top of page

Real Estate Agent ကိုဘယ်လိုရှာမလဲ?

အိမ်ဝယ်တာပဲဖြစ်ဖြစ် အိမ်ရောင်းတာပဲဖြစ်ဖြစ် အဆင်ပြေချောမွေ့အောင် ကူညီပေးတာကတော့ real estate agent ပါပဲ။ အရည်အချင်းပြည့်မှီတဲ့ agent တစ်ယောက်က သူ့အိမ်ရောင်းဝယ်လုပ်တာကို အဆင်ပြေပြေနဲ့ ပြီးသွားအောင်လုပ်ပေးနိုင်မယ့် အရည်အချင်းတွေရှိပါတယ်။ National Association of Realtors အရ ၂၀၂၀ မှာ homebuyers 88% က agent နဲ့ အလုပ်လုပ်ခဲ့ကြပါတယ်။


Agent နဲ့တစ်ခါမှ အလုပ်မလုပ်ဖူးဘူးဆိုရင် ဘယ်လိုရှာရမလဲမသိဘူး မဖြစ်အောင်  agent ရှာနည်းနဲ့ လက်တွဲဖြုတ်နည်းတစ်ချို့ကို ပြောပြသွားပါမယ်။


Real Estate Agent ကဘာလုပ်လဲ။


Agent ဆိုတာက လူတွေ အိမ် ရောင်း၊ ဝယ်၊ ငှားရမ်းတာကို ကူညီဖို့ state က လိုင်စင်ရထားတဲ့ professional တစ်ယောက်ပါ။ 


သင်အိမ်ဝယ်ပြီဆိုရင် agent က သင့်တော်တဲ့ property ရှာပေးတာ offer တင်ပေးတာ သင့်အစားညှိနှိုင်းပေးတာ စာရွက်စာတမ်းတွေနဲ့ ကူညီပေးတာ ပြီးရင်  closing costs တွေနားလည်အောင်လုပ်ပေးတာ အစရှိရှိတာတွေကို ကူညီပေးပါတယ်။ Appraisal တို့ inspection တို့လိုအပ်လာရင်လည်း စိတ်ချရတဲ့ third party services တွေကိုလည်း ညွှန်းပေးပါလိမ့်မယ်။


Seller ကိုကိုယ်စားလုပ်ပေးတဲ့ agent တွေကိုတော့ listing agent လိုခေါ်ပါတယ်။ Seller အိမ်ရောင်းတဲ့အခါ ရသင့်ရထိုက်တဲ့ ဈေးသတ်မှတ်ပေးပြီးတော့ သင့်တော်တဲ့ platforms တွေပေါ်မှာ အိမ်ပုံလေးတွေနဲ့ listing တင်ပေးပါတယ်။ Agent ကပဲ offer တွေစီစစ်ပေးပြီးတော့ အတည်ပေါက်မဟုတ်တဲ့ buyer တွေ မဝယ်နိုင်တဲ့သူတွေကို ဖယ်ပေးမှာပါ။ Seller က buyer ရှာတွေ့ပြီးဆိုတာနဲ့ ရောင်းဈေးနဲ့ closing cost ကို ညှိပေးပါလိမ့်မယ်။


Agent တစ်ယောက်ရှာရင် ဘာတွေကိုကြည့်ရမလဲ။


အတွေ့အကြုံရှိပြီး ဈေးကွက်သေချာသိတဲ့ agent မျိုးကို ရွေးချယ်သင့်ပါတယ်။ ကိုယ်နေတဲ့ area ရဲ့ pricing ကိုသေချာသိပြီး real estate's law သိတဲ့သူကိုရွေးပါ။


ထင်ရှားတဲ့ real estate agent တစ်ယောက်ရနိုင်တဲ့ အရည်အချင်းတစ်ခုကတော့ National Association of Realtors ထဲဝင်ပြီး Realtor တစ်ယောက်ဖြစ်လာဖို့ပါ။ NARS အဖွဲ့ဝင်အနေနဲ့  အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ code of ethics တွေကိုလိုက်နာဖို့လိုပါတယ်။ ဒါကြောင့် client အတွက် အကောင်းဆုံးလုပ်ပေးကြပါတယ်။ Realtor တွေက real estate market insights နဲ့ statistics data တွေရှိတာကြောင့် သင့်အတွက်အကျိုးအမြတ်ရနိုင်ပါတယ်။


