top of page

Real Estate Agent ကိုဘယ်လိုအလုပ်ဖြုတ်မလဲ?

သင့်ရဲ့ real estate agent ကို အလုပ်ဖြုတ်ဖို့ဆိုတာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။

တကယ်တော့ agent ဆိုတာ သင် အိမ်ဝယ်တဲ့ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့အောင်လုပ်ပေးတဲ့သူပါ။ ဒါပေမယ့် တစ်ခါတစ်လေကျ လက်ရှိတွဲလုပ်နေတဲ့ agent က အဆင်မပြေလာတော့တဲ့ အချိန်ရှိနိုင်ပါတယ်။ 


သင့် real estate agent ကိုအလုပ်ဖြုတ်ဖို့ စကားပြောလို့အဆင်မပြေတာကနေ တရားမဝင်တဲ့ နည်းတွေအသုံးပြုတာ စတဲ့ အကြောင်းပြချက်တွေအများကြီး ရှိပါတယ်။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ပါစေ သင့်အတွက် သင့်ကို အကောင်းဆုံးဝန်ဆောင်မှုပေးမယ့် real estate agent နဲ့သင်ကထိုက်တန်ပါတယ်။ 


အောက်မှာ သင့် real estate agent ကိုဘယ်လိုအလုပ်ဖြုတ်မလဲနဲ့ အသစ်ဘယ်လိုရှာမလဲ ပြောပြသွားပါမယ်။ 


၁ ။ ကိုယ့် real estate agent ကို ဘယ်ချိန်မှာ အလုပ်ဖြုတ်လို့ရလဲဆိုတာကို သိပါ။


ပထမဆုံးအနေနဲ့ သိထားရမှာက real estate agent ကို အိမ်မဝယ်ပြီးမချင်း ကြိုက်တဲ့အချိန်မှာ အလုပ်ဖြုတ်လို့ရပါတယ်။ ဒါပေမယ့် စောစောကြိုဖြုတ်ရင်တော့ commission ခတို့ fee တို့ပေးစရာမလိုတော့ဘူးပေါ့။


ဘယ်ချိန်မှာ အလုပ်ဖြုတ်လို့ရလဲ?


Penalty မထိပဲနဲ့ real estate agent ကို အလုပ်ဖြုတ်နိုင်မယ့် အဓိကသော့ချက်ကတော့ အချိန်ကိုက်ဖို့ပါ။ လတ်တလောကမှ agent ငှားထားတာဆိုရင်တော့ အခုချိန်လက်တွဲဖြုတ်လိုက်လည်း ဘာ commission မှပေးစရာမလိုပါဘူး။ ဒါပေမယ့် ခရီးစဉ်နည်းနည်းလျှောက်ပြီးမှ ဖြုတ်ရင်တော့ တစ်ချို့တစ်ဝက်ပေးရနိုင်ပါတယ်။


Agents တော်တော်များများကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့  သင့်လိုချင်တဲ့ အိမ်ရှာပေးနိုင်ရင် သူတို့ကို commission ပေးရမယ့်ဆိုတာကို buyer-broker agreement မှာရေးထည့်လေ့ရှိပါတယ်။ Buyer-Broker Agreement ဆိုတာက သင်နဲ့ agent ကြား ဘယ်သူက ဘာတာဝန်ယူမလဲ အစရှိတဲ့ အသေးစိတ်ကို ရေးသားထားတဲ့ စာချုပ်ပါ​။ အဲ့လိုစာချုပ်မျိုး လက်မှတ်မထိုးထားဘူးဆိုရင်တော့ agent နဲ့နှစ်ဦးနှစ်ဖက် စကားပြောဆိုပြီး လက်တွဲဖြုတ်လိုက်လို့ရပါတယ်။


ဘယ်အချိန်မှာအလုပ်ဖြုတ်လို့မရဘူးလဲ?


