
ကိုယ့်အိမ်ကို ဈေးကွက်ပေါ်အရောင်းတင်ပြီးရက်အတော်ကြာတဲ့အထိတဲ့ ဝယ်သူတွေပေါ်မလာတဲ့သေး အနေအထားဟာ frustrating ဖြစ်ဖို့ကောင်းတဲ့အချိန်တစ်ခုဖြစ်ပါတယ်။ သင်ဟာဒီလိုအခြေအနေမျိုးကို ကြုံတွေ့နေရတယ်ဆိုရင် အောက်ပါအချက်တွေကို ဖတ်ရှု့လေ့လာပြီး သုံးသပ်ပြင်ဆင်နိုင်ပါတယ်။
(1) Pricing Issue
Overpricing ဖြစ်နေခြင်းဟာ ဝယ်သူတွေကိုစိတ်မဝင်စားစေတဲ့အဓိကအချက်ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Market Trends နှင့်ကိုယ့်ပါတ်ဝန်းကျင်ကအခြားသူတွေရဲ့အိမ်ဈေးနူန်းတွေကိုလေ့လာပြီးတော့မှ ကိုယ့်အိမ်ရဲ့ရောင်းဈေးကိုပြင်ဆင်သတ်မှတ်သင့်ပါတယ်။
(2) Poor Photos and Visuals
ကိုယ့်အိမ်ကို Online ပေါ်မှာအရောင်းတင်ပြီဆိုရင် အိမ်ရဲ့ပုံတွေက High Resolution နှင့် သပ်ရပ်လှပနေမှ အရောင်းအဝယ်ကိစ္စတွေကို ပိုစိတ်ဝင်စားလာစေနိုင်ပါတယ်။

(3) Weak Marketing
ကိုယ့်အိမ်က ဈေးနူန်းလဲသင့်တော်တယ် သန့်ရှင်းသပ်ရပ်ပေမယ့်လဲ ဝယ်သူတွေက အသိနိုင်မမြင်နိုင်ဘူးဆိုရင် အရောင်းအဝယ်ကိစ္စကိုပိုကြန့်ကြာစေပါတယ်။ ဒါကြောင့် Online မှာရော လက်ရှိအနေအထားမှာပါ ကိုယ့်ရဲ့အိမ်ကို potential buyers တွေအများဆုံးမြင်နိုင်အောင် ကြိုးစားကြော်ငြာရပါမယ်။
(4) Maintenance Issues
အိမ်ကို potential buyers တွေလာရောက်ကြည့်ရှု့ကြတယ် ဒါပေမယ့် offers တွေရမလာသေးဘူးဆိုရင် ကိုယ့်အိမ်ရဲ့ small or serious repair တွေလိုအပ်နေလို့လားဆိုတာမျိုးပြန်သုံးသပ်ကြည့်ရပါမယ်။ ဒီလိုအပစ်အနာအဆာတွေကို ပြုပြင်မွှမ်းမံလိုက်ခြင်းက buyers တွေကို ဝယ်ယူလိုစိတ်ပိုမိုဖြစ်လာစေပါတယ်။

(5) Bad Timing
ကိုယ့်အိမ်မှာ အရာအားလုံးပြည့်စုံနေပေမယ့်လဲ ကိုယ်ရောင်းဖို့ဆုံးဖြတ်ထားတဲ့အချိန်က Market မှာ အရောင်းအဝယ်ပါးပြီး downward ဖြစ်နေတဲ့အချိန်ဖြစ်နေရင် အရောင်းအဝယ်ကိစ္စတွေဟာ သာမာန်ထက်ပိုပြီးနှေးပါလိမ့်မယ်။ ဒါကြောင့် Market Trends တွေကို အစဉ်မပြတ်လေ့လာနေပြီးတော့မှ ရောင်းချဖို့အကောင်းဆုံးအချိန်ကိုရွေးချယ်သင့်ပါတယ်။
(6) Missing Unique Features
အိမ်တိုင်းမှာ သူ့ရဲ့အားသာချက်တွေရှိပါတယ်။ အချို့အိမ်တွေမှာ အခန်းကျယ်ကျယ်တွေရှိတယ်၊ အချို့အိမ်တွေရဲ့ location တွေက အချက်အခြာကျပြီး တဲ့ကျောင်းတို့ဈေးတို့နှင့်နီးတယ် - အစရှိတယ့် အားသာချက်တွေကို potential buyers တွေမြင်အောင်ပြသနိုင်ခြင်းက အရောင်းအဝယ်ဖြစ်ဖို့အတွက် ပံပိုးပေးနိုင်ပါတယ်။

ဒီအချက်တွေကို မှတ်သားအသုံးချပြီးတော့ကိုယ့်ရဲ့အိမ်ကိုအမြန်ဆုံးရောင်းထွက်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Comments