်မှုစရိတ်မြင့်မားခြင်း


ဝါရှင်တန်ပြည်နယ်မှာ အခွန်ငွေသိပ်မပေးရသော်လည် Seattle ကဈေးကြီးနေဆဲပါ။ MIT ရဲ့ Living Wage Calculator အရ ကလေးမရှိတဲ့ လူလွတ်တစ်ယောက်ဟာ Seattle မှာသက်တောင့်သက်သာနေဖို့ အချိန်ပြည့်တစ်နာရီလုပ်ခ $21.48 လိုအပ်ပါတယ်။ မြို့တွင်းအနည်းဆုံးလုပ်ခ $18.69 က နာရီလိုက်လုပ်တဲ့ အလုပ်သမားတွေရဲ့ အနည်းဆုံးတစ်နာရီလုပ်အားခနဲ့ မမျှပါဘူး။ MIT ရဲ့တွက်ချက်မှုအရဆိုရင် အဲ့လူရဲ့ နေထိုင်စရိတ်က အစားအသောက်အတွက်ပျမ်းမျှ $4,686 ၊ သွားလာစရိတ် $5,316 နဲ့ အိမ်ခ $18,388 လောက်ကျသင့်ပါတယ်။ ဒါကြောင့် Seattle က ၂၀၂၃ နှောင်းပိုင်းအထိ U.S ရဲ့ နဝမမြောက်နေထိုင်မှုစရိတ်စကအများဆုံးမြို့ပါ။


၁၄။ ဈေးကြီးပြီး အပြိုင်အဆိုင်များတဲ့ အိမ်ရောင်း အိမ်ဝယ်ဈေးကွက်


အနောက်ဘက်မှာရှိတဲ့ ပင်လယ်နဲ့ အရှေ့ဘက်မှာရှိတဲ့ ပင်လယ်က Seattle ရဲ့ တိုးတက်မှုကို ဟန့်တားသလိုဖြစ်နေပါတယ်။ မြို့ငယ်တစ်ခုရဲ့ ခံစားချက်ကကောင်းပေမယ့် အိမ်ရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့အတွက် ဈေးတွေကလည်း တအားတက်လာပါတယ်။ နာမည်ကြီးတဲ့ Bellevue က Seattle ရဲ့ ဈေးအကြီးဆုံးရပ်ကွက်မဟုတ်ပါဘူး။ Seattle မြို့လယ်ခေါင်က အထပ်မြင့်တွေနဲ့ ကမ်းရိုးတန်းတစ်လျှောက်က အိမ်ရာတွေရဲ့ ဈေးတွေကလည်း မိုးပေါ်ထိုးတက်နေပါတယ်။


၁၅။ ဖြစ်နိုင်ချေရှိတဲ့ ငလျင်များ


Seattle က သဘာဝဘေးအန္တရာယ်တော်တော်များများရန်ကလွတ်ပါတယ်။ ဒါပေမယ့် ပစိဖိတ်အနောက်မြောက်ဘက်မှာ ပျမ်းမျှအနေနဲ့ နှစ် ၅၀၀ တစ်ခါ ဒါမှမဟုတ်အဲ့ထက်ပိုပြီး 'megathrust' ငလျင်တစ်ခုကိုကြုံတွေ့ရပြီးတော့ Seattle ကိုဖြတ်တဲ့ ပြတ်ရွေ့ကြောတစ်ခုရှိပါတယ်။


၁၆။ လူဖြူများသော်လည်း အလွှာစုံ


မြို့တော်ရဲ့ လူဦးရေစာရင်းက လူဖြူဒီမိုကရက်ပိုများပါတယ်။ ဒါပေမယ့် မြို့တော်ရဲ့ သည်းခံမှုဂုဏ်သတင်းက ထိုက်တန်ကျော်ကြားပါတယ်။။ U.S အတွင်း တတိယမြောက် LGBTQ+ လူဦးရေအများဆုံးမြို့ပါ။