သင်နဲ့ သင့် agent က buyer-broker agreement ရေးထိုးထားရင်တော့ နှစ်ဦးနှစ်ဘက်သဘောတူလို့ပဲဖြစ်ဖြစ် စာချုပ်ဖောက်ဖျက်တာဖြစ်မှသာ penalty မပေးပဲ လက်တွဲဖြုတ်လို့ရမှာဖြစ်ပါတယ်။ ပြီးရင် ကြာလေကြာလေ commission နဲ့ fee ပေးဖို့သေချာလာပါလိမ့်မယ်။


၂။ သတိပေးချက်နဲ့စပါ။


တစ်ခါတစ်လေ အကောင်းဆုံးဖြေရှင်းချက်က စကားပြောဖို့ပါ။ ကိုယ့် agent ကို အဆင်မပြေတဲ့အကြောင်း လေးစားစွာပြောပြီး ပြင်ဆင်ခွင့်

ပေးလိုက်ပါ။ ဒီလိ​ု စကားပြောပြီးရင် လက်တွဲဆက်လုပ်လို့ရမရ သိလာပါလိမ့်မယ်။


၃။ စာချုပ်ပြန်စစ်ဆေးပါ။

 

စကားလည်းပြောပြီးလျှက်နဲ့ ပြသာနက မဖြေရှင်းသွားဘူး ဆိုရင်တော့ buyer-broker agreement ကိုဖတ်ကြည့်ပါ။ စာချုပ်ထဲမှာ ဘယ်လိုလက်တွဲဖြုတ်နိုင်လည်းဆိုတာ ပါပါလိမ့်မယ်။ safety protection clause တို့ စာချုပ်သက်တမ်းတို့ စာချုပ်အဆုံးသတ်တာတွေကို ရှာကြည့်ပါ။


၄။ Agent's broker နဲ့စကားပြောကြည့်ပါ။


Agent ကလက်တွဲဖြုတ်ဖို့ သဘောမတူရင်  agent's broker နဲ့ပြောကြည့်ပါ။ Broker ကသင့်အတွက် agent နောက်တစ်ယောက်ကို penalityမယူပဲရှာပေးနိုင်ပါတယ်။ ဒီလိုရှာပေးမယ်ဆိုရင် ပိုက်ဆံလည်းမကုန်မယ့်အပြင် အချိန်ကုန်လည်း သက်သာမှာဖြစ်ပါတယ်။


၅။ Real estate ရှေ့နေနဲ့ပြောပါ။


agent ရော broker ရောက စာချုပ်အဆုံးသတ်ဖို့သဘောမတူဘူးဆိုရင်တော့ အိမ်ခြံမြေရှေ့နေနဲ့ စကားပြောကြည့်ပါ။ ရှေ့နေက လိုအပ်တဲ့စာရွတ်စာတမ်းတွေ တောင်းမှာဖြစ်တဲ့အတွက် buyer-broker agreement, home inspection reports, နဲ့ အချင်းချင်းအဆက်အသွယ်လုပ်ထားတဲ့ သက်သေတွေကို ပြင်ဆင်ထားပါ။


၆။ စာချုပ်ကို အဆုံးသတ်ပါ။


အပေါ်မှာပြောပြတာတွေအကုန်အဆင်မပြေဘူး လက်တွဲဖြုတ်ချင်တာကလည်း သေချာတယ်ဆိုရင်တော့ တရားဝင်စာချုပ်အဆုံးသတ်ဖို့ အချိန်ပါ။ သင့်အနေနဲ့ agent နဲ့ broker ကို သင့်ရဲ့ဆုံးဖြတ်ချက်အကြောင်း လေးစားစွာနဲ့ တိုက်ရိုက်ပြောပြပါ။


တခြား agent တစ်ယောက်နဲ့ တွဲလုပ်တော့မယ်ဆိုရင် ကိုယ့် agent ကို ဖုန်း ဒါမှမဟုတ် email တစ်ခုခုကနေ သင်တခြားတစ်ယောက်နဲ့ ပြောင်းလုပ်မယ့်အကြောင်း ဘာလို့ ဒီလိုဆုံးဖြတ်ချက်ချရတာလဲဆိုတာကို ပြောပြပေးဖို့လိုပါတယ်လို့ Centric Realty က realtor နဲ့ tax professional ဖြစ်တဲ့ Gina Williams ကပြောခဲ့ပါတယ်။


