
Foreclosure ဖြစ်တယ်ဆိုတာဟာ အိမ်ဝယ်ထားတဲ့သူက mortgage loan ကိုမဆပ်နိုင်တဲ့အခါ၊ ဆပ်ဖို့အတွက်ပျက်ကွက်တဲ့အခါကြရင် Loan Company က အိမ်ကိုလက်လွှဲယူပြီး ရောင်းချခံရခြင်းဖြစ်ပါတယ်။ဒီကိစ္စဟာ အိမ်ပိုင်ရှင်တွေအတွက် Financial loss တွေကြီးကြီးမားမားကြုံတွေ့ရတတ်တာ၊ ပြီးတော့ ကိုယ့်ရဲ့ credit score တွေကိုလဲပြင်းပြင်းထန်ထန်ထိခိုက်စေတာ၊ အစရှိတဲ့ပြသနာတွေကြောင့် ဒီလို အခက်အခဲတွေကို ရှောင်လွှဲနိုင်ဖို့အတွက် မှန်ကန်တဲ့ strategies တွေကို အစကတည်းကသေသေချာချာ ဆွဲထားချမှတ်ထားဖို့လိုပါတယ်။
ဘယ်လိုအကြောင်းအရာတွေက Foreclosure တွေကိုဖြစ်ပေါ်စေလဲ ?
Foreclosure ဖြစ်စေရခြင်းအကြောင်းအရင်းတွေဟာဆိုရင်
(1) Job Loss : မမျှော်လင့်ပဲ အလုပ်ဆုံးရှုံးလိုက်ရလို့ financial unstable ဖြစ်သွားတာတွေ။
(2) Medical Bills : မမျှော်လင့်ပဲ accident နှင့် health problem တွေဖြစ်လာလို့ financial အပိုင်းမှာထိခိုက်သွားတာတွေ။
(3) Divorce or Family Issues : မိသားစုပြိုကွဲတာတွေ ၊ အိမ်ထောင်ကွဲတာတွေ။
(4) Poor Financial Planning : ကိုယ့်ရဲ့ financial အစီအစဉ်ဆွဲတဲ့အခါမှာ လိုအပ်ချက်တွေရှိနေလို့ လက်တွေ့မှာ အခက်အခဲတွေ တွေ့ကြုံရတာတွေ။
အစရှိတဲ့အချက်တွေဟာ Mortgage Loan မှန်မှန်ပေးဆပ်နိုင်မှုကို အဟန့်အတားဖြစ်စေပြီးတော့ မိမိအိမ်ကို Foreclosure အသိမ်းခံရနိုင်တဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။

Foreclosure မဖြစ်အောင်ဘယ်လို ကာကွယ်ပြင်ဆင်ရမလဲ?
