top of page

အိမ်ခြံမြေသည် ၂၀၂၃ခုနှစ်အတွက် ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုဖြစ်ပါသလား?

Updated: Jun 19, 2023

အိမ်ခြံမြေစျေးနှုန်းများ အချိန်နှင့်အမျှ မြင့်တက်လာတတ်သောကြောင့် အိမ်ခြံမြေတွင် ရင်းနှီးမြုပ်နှံခြင်းသည် ရေရှည်မှာ ချမ်းသာမှုကို တည်ဆောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဆိုတာ လူတိုင်း သတိထားမိလာပါတယ်။ ဒါပေမယ့်လည်း လက်ရှိစီးပွားရေးအခြေအနေအရ ဒီနှစ်ထဲမှာ အိမ်ခြံမြေဟာ ရင်းနှီးမြုပ်နှံမှုကောင်းတစ်ခု ဟုတ်မဟုတ်ကိုတော့ သံသယရှိနေကြမှာ အသေအချာပါပဲ။


သမိုင်းကြောင်းအရ အိမ်ရာဈေးကွက်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း သြဇာအရှိဆုံးနှင့် အကျိုးအမြတ်အရှိဆုံး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများထဲမှတစ်ခုဖြစ်တယ်ဆိုတာ အခိုင်အမာတွေ့ရှိရပါတယ်။သို့သော်လည်း ရင်းနှီးမြှုပ်နှံသူများအနေနဲ့ အိမ်ခြံမြေ စျေးကွက်ဟာ ထာဝရတည်ငြိမ်နေမှာမဟုတ်တာကိုတော့ သတိပြုသင့်ပါတယ်။ မြင့်မားသော အတိုးနှုန်းများ၊ ငွေကြေးဖောင်းပွမှု၊ ဆုတ်ယုတ်မှု နှင့် အခြားအချက်များစွာကလည်း အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ သင့်ရဲ့ ဆုံးဖြတ်ချက်တွေကို နှောင့်နှေးစေပါတယ်။


ဒါကြောင့် အခု Blog Post လေးမှာတော့ အိမ်ခြံမြေဟာ ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုဖြစ်မဖြစ်ကို ဆွေးနွေးပေးသွားမှာပါ။


ကြက်ဥအားလုံးကို ခြင်းတစ်လုံးထဲမထည့်ပါနဲ့။

မတူညီတဲ့ ပိုင်ဆိုင်မှုအမျိုးအစားများစွာမှာ ရင်းနှီးမြုပ်နှံခြင်းဟာ ရေရှည်မှာ သင့်ကို ပိုပြီး ချမ်းသာကြွယ်၀စေမယ့် သော့ချက်ပဲဖြစ်ပါတယ်။ အကြောင်းပြချက်ကတော့ သင့်အနေနဲ့ ပိုင်ဆိုင်မှုအားလုံးကို တစ်နေရာတည်းမှာပဲ ပုံအောလိုက်မယ်ဆိုရင် ဆုံးရှုံးနိုင်ချေတွေပိုများလာပြီး ပြဿနာများစွာဖြစ်လာနိုင်ပါတယ်။

အမြဲမှတ်ထားပါ။ ခြင်းတစ်ခြင်းထဲမှာ ကြက်ဥအကုန်မထည့်ပါနဲ့။

သင့်ရဲ့ ငွေကြေးကို နေရာတွေခွဲပြီး ရင်းနှီးမြှုပ်နှံခြင်းက ဆုံးရှုံးနိုင်ချေအန္တရာယ်များရန်မှကာကွယ်ပေးတဲ့ ပြီးပြည့်စုံသော အကာအရံဖြစ်စေပါတယ်။ စျေးကွက်အတက်အကျရှိတဲ့အခါမှာ အချို့သောကဏ္ဍတွေမှာ ကြီးမားသောရိုက်ခတ်မှုဖြစ်စေပြီး အခြားကဏ္ဍများကတော့ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အမြတ်အစွန်းရတဲ့အခါမှာ အချုပ်အားဖြင့် သင့်ရဲ့ချမ်းသာကြွယ်၀မှုကို ဆက်လက်ကာကွယ်နိုင်သောကြောင့်ဖြစ်ပါတယ်။


ဥပမာအားဖြင့် သင့်ရဲ့ ပိုင်ဆိုင်မှုတွေကို စတော့ဈေးကွက်၊ အိမ်ခြံမြေ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၊ စီးပွားရေးလုပ်ငန်းစသည်ဖြင့် ရင်းနှီးမြှုပ်နှံမှုတွေခွဲလုပ်ထားမယ်ဆိုရင် ရေရှည်မှာ ဆုံးရှုံးမှုတွေကြုံတဲ့တိုင် ပြဿနာအရမ်းမရှိတာကို သင်တွေ့ရမှာပါ။


ဒါကြောင့် သင့်ငွေကြေးတွေကို မတူညီသော ပိုင်ဆိုင်မှုအမျိုးအစားများမှာ ကောင်းမွန်စွာ ရောနှောရင်းနှီးမြှုပ်နှံမှု လုပ်စေချင်ပါတယ်။ အမြဲမှတ်ထားပါ။ ခြင်းတစ်ခြင်းထဲမှာ ကြက်ဥအကုန်မထည့်ပါနဲ့။



