top of page

Credit Score တိုးတက်အောင်လုပ်နည်း (၅)မျိုး



လူတစ်ဦးချင်းစီရဲ့ အခြေအနေတွေက မတူတဲ့အတွက် တစ်ဦးချင်းစီ ရဲ့ credit score အားတိုးတက်ကောင်းမွန်စေဖို့ လုပ်ဆောင်နိုင်တဲ့ သီးခြားအဆင့်များလည်းရှိပေမယ့် အခုကျွန်မဖော်ပြပေးတဲ့ အချက်တွေကတော့ လူတိုင်း ရဲ့ credit scores တွေ တက်လာအောင် အားကူညီပေးနိုင်မယ့် ယေဘုယျ အဆင့်များဖြစ်ပါတယ်။


၁။ သင့်ရဲ့ Credit profile ကို တည်ဆောက်ပါ။


Experian နဲ့ Transunion ကဲ့သို့သော Major credit bureaus တွင် အကောင့်အသစ်များဖွင့်ခြင်းက သင့်ရဲ့ Credit profile ကို တည်ဆောက်ရာမှာ အရေးကြီးတဲ့ အဆင့်ဖြစ်ပါတယ်။ သင့်အမည်နဲ့ အကောင့်များ မရှိသ၍ ငွေချေးသူအဖြစ် မှတ်တမ်းကောင်းတစ်ခုကို စတင်၍မရနိုင်ပါဘူး။ ဒါကြောင့် အနည်းဆုံး active ဖြစ်တဲ့ credit accounts များ များစွာဖွင့်ခြင်းက အထောက်အကူဖြစ်နိုင်ပါတယ်။


အကယ်၍ကိုယ်က အခုမှ Credit profile စချင်လို့ပဲဖြစ်ဖြစ်၊ score နိမ့်နေလို့ပဲဖြစ်ဖြစ် ပထမဆုံးလုပ်ရမှာကတော့ secured cards ကိုအသုံးပြုလို့ရပါတယ်။ US Bank, Bank of America အစရှိတဲ့ ဘယ် bank မှာ မဆို ဖွင့်လို့ ရပါတယ်။ သင့်မှာ ရှိပြီးသား score ကို မြှင့်တင်နိုင်ဖို့ ကြိုးစားနေတယ်ဆိုရင်တော့ credit card များကို များများသုံးပေးရမှာပါ။ အဲ့လို သုံးရင်လည်း rewards များရရှိနိုင်တဲ့ credit card များကို အသုံးပြုသင့်ပါတယ်။ သုံးပြီးရင်လည်း payment တွေကို အကြွေးမထားပဲ ချက်ချင်းပြန်ဆပ်ပေးပါ။ နောက်နည်းလမ်းကတော့ credit score ကောင်းကောင်းရှိပြီးသား မိသားစုဝင်တစ်ယောက်ရဲ့ card မှာ ကိုယ်က authorized user အဖြစ် credit ကို စတင်တည်ဆောက်နိုင်ပါတယ်။


အဲဒီအပြင် Experian Boost website မှာ sign up လုပ်ပြီး ကိုယ့်နာမည်နဲ့ ပုံမှန်ပေးထားသော အိမ်သုံးလျှပ်စစ်စရိတ်များ၊ ဖုန်းဘေလ်များ၊ streaming service ကြေးများအား ကိုယ့်ရဲ့ Experian credit report တွင် ထဲ့ထားခြင်းဖြင့် ကိုယ့် credit score တက်လာအောင်ပြုလုပ်နိုင်ပါတယ်။