Agents ကို online ကရှာမယ်ဆိုရင် သူတို့ရဲ့ listed qualifications တွေနဲ့ လတ်တလော client တွေရဲ့ review ကိုရှာကြည့်ပါ။ Agent က သူတို့ အပိုဆောင်းရထားတဲ့ လက်မှတ်တွေ certificate တွေတင်ထားနိုင်တဲ့အတွက် သူတို့ရဲ့ အသိပညာကို သိနိုင်ပါတယ်။


Agent ရဲ့ စိတ်အနေအထားနဲ့ အလုပ်လုပ်ပုံကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ အိမ်ဝယ်တယ်ဆိုတာ သင့်အတွက်ငွေပေးချေရတာ ကြီးမားတဲ့အတွက် ကိုယ်ယုံကြည့်စိတ်ချရတဲ့  professional နဲ့လုပ်ပါ။


Real Estate Agent ကိုဘယ်မှာရှာမလဲ။ 


Real estate agent ရှာဖို့ အကောင်းဆုံးနည်းလမ်းကတော့ search engine နဲ့ databases တွေကပါ။ NARs မှာ ကိုယ့် area အတွင်းက directory of realtors ဆိုပြီး list ရှိပါတယ်။ သင့် အိမ်နေရာကို ထည့်ပြီး လိုချင်တဲ့ qualification နဲ့ certifications တွေထည့်လိုက်ရင် ကိုက်ညီတဲ့ agent တွေပေါ်လာပါလိမ့်မယ်။


နောက်နည်းလမ်းတစ်ခုကတော့ လတ်တလော အိမ်ရောင်း/ဝယ် လုပ်ထားတဲ့ သူငယ်ချင်း ဆွေမျိုးတွေကို အသိ agent ရှိလား မေးကြည့်ပါ။ သူတို့အဲ့ agent နဲ့အဆင်ပြေရင် သင်လည်း အဆင်ပြေမှာပါ။ Open house တွေလိုက်တက်ကြည့်ပြီး သင့်တော်တဲ့ agent ရှာလို့ရပါသေးတယ်။


အိမ်ဝယ်/ရောင်းဖို့အတွက် real estate agent ဘယ်လိုရှာမလဲ။


Agent တစ်ယောက်ရွေးဖို့ဆိုတာ သူရဲ့ အတွေ့အကြုံ၊ အလုပ်လုပ်ပုံနဲ့ ကိုယ်နဲ့ဘယ်လောက်အဆင်ပြေလဲပေါ်မူတည်ပါတယ်။ ဆုံးဖြတ်ချက်မချခင် agent ပေါင်းစုံနဲ့ အရင်တွေ့ကြည့်ပါ။  


Candidate တွေကို အင်တာဗျူးလုပ်တဲ့အခါ ဒီမေးခွန်းတွေမေးကြည့်ပါ။


  • သင်နေတဲ့ နေရာနဲ့ ပတ်သတ်ပြီး အိမ်ရောင်း/ဝယ်တဲ့အတွေ့အကြုံရှိလား?

  • ဘယ်လိုဝန်ဆောင်မှုတွေလုပ်ပေးလဲ?

  • ဝန်ဆောင်ခဘယ်လိုယူလဲနဲ့ဘယ်လိုပေးရမလဲ?

  • သူ့ရဲ့ speciailties ကဘာလဲ?

  • အီးမေးလ်၊ မက်ဆေ့၊ ဖုန်း ဒါမှမဟုတ် လူချင်းတွေ့ပြီး ဘယ်ဟာနဲ့ အဆက်အသွယ်လုပ်တတ်လဲ။


Sellers ကလည်းဒီဟာတွေမေးတတ်ပါတယ်:


  • အိမ်ကိုဘယ်ဈေးနဲ့ရောင်းမှာလဲ?

  • အိမ်ကိုဘယ်လိုကြေညာမလဲ?


