top of page

Investment Property တွေကို ဘယ်လိုဝယ်ယူကြမလဲ ?


ရင်းနှီးမြုပ်နှံမှုအနေနှင့် အိမ်ခြံမြေတွေကိုဝယ်ယူထိမ်းသိမ်းထားတယ်ဆိုတာဟာ rental income နှင့် ရေရှည်အကျိုးအမြတ်တွေရရှိဖို့အတွက် အကောင်းဆုံး investment တစ်ခုပဲဖြစ်ပါတယ်။ ဒီလို investment တွေကို ဘယ်လိုစတင်လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။


Investment Property ဆိုတာဘယ်လိုမျိုးလဲ ?

ဝယ်ယူထားပြီးတော့ ကိုယ်တိုင်မနေပဲ အငှားထားပြီးတော့လစဉ် ပုံမှန်ဝင်ငွေရမယ် ၊ ပြီးတော့ ပြန်ပြီးရောင်းချမယ်ဆိုရင်လဲ အမြတ်အစွန်းတွေရနိုင်တဲ့ အိမ်ခြံ‌မြေနှင့်အဆောက်အဦးတွေကို Investment Property လို့ခေါ်ပါတယ်။




Investment Property အမျိုးအစားများ


(1) Single Family Homes : ပြုပြင်ထိမ်းသိမ်းရတာလွယ်ကူပြီးတော့ manage လုပ်ရတာရိုးရှင်းတဲ့အတွက် first time investor တွေအတွက်သင့်တော်ပါတယ်။


(2) Multi Unit Properties: Duplexes, Triplexes and Four plexus အစရှိတဲ့ တစ်ထပ်ကို unit သုံးလေးခုပါတဲ့ အထပ်မြင့်အဆောက်အဦးတွေ ကို Multi Unit Properties တွေလို့ခေါ်ပါတယ်။ ဒီလိုအဆောက်အအုံတွေကတော့ rental income ပိုများများရနိုင်သလို ထိမ်းသိမ်းစောင့်ရှောက်ပြီး manage လုပ်ဖို့လဲ ပိုတာဝန်များပါတယ်။




(3) Accessory Dwelling Units (ADUs) : ADUs ဆိုတာက ကိုယ့် property မှာတွဲပါဝင်တဲ့ ကားဂိုထောင်၊ မြေအောက်ခန်းနှင့် backyard tiny houses တွေကိုခေါ်ပါတယ်။ ဒီလို unit တွေကို အသုံးလိုအပ်တဲ့သူတွေအ‌တွက် အငှားထားပေးပြီးတော့လဲ ဝင်ငွေရရှိနိုင်ပါတယ်။

(4) Land : အဆောက်အဦးမပါတဲ့ ခြံမြေ အလွတ်တွေဟာဆိုရင် အချိန်ကာလနှင့် city development plan တွေအပေါ်မှုတည်ပြီးတော့ ဈေးနူန်းအပြောင်းအလဲတွေဖြစ်တည်တဲ့ property တစ်ခုဖြစ်တာကြောင့် Long Term Investor တွေအတွက် သင့်တော်တဲ့ Invest propertyဖြစ်ပါတယ်။





 ကိုယ်က investment property တစ်ခုကိုဝယ်ယူပြီးတော့ property owner တစ်ယောက်အဖြစ်နှင့်ရပ်တည်တော့မယ်ဆိုရင် ကိုယ့်ရဲ့မျှော်မှန်းထားတဲ့ future planနှင့် အထက်ပါ ဘယ်လို property type မျိုးနှင့်ကိုက်ညီနိုင်မလဲဆိုတာ စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 


 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

Developed by Full stack Marketer

bottom of page