top of page

Mortgage Rate တွေကျနေပါပြီ ၊ ဒီအချိန်က အရောင်းအဝယ်တွေလုပ်ဖို့သင့်တော်ပြီလား ?


Mortgage Rate တွေဟာ သူတို့ရဲ့ housing affordability အပေါ်တိုက်ရိုက်သက်ရောက်မှုတွေအတွက်ကြောင့် လတ်တလောမှာ hot topic တစ်ခုဖြစ်နေပါတယ်။ မကြာသေးခင်ကပဲ Mortgage Rate ဟာ 7.5% ကနေ 6.5% အထိ full 1% ကျသွားခဲ့ပါတယ်။ ဒီအချက်ဟာ အိမ်ဝယ်ဖို့စောင့်မျှော်နေကြတဲ့ Buyers တွေအတွက်ကတော့သတင်းကောင်းတစ်ခုပါပဲ။ Mortgage Rate တွေဟာ ဒီ့ထက်ရောပိုပြီးကျနိုင်ဖို့အလားအလာရှိနိုင်ပါသေးသလား ?


Home buyers တွေကတော့ ဒီ့ထက်ပိုပြီး ကျလာဖို့မျှော်လင့်နေကြပေမယ့် Bankrate Company ကစီးပွားရေးပညာရှင် Greg McBride ကတော့ လတ်တလောမှာ ဒီ့ထက်ပိုကျဖို့မဖြစ်နိုင်တော့ဘူး၊ ဒါပေမယ့် နောက်နှစ်မှာတော့ Mortgage rate ဟာ 5.5 % နှင့် 6% ကြားအထိဆက်ကျနိုင်မယ်လို့ ခန့်မှန်းပေးထားပါတယ်။


အခုလို mortgage rate တွေကျလာရင် ပုံမှန်အားဖြင့် buyers demand တွေတက်လာတတ်ပါတယ်။ အိမ်ဝယ်ဖို့အတွက်စောင့်နေတဲ့သူတွေအတွက်ကတော့ competition တွေမြင့်တက်မလာခင်မှာအမြန်ဆုံး အရောင်းအဝယ်တွေကို ဦးအောင်စလုပ်ထားသင့်နေပါပြီ။ 


အခုဆိုရင် နေရာအချို့မှာ အိမ်ဈေးတွေစတက်နေပါပြီ ၊ limited supply ဖြစ်တဲ့နေရာတွေမှာဆိုရင် အိမ်ဈေးတွေဟာတဟုန်ထိုးထပ်တက်သွားနိုင်မယ့်အနေအထားမျိုးမှာရှိနေတယ်။ ဒါကြောင့် အိမ်ဝယ်ဖို့ဆုံးဖြတ်ထားရင် စပြီးလှုပ်ရှားသင့်ပါပြီ။ 


Refinance လုပ်မဲ့အိမ်ပိုင်ရှင်တွေ အနေနဲ့တော့ ခဏလောက်ထပ်စောင့်ကြည့်သင့်ပါတယ်။ လာမဲ့ နိုဝင် ဘာလ‌ ရွေးကောက်ပွဲ အပြီးလောက်အထိ အတိုးနှုန်းတွေ ထပ်ကျနိုင်မှာ ဖြစ်လို့ အတိုးနှုန်း အနည်းဆုံး ဖြစ်မဲ့ အချိန် ကို မှန်းပြီးတော့ မှ Refinance လုပ်သင့်ပါတယ်။ 


အိမ်အရောင်းအဝယ်တွေအတွက်လဲ အဆင်ပြေမြန်ဆန်ဖို့အတွက် ကိုယ်ယုံကြည်ရတဲ့ Real Estate Professional တွေနှင့်ပူးပေါင်းပြီးလုပ်ဆောင်ဖို့အတွက်အကြံပေးချင်ပါတယ်။


အိမ်အရောင်းအဝယ်ကိစ္စတွေ၊ ချေးငွေLoanကိစ္စတွေအတွက် အချိန်မရွေး ကျွန်မနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။


139 views0 comments

Commentaires


bottom of page