
US မှာအိမ်အရောင်းအဝယ်ကိစ္စတွေလုပ်တော့မယ်ဆိုရင် ကျွမ်းကျင်တဲ့ real estate agent တစ်ယောက်နှင့်ပူးပေါင်းလုပ်ကိုင်တာ အကောင်းဆုံးပါပဲ။ အတွေ့အကြုံရှိပြီးသား agent တွေက အိမ်ရဲ့ ဈေးနူန်းတွေဆုံးဖြတ်ပေးတာ၊ ညှိနှိုင်းပေးတာတွေကအစ အိမ်ရဲ့စာရွက်စာတမ်းကိစ္စတွေကိုကိုင်တွယ်ပေးတဲ့အဆုံးသတ်အထိကို မြန်မြန်ဆန်ဆန်နှင့် မှန်ကန်စွာလုပ်ပေးနိုင်တဲ့အတွက် ကိုယ့်အတွက် အခက်အခဲတွေမကြုံတွေ့ရပဲနှင့် ကိစ္စရပ်ကိုပြီးမြောက်အောင်မြင်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီ့အတွက် agent ကောင်းတစ်ယောက်ကို ဘယ်အချက်တွေကြည့်ပြီးတော့ ရွေးချယ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။

(1) Key Traits To Look For
- Experience များပြီး valuable insight တွေကိုပြောပြပေးနိုင်ရမယ်
- Local Knowledge တွေပြည့်စုံပြီးတော့ ကိုယ်အိမ်ဝယ်မယ့်နေရာနှင့်ပါတ်ဝန်းကျင်တွေကိုကျွမ်းကျင်ရမယ်။
- Communication ကောင်းကောင်းနှင့် ရှင်းရှင်းလင်းလင်းပြောဆိုဆက်ဆံနိုင်သူဖြစ်ရမယ်။
- ကိုယ့်ရဲ့ personality နှင့် fit ဖြစ်ပြီး ကိုယ်နှင့်လိုက်လျောညီထွေဖြစ်မယ့် နေရာတွေ အိမ်တွေကိုနားလည်သိရှိသူ၊ သေသေချာချာရွေးချယ်ညွှန်ပြပေးနိုင်သူဖြစ်ရပါမယ်။

(2) Questions to ask
ကိုယ်နှင့်အဆင်ပြေပြေနိုင်လောက်တဲ့ Agent ကိုတွေ့ပြီဆိုရင်၊ သူ့ကို ဒီမေးခွန်းတွေအရင်မေးပါ။
- Experience အနေနှင့် Real Estate လောကမှ ဘယ်လောက်ကြာကြာလုပ်ကိုင်ခဲ့လဲ။
- Local Experience အနေနှင့် ကိုယ်အိမ်ဝယ်ချင်တဲ့ မြို့၊ပါတ်ဝန်းကျင်၊ လမ်းပမ်းဆက်သွယ်ရေးတွေအကြောင်းကို ဘယ်လောက်နှံ့စပ်လဲ။
- အိမ်ရောင်းမယ်ဆိုရင် ကိုယ့်အိမ်ကိုအမြန်ရောင်းထွက်ဖို့ ဘယ်လို promote လုပ်ဖို့ စီစဉ်ထားလဲ။
- ကိုယ့်အိမ်ကို ဝယ်ဖို့လာမယ့် offers ဘယ်လောက်များများကို သေသေချာချာ handle လုပ်နိုင်မလဲ။
အစရှိတဲ့ အရေးကြီးတဲ့ မေးခွန်းတွေကိုမေးကြည့်ပါ။

(3) Red Flags
- Real Estate Agent ဟာ ကိုယ့်အရောင်းအဝယ်ကိစ္စအတွက် ကိုယ်လိုချင်တာကိုမလုပ်ပေးပဲ သူဖြစ်စေချင်တဲ့အတိုင်းပဲ push အရမ်းလုပ်ရင်
- လွယ်လွယ်ကူကူဆက်သွယ်မရပဲ စကားပြောရတာ connection မမိရင်။
- အရောင်းအဝယ် plan တွေကို သေသေချာချာ ချမပြနိုင်ပဲ မရေမရာတွေပြောနေမယ်ဆိုရင်
- Positive အပိုင်းမသွားပဲ ကိုယ့်အရောင်းအဝယ်ကိစ္စမှာ negative thinking နှင့် အကောင်းထက် အဆိုးတွေကိုပဲ အာရုံစိုက် feedback တွေပေးနေရင်
ဒီ Agent မျိုးဟာကိုယ့်အတွက်အဆင်မပြေနိုင်တဲ့အတွက်ကြောင့် ပိုအဆင်ပြေတဲ့ နောက် agent တစ်ယောက်ကို ပြောင်းပြီးရွေးချယ်သင့်ပါတယ်။
ဒါ့ကြောင့် ကိုယ်က Agent ငှားတော့မယ်ဆိုရင် potential ရှိတဲ့ multiple agents တွေနှင့် တွေ့ဆုံပြီး သေသေချာချာ interview ကြည့် ဆွေးနွေးစကားပြောပါ။ သူ့ရဲ့ reputation နှင့် စွမ်းဆောင်ရည်တွေကို online မှာရော အခြား customer တွေအသိမိတ်ဆွေတွေဆီက review တွေကို သေသေချာချာ research လုပ်ပါ။ အပေါ်ကပြောပြထားတဲ့ နည်းလမ်းတွေကိုအသုံးပြုပြီးတော့ ကိုယ့်အတွက်အဆင်ပြေပြီး အရောင်းအဝယ်ကိစ္စတွေ အောင်မြင်အောင်လုပ်ဆောင်ပေးနိုင်မယ့် Real Estate Agent တွေကို ရှာတွေ့နိုင်ကြပါစေရှင်။ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Comentários