အိမ်ခြံမြေသည် ယုံကြည်စိတ်ချရသော ကာလတိုနှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာ




သင်ကတော့ ဆုံးရှုံးနိုင်မှုနည်းအောင် အိမ်ခြံမြေမှာရင်းနှီးမြှုပ်နှံပေမယ့် ဒီနေရာမှာ ဉာဏ်နဲ့ ယှဉ်တဲ့ ရင်းနှီးမြှုပ်နှံမှုတော့ဖြစ်စေချင်ပါတယ်။ ဆုံးရှုံးနိုင်မှုဘေးအန္တရာယ်များကို လျှော့ချရန် အဓိကအချက်ကတော့ စိတ်ရှည်ရှည်နဲ့ လုံ့လစိုက်ထုတ်ခြင်း ဖြစ်ပါတယ််။


လက်ထဲမကိုင်ထားချင်လို့ ငွေပေါ်အောင် မြန်မြန်ရောင်းဖို့ဖြစ်ဖြစ်၊ရေရှည်မှာ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် အပို၀င်ငွေလမ်းကြောင်းတွေ ဖန်တီးဖို့စဉ်းစားတဲ့အခါ သင့်အိမ်ခြံမြေကို သေချာလေ့လာဝယ်ယူပြီး အချိန်တစ်ခုစောင့်ပြီး လက်ထဲကိုင်ထားခြင်းဖြင့် အိမ်​ခြံမြေဟာ သင့်အတွက် ယုံကြည်စိတ်ချရသော‌ရေတိုရေရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း သင်ကိုယ်တိုင် မြင်လာရပါလိမ့်မယ်။


အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ သင့်ရဲ့အငှားအိမ်ခြံမြေများကို နေထိုင်သူရှိလာအောင်တက်ကြွစွာ စီမံခန့်ခွဲခြင်း၊ စီးပွားဖြစ်အိမ်ခြံမြေလုပ်ငန်းစုများမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်း သို့မဟုတ် REITsနှင့် အခြားအရာများမှတစ်ဆင့် မတူညီတဲ့နေရာတွေကိုရွေးချယ်နိုင်ပါသေးတယ်။


ဘယ်လမ်းကိုရွေးချယ်သည်ဖြစ်စေ အိမ်ခြံမြေသည် သင့်ရဲ့ပိုင်ဆိုင်မှုကို ချဲ့ထွင်ရန် ကူညီပေးပြီး ရေတိုမှာ ယာယီအားဖြင့် မတည်ငြိမ်မှုများရှိနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သိသာထင်ရှားသောကြွယ်၀ချမ်းသာမှုကို ရရှိစေပါတယ်။


အိမ်ခြံမြေဟာ သင့်ရင်းနှီးမြှုပ်နှံမှုအလိုက် ပိုမိုကောင်းမွန်သော Return ကိုပေးပါတယ်။ သင့်အနေနဲ့ စုမိဆောင်းမိဖြစ်ပြီး ငွေလေးများလက်ထဲပိုလာတဲ့အခါ ဘာလုပ်ဖြစ်လဲဆိုတာ ပြန်စဉ်းစားကြည့်ပါ။ လူအများစုကတော့ စတော့ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြုပ်နှံဖို့ တွေးကြလိမ့်မယ်။ ဒါပေမယ့် ဒီပမာဏကို အိမ်ခြံမြေမှာ မြှုပ်နှံတာက သင့်အတွက် ရေရှည်မှာ ပိုကောင်းတဲ့ အကျိုးအမြတ်ကို ရရှိနိုင်တယ်ဆိုတာ မမေ့ပါနဲ့။


လူအများစုကတော့ စတော့ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြုပ်နှံဖို့ တွေးကြလိမ့်မယ်။ ဒါပေမယ့် ဒီပမာဏကို အိမ်ခြံမြေမှာ မြှုပ်နှံတာက သင့်အတွက် ရေရှည်မှာ ပိုကောင်းတဲ့ အကျိုးအမြတ်ကို ရရှိနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

Dow Jones ၏ပျမ်းမျှနှစ်စဉ်ပြန်အမ်းမှုဟာ လွန်ခဲ့သည့်ဆယ်စုနှစ်မှာ ၄.၈% ရှိခဲ့ပါတယ်။ ဒါပေမယ့် အငှားအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေအတွက် ပျမ်းမျှအသားတင်ပြန်ရငွေဟာ ၂၀၂၀ခုနှစ်တစ်နှစ်တည်းမှာတောင် ၇.၇% ရှိပါတယ်။ သင်က သင်္ချာမညံ့ဘူးဆိုရင်တော့ ဘာကိုရွေးသင့်တယ်ဆိုတာ မြင်မယ်ထင်ပါတယ်။