၂။ Payments တွေအတွက် နောက်မကျစေပါနဲ့


ကိုယ့်ရဲ့ credit card ငွေပေးချေမှုမှတ်တမ်းက ကိုယ့်ရဲ့ credit scores များကို ဆုံးဖြတ်ရာတွင် အရေးကြီးဆုံးအချက်များထဲမှတစ်ခုဖြစ်ပါတယ်။ အချိန်မှန်ငွေပေးချေထားတဲ့ credit history မှတ်တမ်းရှည်တစ်ခုရှိထားခြင်းက ကိုယ့်အတွက် ကောင်းမွန်တဲ့ credit scores များ ရရှိစေရန် ကူညီပေးနိုင်ပါတယ်။


loan (သို့) credit card ပေးချေမှုများကို 29 ရက်ထက်ပို၍ နောက်မကျစေဖို့ အရေးကြီးပါတယ်။ အနည်းဆုံး ရက် 30 နောက်ကျတဲ့ ငွေပေးချေမှုများကို ကိုယ့်ရဲ့ creditor က credit bureaus တွေကို တိုင်ကြားနိုင်တာကြောင့် ကိုယ့်ရဲ့ credit scores တွေကို ထိခိုက်စေပါတယ်။


တကယ်လို့ ကိုယ်က ငွေကို အကြေမချေနိုင်ဘူးဆိုရင်လည်း Minimum Balance လို့ခေါ်တဲ့ အနည်းဆုံးပေးချေရမည့် ပမာဏအတွက် ကိုယ့်ရဲ့ bank မှာ အလိုအလျောက်ငွေပေးချေတဲ့စနစ်အား စီစဉ်ထားခြင်းဖြင့် ငွေပေးချေဖို့ လွတ်သွားခြင်းမျိုးမှ ကာကွယ်ပေးနိုင်ပါတယ်။ အကယ်၍ ကိုယ်က ဘေလ်တစ်ခုပေးဆောင်ဖို့အတွက် အခက်အခဲဖြစ်နေပါက ကိုယ့်ရဲ့ credit card ထုတ်ပေးတဲ့သူထံ ချက်ချင်းဆက်သွယ်ကာ ဘယ်လိုနည်းလမ်းမျိုးနဲ့ အကူညီရယူနိုင်မလဲဆိုတာ ဆွေးနွေးနိုင်ပါတယ်။


ကိုယ့်ရဲ့ credit reports မှာ လည်း တခါတလေ ကိုယ်က သတိမထားမိလိုက်တဲ့ payment တွေဖြစ်တဲ့ gym membership ကြေးများ၊ တခြား subscription services ကြေးများ အစရှိတာတွေကို သတိထားကြည့်နေဖို့အရေးကြီးပါတယ်။ အဲ့ payment တွေကို အချိန်မှန် ငွေပေးချေမှုတွေက ကိုယ့်ရဲ့ credit score အတွက် အထောက်အကူမဖြစ်စေပေမယ့်လည်း ပေးတာနောက်ကျသွားရင်တော့ အကြွေးတောင်းသော collections ငှာနတွေဆီ ရောက်ရှိသွားတဲ့အတွက် ကိုယ် credit scores တွေကို ကျဆင်းစေနိုင်ပါတယ်။


၃။ Due date ကျော်သွားတဲ့ Accounts တွေအား အကြွေးပြန်ဆပ်သင့်ပါတယ်။


တကယ်လို့ငွေပေးချေမှု နောက်ကျသောအခါ ထို record က သင့်ရဲ့ credit report မှာ ခုနှစ်နှစ်အထိ မှတ်တမ်းဝင်နိုင်သောကြောင့် အခုလက်ရှိမှာ အားလုံးကိုပေးချေလိုက်ခြင်းက ကိုယ့်ရဲ့ credit scores တွေကို ကောင်းမွန်စေပါတယ်။ ထို့အပြင် အဆမတန် အတိုးများစွာပေးရခြင်းလည်း မရှိနိုင်တော့ပါဘူး။


credit card debt နဲ့ပတ်သက်ပြီး ပြဿနာရှိသူများအတွက် credit counselor နဲ့တိုင်ပင်ပြီး debt management plan (DMP) အား ရယူသင့်ပါတယ်။ Counselor က သက်သာတဲ့ ငွေပေးချေမှုနဲ့ အတိုးနှုန်းများကို အကြံဉာဏ်ပေးနိုင်ပါတယ်။ အကြွေးကတ်တွေအားလုံးရဲ့ အကြွေးတွေ ကိုစုပေါင်းပြီး payment တစ်ခုထဲအနေနဲ့ ပေးတာမျိုး ဒါမှမဟုတ်ရင် အတိုးအများဆုံးကတ်တွေကိုအရင်ပေးပြီး အနည်းဆုံးကတ်တွေကို နောက်မှပေးလို့ရအောင် အစီအစဉ်ချပေးတာမျိုးအစရှိသဖြင့် ကူညီနိုင်ပါတယ်.


