top of page

Credit Card Debt တွေကျေအောင် ဘယ်လို Pay Off လုပ်ကြမလဲ?

Updated: Mar 14


American နိုင်ငံသားတွေအများအပြားအတွက် credit card debt ဟာ ကြီးမားတဲ့ challenge တစ်ခုဖြစ်ပါတယ်။ မှတ်တမ်းထုတ်ပြန်ချက်တွေအရ 2024 ခုနှစ်ထဲမှာဆိုရင် အမေရိကန်တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် credit card debt balance စုစုပေါင်း ‌$1.142 trillion အထိရောက်ရှိနေပြီလို့သိရပါတယ်။ မြင့်မားတဲ့အတိုးနူန်းတွေ ၊ late fees တွေနှင့် overspending ဖြစ်မှု့တွေကြောင့် ကိုယ့်ရဲ့ credit card debt ဟာ ခဏလေးအတွင်းမှာအဆပေါင်းများစွာပိုတိုးပွား မြင့်မားသွားနိုင်တဲ့အတွက် ဒါကိုကာကွယ်ထိမ်းချုပ်ဖို့ ကိုယ့်မှာ သေချာတိကျတဲ့ finical plan တစ်ခုရှိထားဖို့လိုပါတယ်။


Credit card ဟာ ဈေးဝယ်ဖို့နှင့် Emergency ကိစ္စတွေမှာ အမြန်အသုံးပြုဖို့ convenient ဖြစ်တဲ့ tools တစ်ခုဖြစ်သလို သူ့ရဲ့ 15% to 30% အထိရှိတဲ့ interest rate ကလဲ အချိန်မှီပြန်မဆပ်နိုင်ဘူး၊ အပြည့်ပြန်မဆပ်နိုင်ဘူးဆိုရင် အတိုးပေါ်အတိုးဆင့်ပြီး debt တွေများလာနိုင်ပါတယ်။ ဒါကြောင့် credit card debt အကြောင်းတွေကို သေချာသိနိုင်ဖို့ လေ့လာကြည့်ကြရအောင်။






Types Of Debts

1.Secure vs Unsecured debt


Secured debt ဆိုတာဟာ ကိုယ့်ရဲ့ပိုင်ဆိုင်မှု့တစ်ခုခုကိုအာမခံထားပြီး ပေးရတဲ့ debt အမျိုးစားဖြစ်တယ်။ ဥပမာ mortgage loanနှင့် Auto Loan တွေလို ကိုယ့်ရဲ့ အိမ်နှင့်ကားပိုင်ဆိုမှု့တွေအပေါ်အခြေခံပေးထားတဲ့ loan အမျိုးစားတွေဖြစ်တယ်။ ဒီလို debt တွေက interest rate ပိုနည်းပါတယ်။ 


Unsecured debt ဆိုတာကတော့ အာမခံပစ္စည်းပိုင်ဆိုင်မှု့တွေမပါပဲ အလွတ်ချေးပေးတဲ့ Credit Card Debt လိုloanတွေကိုခေါ်ပါတယ်၊ Unsecured Loan တွေဟာ ပိုမြင့်မားတဲ့အတိုးနူန်းတွေရှိပါတယ်။


2. Revolving Vs Installment 

Revolving payment ဆိုတာဟာ အခု credit card debt လို fixed သတ်မှတ်ချက်မရှိပဲ အမြဲတမ်း လိုတဲ့အချိန်ချေးသုံးပြီး ပြန်ဆပ်ပေးရတဲ့ payment ဖြစ်ပါတယ်။


Installment ဆိုတာကတော့ Mortgage Loan တို့ Auto Loan တို့လို နဂိုကတည်းကသတ်မှတ်ထားပြီးသား amount ကို အချိန်ကာလအပိုင်းအခြားတွေထဲမှာ အတိုးရောအရင်းရောပေါင်းပြီး လစဉ်ပုံမှန် amount ခွဲတမ်းတစ်ခုအနေနှင့် ပြန်ဆပ်ပေးရတဲ့ payment မျိုးဖြစ်ပါတယ်။


Credit Card Debt မှာ နဂိုပမာဏသတ်မှတ်ချက်မရှိပါဘူး၊ ကိုယ်သုံးရင်သုံးသလောက်ထုတ်ပေးတယ်၊ ပြီးတော့အတိုးနူန်းလဲများတာဖြစ်တယ်။ ဒါကြောင့်မလို့ ကိုယ်က သေချာမကိုင်တွယ်နိုင်ရင် အန္တရာယ်ပိုများတဲ့ debt တစ်ခုဖြစ်ပါတယ်။