လူတွေရဲ့ဘဝမှာ မမျှော်လင့်ထားတဲ့အပြောင်းအလဲတွေချက်ချင်းဖြစ်သွားတာမျိုးတွေရှိပါတယ်။ အကယ်၍ ဒီလိုရှောင်လွှဲမရတဲ့ အခက်အခဲတွေကြုံလာရပြီဆိုရင်
(1) Communicate with your Lender
ပထမဆုံးအနေနှင့်ကိုယ့်ရဲ့ လက်ရှိအခက်အခဲတွေအကြောင်းကို ကိုယ့်ရဲ့ Lenders တွေကိုအရင်သိအောင်ရှင်းပြပါ။ ဒီလို communicate လုပ်တဲ့အတွက် Lenders တွေက သင့်ကို
(a) Forbearance : mortgage loan ကိုခဏဆိုင်းငံ့ပေးထားတာ
(b) Loan Modification: ကိုယ့်အခြေအနေကိုကြည့်ပေးပြီးတော့ ပိုအဆင်ပြေတဲ့ Mortgage Rate တွေနှင့် ကာလတွေကို ပြန်ချိန်းပေးတာ - အစရှိတဲ့ အခွင့်အရေးမျိုးတွေရနိုင်ပါတယ်။
(2) Refinance Your Mortgage
အကယ်၍ကိုယ့်မှာအချိန်ရသေးတယ်ဆိုရင်တော့ လက်ရှိ Loan ထက် terms တွေပိုကောင်းတဲ့၊ ပိုအဆင်ပြေသက်သာတဲ့ Loan တစ်ခုကို replace လုပ်ထားပါ။

Alternative to Foreclosure
အကယ်၍ Foreclosure ဖြစ်ဖို့ လုံးဝရှောင်လွှဲမရတော့ဘူးဆိုရင်
(1) Short Sale : ကိုယ့်ရဲ့အိမ်ကို Lenderရဲ့ approval နှင့် Mortgage Balance ထက်ဈေးလျှော့ပြီးရောင်းချတာ။
(2) Deed in Lieu of Foreclosure : Foreclosure အသိမ်းခံရတဲ့အထိမစောင့်ပဲနှင့် Lender နှင့်ဆွေးနွေးညှိနှိုင်းပြီးတော့ ownership ကို Lenderဆီကိုပြန်လွှဲပြောင်းပေးတာ။
အစရှိတဲ့နည်းလမ်းတွေက ကိုယ့်အတွက် ခက်ခဲတဲ့ Foreclosure process ကို ရှောင်လွှဲနိုင်တဲ့အပြင်မှာ ကိုယ့်ရဲ့ Credit Score ထိခိုက်မှု့ကိုလဲ အများကြီးသက်သာစေပါတယ်။
မတူညီတဲ့ State တွေမှာ Foreclosure Lawတွေဟာလဲ တစ်နေရာနှင့်တစ်နေရာကွဲပြားခြားနားပါတယ်။ Foreclosure ကိစ္စဟာ အရမ်းကိုစိတ်ဖိစီးမှု့များပြီးတော့ Stressful ဖြစ်တဲ့ကိစ္စမျိုးပါ။ ဒါကြောင့် ကိုယ်က အိမ်တစ်လုံးကိုယ်ဝယ်တော့မယ်ဆိုရင် Financial Planning ကောင်းကောင်းလုပ်ထားရပါမယ်၊ မမျှော်လင့်တဲ့ ပြသနာတွေအတွက်လဲ ဖြစ်လာရင် ဖြေရှင်းနိုင်ဖို့ backup plan တွေအစကတည်းက ကြိုတင်ပြင်ဆင်ထားရပါမယ်။
ဒါ့အပြင်မှာလဲ အခက်အခဲဖြစ်နေတဲ့ home owners တွေအတွက် U.S ကဖွဲ့စည်းတည်ဆောက်ပေးထားတဲ့
NFCC လို Foreclosure ကိစ္စတွေအတွက် အကူအညီတွေပေးတဲ့ Non-profit Service တွေ ၊ FHA Loan program လို Government Programs တွေလဲရှိတဲ့အတွက် သူတို့အကြောင်းတွေကိုလဲသေသေချာချာလေ့လာထားသင့်ပါတယ်။
မိတ်ဆွေတို့လဲ အိမ်ဝယ်တော့မယ်ဆိုရင် ကိုယ်တိုင်ရော ကိုယ်ယုံကြည်စိတ်ချရတဲ့ Real Estate Agent နှင့်ပါ သေသေချာချာ plan ချစီစဉ်ပြီးမှ အိမ်အရောင်းအဝယ်တွေလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အားလုံးပဲ Financial Planning ကောင်းကောင်းတွေလုပ်နိုင်ကြပြီး ၊ ကျန်းမာချမ်းသာစွာ Foreclosure ကိစ္စတွေနှင့်ကင်းဝေးပြီး ပျော်ပျော်ရွှင်ရွင်နေထိုင်နိုင်ကြပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။
Comentarios