၄။ လည်ပတ်နေတဲ့ လက်ကျန် Account များရဲ့ လက်ကျန်ငွေများအား ပေးချေပါ။


Bills ပေးဆောင်ဖို့ နောက်မကျသေးပေမယ့်လည်း လစဉ်ပုံမှန် အတိုးပေးနေရတဲ့ credit accounts တွေမှာ လက်ကျန် အကြွေးငွေများစွာ ကျန်ရှိနေခြင်းက credit utilization rate လို့ခေါ်တဲ့ အကြွေးသုံးစွဲနှုန်းကို မြင့်မားသွားနိုင်ပြီး ကိုယ့်ရဲ့ credit scores များကို ထိခိုက်နိုင်ပါတယ်။


အဲ့ဒါကြောင့် လစဉ်ပုံမှန်ပေးနေရတဲ့ accounts များ၊ credit lines များရဲ့ လက်ကျန်ကို နည်းနိုင်သမျှ နည်းအောင်ထားခြင်းက credit score အား တက်စေပါတယ်။


၅။ Card အသစ်လျှောက်တဲ့အကြိမ်အရေအတွက်အား ကန့်သတ်ပါ။


ကိုယ့်ရဲ့ credit profile ကိုတည်ဆောက်ဖို့အတွက် credit card account တွေ ဖွင့်ရမှာပါ. နောက်တဖက် မှာကျတော့လည်း Credit card အသစ်တွေ မကြာခဏလျှောက်ခြင်းက ကိုယ့်ရဲ့ credit score ကို ကျစေနိုင်တဲ့အပြင် credit card ရဲ့ ပျမ်းမျှသက်တမ်းကိုပါ လျော့ကျစေနိုင်ပါတယ်။

ကိုယ့်ရဲ့ credit report မှာ Credit Inquiries တွေ မကြာခဏ ရှိနေခြင်းနဲ့ အကောင့်တွေရဲ့ ပျမ်းမျှသက်တမ်းတွေနည်းနေခြင်းက credit score ကိုရေရှည်မှာထိခိုက်နိုင်ပါတယ်. အဲ့ဒါကြောင့် credit cardအသစ်လျှောက်တဲ့ အကြိမ်အရေအတွက် ကို သတိပြုရမှာဖြစ်ပါတယ်. ကတ်အသစ်တစ်ခု နဲ့ တစ်ခုကို အနည်းဆုံး ၆ လလောက်ခြားပြီးမှ ဖွင့်သင့်ပြီး 24 လအတွင်းမှာလဲ ကတ်အသစ် 4/5 ကတ်ထက်ပိုမဖွင့်သင့်ပါဘူး။ နောက်အရေးကြီးတဲ့ အချက်ကတော့ ဒီလို ကတ်အသစ်တွေဖွင့်ရင်လဲ ကိုယ့်အတွက် အကျိုးရှိမဲ့ reward များများရနိုင်တဲ့ ကတ်မျိုးကိုပဲဖွင့်သင့်ပါတယ်။ နှစ်စဉ်ကြေးများများပေးရတဲ့ ကတ်တွေကတော့ မလိုအပ်ရင် ရှောင်သင့်ပါတယ်။


ခြွင်းချက်တစ်ခုကတော့ ကားချေးငွေ သို့မဟုတ် အိမ် mortgage ကဲ့သို့သော ချေးငွေအမျိုးအစားအချို့အတွက်ဆိုရင်တော့ Credit Inquiries တွေ တပတ်နှစ်ပတ်အတွင်း မှာ အများကြီးရှိပေမဲ့ credit score ကိုများစွာမထိခိုက်နိုင်ပါဘူး။

182 views0 comments

Comments


bottom of page