Credit Card Debt ကိုဘယ်လိုကိုင်တွယ်ပေးချေရမလဲ


1. Assess Your Debt

ပထမဆုံးအနေနှင့် လက်ရှိကိုယ့်ရဲ့ income, expenses နှင့် liability (debts) တွေကို ချရေးပြီးတော့ budget တစ်ခုပုံဖော်ရေးဆွဲပါ။ ပြီးတော့ ကိုယ့်ရဲ့ debt နှင့် အတိုးနူန်းတွေအားလုံး စာရင်းပြုစုပါ။ နောက်ပြီး ကိုယ်ရဲ့ spending habits တွေ မလိုအပ်တဲ့ spending area တွေအတွက် ငွေမသုံးတော့ပဲ ဖယ်ထုတ်လိုက်ပါ။


 2.Choose a Payment Strategy 

ကိုယ်က payment တွေကို ပြန်ပေးချေတော့မယ်ဆိုရင် ဘယ်လိုနည်းနှင့်ပေးချေတာက ကိုယ့်လက်ရှိအခြေအနေနှင့် ပိုသင့်တော်မလဲဆိုတာရွေးချယ်ပါ။

(1) Snowball Method ကိုသုံးပြီး Payment အသေးတွေကနေစချေမလား။

(2) Avalanche Method ကိုသုံးပြီး အတိုးနူန်းအများဆုံး debt ကိုအရင်ချေပြီးတော့ အကြွေးတွေကို လျော့ချပစ်မလား။

ဒါမှမဟုတ် 

(3) Consolidation Method ကိုသုံးပြီးတော့ လက်ရှိအကြွေးတွေအားလုံးရဲ့စုစုပေါင်းပမာဏစာ loan တစ်ခုကိုထပ်ချေးလိုက်မယ်၊ ပြီးတော့ အဲဒီ့ Loan နှင့် လက်ရှိ debt အမျိုးစားအများကိုချေလိုက်မယ်၊ ပြီးတော့မှ ဒီ Loan အကြီးစားတစ်မျိုးတည်းကိုပဲ အရင် debt ပေါင်းစုံထက်ပိုနည်းတဲ့ အတိုးနူန်းနှင့် တဖြည်းဖြည်းဆပ်သွားမလား -


အစရှိတဲ့ နည်းလမ်းမျိုးတွေနှင့် ကိုယ့်အတွက်အဆင်ပိုပြေတာကိုရွေးပြီးတော့ debt payment တွေချေလိုက်ပါ။


3. Lower Your Expenses 

ကိုယ့်ရဲ့ debt တွေကိုထိထိရောက်ရောက်ပေးနိုင်ဖို့ဆိုရင် အရင်ဆုံးကိုယ့်ရဲ့ အသုံးစရိတ်တွေထဲကနေမလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေကိုအရင်လျော့သင့်ပါတယ်။ အပြင်မှာညစာထွက်စားတာတို့၊ monthly subscription services တွေကို cancel လုပ်တာတို့ ပြုလုပ်ပါ။ လစဉ်ငွေပေးချေရမှု့တွေကို မေ့ပြီး ငွေပိုပြန်ပေးရတာ late fees တွေပေးရတာမျိုးမရှိအောင် automate payment services တစ်ခုခုကိုအသုံးပြုပါ။


4. Negotiate with Creditors 

ကိုယ့်ရဲ့ Credit Company နှင့် ဆက်သွယ် Negotiate လုပ်ပြီးတော့ lower interest rate or lower fees တွေကိုရယူနိုင်မယ့် ကိစ္စမျိုးတွေရှိရင် သူတို့နှင့် ဆွေးနွေးညှိနှိုင်းဖို့အတွက်လဲမမေ့ပါနှင့်။


5. Seek Professional Help

အကယ်၍ credit debt အတွက် legal & professional အကူအညီတွေလိုအပ်လာမယ်ဆိုရင် ယုံကြည်ရတဲ့ accredited professional agency တွေနှင့် counseling လုပ်တာတွေ debt management plan တောင်းခံတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။





ကိုယ့်မှာ အိမ်ခြံမြေပိုင်ဆိုင်မှု့တွေရှိတယ်ဆိုရင် Home Equity Loans or HELOCs loan တွေရယူဖို့အတွက် ရွေးချယ်နိုင်ပါတယ်။ 


အထက်ပါအချက်တွေကို ဖတ်ရှု့လေ့လာကြည့်ပြီး‌တော့ ကိုယ့်ရဲ့ Credit Card Debt တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကိုယ်တိုင်စဉ်းစား plan ချကြည့်နိုင်ပါတယ်။

ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

Developed by Full stack Marketer

bottom of page