၁၇။ မိုးအုံ့တဲ့ ကောင်းကင်နဲ့ အုံ့မှိုင်းတဲ့ရာသီဥတု


Seattle က U.S မှာ တိမ်အထူထပ်ဆုံးမြို့တွေထဲကတစ်ခုဖြစ်ပြီးတော့ Evergreen ပြည်နယ်ဆိုရင် အောက်တိုဘာလ ကနေ ဇွန်လဆန်းအထိ နေရောင်ရှားပါးပါတယ်။ အကောင်းဘက်ကကြည့်မယ်ဆိုရင်တော့ မိုးရွာတာက ဝါရှင်တန်ပြည်နယ်ရဲ့ စိမ်းလန်းစိုပြေပြီး ထင်းရှုးပင်ပေါ်များတာတွေအတွက် တာဝန်ရှိပါတယ်။ ဒီတောတွေရှိလို့ နေပူ မိုးရွာထဲ ဒေသခံတွေ အပန်းဖြေလမ်းလျှောက်ထွက်နိုင်တာပါ။


၁၈။ Property Crime ရာဇဝတ်မှုမြင့်တက်လာနေခြင်း


ဘေးကင်းဖို့က အဓိကဆိုရင်တော့ Seattle က နေထိုင်လို့ကောင်းတဲ့ နေရာပါ။ ဒီမြို့က တခြားမြို့တွေနဲ့ ယှဉ်ရင် ဆိုးရွားတဲ့ ရာဇဝတ်မှုနှုန်းနည်းပါပြီး ဘေးကင်းလုံခြုံတဲ့မြို့အဖြစ် ထင်ရှားပါတယ်။ မြို့လယ်ထဲ လမ်းလျှောက်တာ, Discovery Park ကို နေဝင်ရီတရောအချိန်သွားတာ Capitol Hill မှာ bar သွားထိုင်တာပဲဖြစ်စေ Seattleites အများစုက လုံခြုံတယ်လို့ ခံစားရပါတယ်။


ဒါပေမယ့် လုံးစုံစိတ်ချရတယ်လို့ မဆိုလိုပါဘူး။ Property crime တွေက Seattle မှာအရမ်းများပါတယ်။ ဒေသခံတွေက သူတို့ရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ကားထဲမှာထားခဲ့တာ ဒါမဟုတ် အိမ်ကို သော့မခတ်တာမျိုးမလုပ်သင့်မှန်းသိပါတယ်။


၁၉။ ပင့်ကူကြီးတွေက အရမ်းကြီးပါတယ်။


သင့်ရဲ့ မြေအောက်ခန်းထဲမှာ ကြောင်လောက်ရှိတဲ့ arachnid scurry ကိုတွေ့နိုင်ပါတယ်။ Washington ရဲ့ giant house spider တွေက ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး arachnid တွေပါ။ သတင်းကောင်းကတော့ သူတို့ကို သိပ်ကြောက်စရာမလိုပါဘူး။ ရန်လည်း မလိုပဲ တခြားပိုးကောင်တွေကိုပဲစားတာပါ။


၂၀။ ကားလမ်းအရမ်းပိတ်ဆို့ပါတယ်။


Seattle ယာဉ်ကြောပိတ်ဆို့မှု ကြီးမားတဲ့မြို့ပါ။ GPS ထုတ်လုပ်သူ TomTom အရ Seattleite တစ်ယောက်က တစ်နှစ်ကို ပျမ်းမျှ ခန့်မှန်းခြေ ၅၂  နာရီခန့် ယာဉ်ကြောပိတ်ဆို့ပြီး အချိန်ဖြုန်းရပါတယ်တဲ့။