၇။ လိုအပ်ရင် complain တက်ပါ။ 


သင်ရဲ့ agent က တရားမဝင်တာတစ်ခုခု ( e.g Steering - သင့်ကို ပတ်ဝန်းကျင်တစ်ခုကိ​ု အတင်းပို့တာ ဒါမှမဟုတ် အဲ့ပတ်ဝန်းကျင်ရဲ့ အဝေးကိုပဲပြတာမျိုး) လုပ်ခဲ့တယ်လို့ ယုံကြည်ရင် ကိုယ့် state ရဲ့ real estate commission ကို တိုင်ကြားလို့ရပါတယ်။ ဒီဟာကတော့ investigation တွေ formal hearing တွေပါလာနိုင်ပြီး agent လိုင်စင်သိမ်းခံရတဲ့ထိဖြစ်နိုင်ပါတယ်။


၈။ Agent အသစ်ငှားပါ။


အစကနေပြန်စဖို့ဆိုတာ စိတ်ရှုပ်ဖို့ကောင်းနိုင်ပေမယ့် agent ရှာတာက လုပ်ဖူးပြီးသားဖြစ်တဲ့အတွက် ပိုလွယ်မှာပါ။


အရည်အချင်းပြည့်မှီတဲ့ agent ကိုရှာပါ: မိသားစုတွေ သူငယ်ချင်းတွေနဲ့ အွန်လိုင်း review တွေဆီကနေ ကောင်းတဲ့သူတွေပေးကြည့်လို့ရပါတယ်။ National Association of Realtors ရဲ့ 2022 survey အရဆိုရင် buyers 38% က မိသားစု၊ သူငယ်ချင်း၊ အိမ်နီးချင်းတွေက ချိတ်ပေးတဲ့ agent နဲ့ အိမ်ဝယ်ခဲ့ပါတယ်။ 


Candidate ကို စစ်ဆေးပါ:  ရှေ့ agent ကိုဘာလို့အလုပ်ထုတ်ခဲ့လည်း စဉ်းစားပါ။ ဒါက သင် agent အသစ်မှာ လိုချင်တဲ့ အရည်အချင်းတွေကို သိလာပါလိမ့်မယ်။


Candidate ကို အင်တာဗျူးကြည့်ပါ: William ကပြောခဲ့ပါတယ် " ကိုယ့်လိုအပ်ချက်တွေကို နည်းလည်ပြီး  ကိုယ့်ရဲ့အိမ်မက်ထဲကအိမ်ကို ဝယ်ဖို့ပဲဖြစ်ဖြစ် ရောင်းဖို့ပဲဖြစ်ဖြစ် ကာကွယ်ပေးပြီး ကူညီမယ့် agent ကိုရှာပါ" တဲ့။


Red flag တွေရှာကြည့်ပါ: မကောင်းတဲ့ agent ဖြစ်နိုင်တဲ့ အချက်တွေကို လေ့လာကြည့်ပါ။ တချို့ red flag တွေက သင်အရင် agent ကိုအလုပ်ဖြုတ်လိုက်ရတဲ့ အကြောင်းရင်းတွေနဲ့ တူနိုင်ပါတယ်။ 


  • ဆက်ဆံရေးမကောင်းတာ

  • အာရုံများတာ

  • Referral မရှိတာ

  • Clients နည်းတာ

  • လက်တလောကမှ လိုင်စင်ရတာ

  • သင်လိုချင်တဲ့ အချက်တွေမမေးတာ

  • Buyer's agent အနေနဲ့ listing price တွေပိုပေးပြီး close တာ


Real estate agent သို့ realtor ကိုရွေးပါ: candidate တစ်ယောက်ချင်းဆီရဲ့ pros and cons ကို ယှဉ်ကြည့်ပါ။ Real estate agent နဲ့ realtor ဘာကွာလဲဆိုတာသိထားပါ။ Realtor ဆိုတာ NAR ရဲ့အဖွဲ့ဝင်ဖြစ်တာကြောင့် သူတို့က သမာဓိရှိရှိ အလုပ်လုပ်ပါတယ်။ အဲ့တာကြောင့် အရင် agent က သမာမရှိခဲ့ဘူးဆိုရင် realtor ကသင့်အတွက်ကောင်းမွန်တဲ့ ရွေးချယ်ချက်ဖြစ်မှာပါ။


Buyer-broker agreement ကိုလက်မှတ်ထိုးပါ: နောက်ဆုံးအဆင့်ကတော့ သင်ရဲ့ လက်တွဲမှူအသစ်ကို တရားဝင်ဖြစ်အောင်လုပ်ပါ။



33 views0 comments

Comments


bottom of page