ဒါ့အပြင် အိမ်ခြံမြေဟာ စတော့ဈေးကွက် မတည်ငြိမ်မှုနှင့် ဆက်စပ်မှုနည်းပါးပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော ပိုင်ဆိုင်မှုတစ်ခုဖြစ်သည်။ ဒါကြောင့် သင်ဟာ အမြတ်အစွန်းများများကို ရှာဖွေနေရင်တော့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံခြင်းဟာ ပိုမိုကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်လာပါတယ်။


ကိန်းဂဏန်းများကို ထပ်မံကြည့်ရှုမယ်ဆိုရင် US အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုအပေါ် ပျမ်းမျှပြန်အမ်းငွေဟာ S&P 500 index အညွှန်းကိန်းတစ်ခုလျှင် ၈.၆% ဖြစ်နေပါတယ်။ ဒီကိန်းဂဏန်းဟာ အိမ်ယာဈေးကွက်တစ်ခုလုံးရဲ့ ညွှန်ပြချက်တစ်ခုဖြစ်ပါတယ်။ အိမ်ခြံမြေကဏ္ဍအသီးသီးမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဥပမာအားဖြင့် အမြတ်ငွေပြန်လာမှုဟာ လူနေအိမ်အိမ်ခြံမြေများတွင် ၁၀.၅%၊ စီးပွားဖြစ်အိမ်ခြံမြေများအတွက် ၉.၅%၊ REITs အတွက် ၁၁.၈% လောက်အထိရှိနေပါတယ်။


အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံခြင်းဟာ သင့်ကျန်းမာရေးအတွက်ပါ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သွားမယ်ဆိုတာလည်း မမေ့ပါနဲ့။

ကိုယ်ပိုင် အိမ်ခြံမြေကွက်တစ်ခုရှိခြင်းဟာ အားလပ်ရက်မှာ သွားနေလို့ရမယ့် နေရာတစ်ခုရသွားတာပါပဲ။ ကိုယ့်အတွက် မြင်နေကျမဟုတ်တဲ့ မြင်ကွင်းကိုပေးစွမ်းနိုင်သလို၊ လေ့ကျင့်ခန်းပဲလုပ်မလား၊ သူငယ်ချင်းတွေ မိသားစုနဲ့ပဲ ခြံထဲမှာ အချိန်ဖြုန်းမလားဆိုပြီး ရွေးနိုင်ပါတယ်။



ဆရာဝန်တွေရော အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံသင့်ပါသလား။


ဆေးရုံမှာ နေ့စဉ်အလုပ်လုပ်ရတဲ့ဘ၀က ဖိအားအရမ်းများပါတယ်။ ဒါကို ဆရာဝန်တွေပဲ ပိုနားလည်တာပါ။ ဒီလို အမြဲ စိတ်ဖိစီးတဲ့ လုပ်ငန်းခွင်ကနေ အိမ်အပြန် အနားယူတဲ့အခါပဲဖြစ်ဖြစ် ပိတ်ရက်မှာပဲ အေးအေးဆေးဆေးနားချင်တာပဲဖြစ်ဖြစ် ပြုလုပ်ဖို့အတွက် အိမ်ခြံမြေတစ်ခုက လိုလာပြန်ပါရော။


အချိန်ကြာလာတာနဲ့အမျှ ဝင်ငွေကောင်းလာပေမယ့် ရလာတဲ့ငွေတွေကို ဘဏ်မှာစုထားခြင်းက ငွေကြေးဖောင်းပွမှုကို လက်ယက်ခေါ်နေသလိုဖြစ်နေပါတယ်။ ကိုယ့် ချွေးနဲစာကို ဒီတိုင်း တန်ဖိုးလျော့သွားတာကို ထိုင်ကြည့်နေတာနဲ့စာရင် အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံခြင်းက Passive Income ရစေပါတယ်။ ငယ်ရွယ်စဉ် အလုပ်လုပ်နေချိန်မှာ အိမ်ဝယ်ထားမယ်ဆိုရင် အိမ်ခြံမြေက တန်ဖိုးတက်နေမှာဖြစ်တဲ့အပြင် နောက်ပိုင်း ကိုယ်အသက်ကြီးလို့ အနားယူတဲ့အခါမှာ သင့်အိမ်ခြံမြေတန်ဖိုးက အဆများစွာအဖိုးတန်နေပြီး သင့်ဘ၀ နောင်ရေး စိတ်အေးရစေပါတယ်။



နိဂုံးချုပ်ရမယ်ဆိုရင်

ကိုယ့်ရဲ့ ဝင်ငွေကို စီမံခန့်ခွဲတဲ့ပုံစံက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ငွေကြေးဆိုင်ရာ ရည်မှန်းချက်တွေကို ကိုယ်စားပြုပါတယ်။ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတာက နေ့ချင်းညချင်း ကြီးပွားစေမယ့် အစီအစဉ်မဟုတ်သော်လည်း ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကိုတိုးပွားစေပြီး ရေရှည်မှာ အမြတ်အစွန်းသေချာတဲ့ ရင်းနှီးမြှုပ်နှံမှု ဗျူဟာပဲဖြစ်ပါတယ်။

173 views0 comments

Comments


bottom of page