၂၁။ The Big Dark


အနည်းဆုံး ၅ လလောက် ညနေ ၆ နာရီ မတိုင်ခင်ဆိုနေဝင်ပါပြီ။ နေထွက်တာလည်း နောက်ကျပါတယ်။ December လရဲ့ နေတာအတိုဆုံးနေ့မှာ မနက် ၇:၅၄ မှာနေထွက်ပြီးတော့ ည ၄:၂၀ မှာနေဝင်ပါတယ်။ Savvy Seattleites တွေကတော့ နေ့ဘက်မှာ လိုအပ်တဲ့ ဗီတာမင် D ကိုရယူပြီးတော့ရှည်လျားတဲ့ နွေရာသီနေ့ကို ကောင်းကောင်းအသုံးချတတ်ကြပါတယ်။ ဒါပေမယ့် သင်က တစ်နှစ်ပတ်လုံး sunscreen နဲ့နေသားကျနေပြီဆိုရင်တော့ Seattle ရဲ့ ရာသီဥတုက သင့်ကို ထိခိုက်နိုင်ပါတယ်။


၂၂။ ရည်းစားရဖို့ အလားအလာနည်းပါတယ်။ 


Podcast တစ်ခုက Seattle ကို "single တွေအတွက်အဆိုးဆုံးမြို့" ဆိုပြီး ခေါ်ဆိုခဲ့ပြီး အခြားလေ့လာမှုတစ်ခုအရ အကောင်းဆုံးလို့ပြောထားပါတယ်။ တခြားမြို့ကြီးတွေလိုပဲ ကိုယ်ပေးသလောက် ကိုယ်ရမှာဆိုပေမယ့်  အပြင်ထွင်တဲ့အခါ ပုံမှန်ထက်တော့ ပိုကြိုးစားရပါလိမ့်မယ်။ ကံကောင်းချင်တော့ တက်ကြွတဲ့ LGBTQ အသိုင်းအဝိုင်း၊ ကလပ်တွေနဲ့ အားကစားမျိုးစုံရှိတဲ့အတွက် လူတိုင်းအတွက် တစ်စုံတစ်ဦးကို ပေးဆောင်နိုင်ပါတယ်။ သင်က ထွက်သွားပြီး ရှာတတ်ဖို့ပဲလိုတာပါ။


Seattle မှာ နေထိုင်ရန် အကောင်းဆုံးနေရာများ


Seattle က အစားအသောက်ကောင်းတွေကို ကြိုက်နှစ်သက်ပြီး အပြင်ထွက်ရတာကြိုက်တဲ့ စာဂျပိုးတွေအတွက် နေထိုင်လို့ကောင်းတဲ့ နေရာတစ်ခုပါ။ ဒါပေမယ့် Seattle ရဲ့ ဘယ်ရပ်ကွက်ကို ရွှေ့ရမလဲ စဉ်းစားနေရင်တော့ အောက်မှာ ပြောပြထားတာတွေကို ကြည့်လိုက်ပါ။


Capitol Hill

Creative သမားတွေ၊ ဟိုတယ်ပိုင်းဆိုင်ရာလုပ်တဲ့ သူတွေ နဲ့ startup professionals တွေကတော့ Capitol Hill ရဲ့ အနုပညာတွေ nightlife တွေနဲ့  အံဝင်ခွင်ကျဖြစ်မှာပါ။


South Lake Union

သက်သောင့်သက်သာရှိတာနဲ့ ခေတ်မှီတဲ့ အရာတွေကို ကြိုက်နှစ်သက်တဲ့ နည်းပညာကျွမ်းကျင်သူတွေနဲ့ မြို့ထဲနေရတာကြိုက်တဲ့သူတွေအတွက်ကတော့ South Lake Union ကအကောင်းဆုံးပါ။


Ballard

သင်အိမ်ငှားဖို့သုံးလိုက်ရတဲ့ စရိတ်က ကျောင်းကောင်းကြီးတွေ အရည်အသွေးကောင်းတဲ့ စားသောက်ဆိုင်တွေနဲ့ မိသားစုတစ်ခု တည်ဆောက်ဖို့ အကောင်းဆုံး အိမ်တစ်ခုအဖြစ် ပြောင်းလဲသွားတာပါ။

481 views0 comments

コメント


bottom of page