အင်တာဗျူးပြီးရင် ကိုယ့်စိတ်ထဲကအတိုင်း အဆင်ပြေမယ့်သူနဲ့ ယုံရမယ့်သူကိုရွေးပါ။ agent ကသင့်ကိုယ်စားအိမ်ရောင်းဝယ်ပေးမှာဖြစ်တဲ့အတွက် သင်နဲ့ agent နဲ့အဆင်ပြေလိုက်ဖက်ဖို့အရေးကြီးပါတယ်။ အင်တာဗျူးမှာ စကားကို professional ကျကျပြောလား စိတ်ရှည်စွာပြောလားကို ကြည့်ထားပါ။


စောင့်ကြည့်ရမယ့် red flag များ


အောက်မှာပြောပြသွားမှာကAgent ကသင့်အတွက်အဆင်မပြေမယ့် sign တွေပါ။


အတွေ့အကြုံအလုံအလောက်မရှိတာ: သင့် agent က real estate လုပ်တာမကြာသေးဘူးဆိုရင် ဈေးကောင်းကောင်းရဖို့ သေချာမပြောတတ်နိုင်လောက်သလို အမှားတွေလည်းလုပ်နိုင်ပါတယ်။


Real estate agent ကို part-time အနေနဲ့လုပ်တာ: သင့်အနေနဲ့ real estate ကိုသေချာကျွမ်းကျင်တဲ့သူ ဈေးကွက်ကိုအမြဲလေ့လာနေတဲ့သူမျိုးကိုရှာပါ။


ကောင်းတဲ့ review မရှိတာ: agent ကို online ပေါ်မှာ clients အဟောင်းတွေဘာပြောထားလဲရှာကြည့်ပါ။ ထပ်နေတဲ့ review ပုံစံတွေကိုကြည့်ပြီး ကောင်းမကောင်းဆုံးဖြတ်ပါ။ Better Business Bureau ကတစ်ဆင့်လည်း agent ကို complaints တက်ထားတာရှိလားလည်း ကြည့်လို့ရပါတယ်။


သင့် property အမျိုးအစားနဲ့မရင်းနှီးတာ:  သင့်က investment property ဒါမှမဟုတ် condominium ဝယ်ချင်တာဆိုရင် အဲ့ဒီ property အမျိုးအစားကို အထူးပြုတဲ့ agent or realtor ကိုရှာပါ။


စေ့စပ်မှုမရှိတာ: Terms of the deal ကို သေချာအောင်လုပ်ဖို့ဆိုရင် agent ကသေသပ်ရှင်းလင်းပြတ်သားဖို့လိုပါတယ်။ အသေးစိတ်လုပ်ဖို့အလုပ်များနေတဲ့သူဆိုရင်တော့ agent အနေနဲ့ မခေါ်သင့်ပါဘူး။


စာရွက်စာတမ်းလက်မှတ်ထိုးတာ


သင်လက်မှတ်ဘာမှမထိုးခင်မှာ သင့်ရဲ့ agent ကို agreement နဲ့ပတ်သတ်ပြီး သိသင့်တဲ့ စာရွက်စာတမ်းတွေအကုန်လုံးကိုရှင်းပြခိုင်းပါ။ မေးခွန်းပေါ်လာတိုင်းမေးပြီး သေချာစဉ်းစားပါ။


အဓိကစာရွက်စာတမ်းနှစ်ခုကတော့ agency disclosure နဲ့ buyer-broker agreement ပါ။ 


Agency Disclosure: agent က seller ဘက်ကလား buyer ဘက်ကလားဆိုတာနဲ့ သင်နဲ့ သင့် agent ကဘယ်လိုတာဝန်တွေကိုယူထားလဲဆိုတာကို သေချာဖော်ပြထားပါတယ်။


Buyer-broker Agreement: ဒါကတော့ သင်နဲ့သင့် agent ကြားမှာ agent ဘက်က သင့်ကို ဘယ်လို ဝန်ဆောင်မှုတွေပေးမယ် ဘယ်လောက်ဝန်ဆောင်ခယူမယ်ဆိုတာကိုဖော်ပြထားပါတယ်။ ဒီ စာရွက်စာတမ်းက သင်က သင့် agent ကိုလုပ်ပိုင်ခွင့်ပေးထားတဲ့သက်သေပါ။


29 views0 comments

Commentaires


bottom of page