top of page

ချမ်းသာတဲ့သူတွေရဲ့ လျှို့ဝှက်ပိုက်ဆံရှာနည်း ၄ နည်း

လူချမ်းသာတွေ ဘယ်လိုချမ်းသာလာတာလဲ?


ပြီးရင် သူတို့ အဲ့လိုဆက်ပြီး ချမ်းသာအောင် ဘယ်လိုနေလဲ?

သာမန်လူအနေနဲ့ကြည့်ရင် ချမ်းသာတဲ့သူတွေ ဘာနည်းလမ်းတွေ သုံးသွားတာလဲဆိုတာက တွေးစရာပါပဲ။


မရေတွက်နိုင်တဲ့ စာအုပ်တွေ article တွေကလည်း အပေါ်ယံလောက်ပဲ အသေးစိတ်မရှိပြောပြထားတာတွေပါပဲ။ ဒါပေမယ့် အဲ့စာအုပ်တွေကနေ သင်ယူစရာမရှိဘူးလားဆိုတော့လည်း မဟုတ်ပါဘူး။


ချမ်းသာတဲ့လူတွေရဲ့ ရှေ့ကခြေရာအတိုင်း လိုက်လုပ်ရင် ကိုယ်လည်း မချမ်းသာလာနိုင်ဘူးလို့ ပြောလို့မရပါဘူး။ အဲ့တော့ အာမခံထားတာတော့ မဟုတ်ပေမယ့် သူတို့တွေရဲ့ နည်းလမ်းတွေ ဝါသနာတွေကို လေ့လာထားမယ်ဆိုရင် ကိုယ့်ရဲ့ ရှေ့ငွေရေးကြေးရေးခရီးမှာ တစ်ပန်းသာနိုင်ပါတယ်။


ဆိုတော့ ပညာရှင်တွေကပြောတဲ့ လူလတ်တန်းစားတွေအနေနဲ့ ချမ်းသာတဲ့သူတွေ ဘယ်လိုပိုက်ဆံရှာလဲဆိုတာ သိသင့်တဲ့ အချက် ၄ ချက် ကိုဖော်ပြသွားပါမယ်။


Tax Planning


ချမ်းသာမှုကို တည်ဆောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်း တစ်ခုကတော့ ကိုယ်ရှာထားသမျှပိုက်ဆံကို တတ်နိုင်သလောက် များများပိုင်ဖို့ပါပဲ။


ကိုယ်ရှာသလောက် နည်းနည်းပဲသုံးတာက နည်းတစ်ခုဆိုပေမယ့် အလုပ်ပိုမလုပ်ပဲ ကိုယ့်အိတ်ကပ်ထဲကို ပိုထည့်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ အခွန်ဆောင်ရတာပါ သင့်ရဲ့ လစာရဲ့ ပမာဏတော်တော်များများကို ပေးလိုက်ရသလိုပါပဲ။ အဲ့တော့ အခွန်လျှော့ချ နိုင်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို လစာပိုပေးလိုက်သလိုပါပဲ။


ချမ်းသာတဲ့သူတွေက သေချာ tax planning လုပ်ပြီး အခွန်ကို နည်းနိုင်သလောက် နည်းနေအောင်ပေးပါတယ်။  ဒါပေမယ့် အခွန်နဲ့ပတ်သတ်ပြီး ပညာသားပါဖို့အတွက် ချမ်းသာနေတဲ့သူဖြစ်ဖို့ မလိုပါဘူး။ CFP နဲ့ Equilibrium Financial Planning ရဲ့ co-founder ဖြစ်တဲ့ Eric Johns က "  tax planning ဆိုတာ အပြင်ဘက်သက်ရောက်မှုတွေ အများကြီးပါပါတယ်တဲ့။


ကိုယ်က HSA planning, FSA planning (flexible spending account), dependent care FSA participation, roth IPA utilization စတာတွေအပြင် အဆင်ပြေရင် 529 account education saving နဲ့ asset location optimization တွေလုပ်လို့ရပါတယ်။" ဆိုပြီးပြောခဲ့ပါတယ်။ 


သင့်အနေ့နဲ့ ချမ်းသာနေဖို့လည်း မလိုသလို အခွန်အကြောင်းစေ့စပ်အောင်သိနေဖို့လည်း မလိုပါဘူး။ ဒီ tax planning အဆင့်လောက်က tax software တွေ basic tax prep service တွေနဲ့ ပြင်ဆင်လို့မရပေမယ့် financial planner ၊ professionals နဲ့ CPA တွေက ကောင်းကောင်းကူညီပေးနိုင်မှာပါ။ သင်ထင်သလောက်လည်း မကုန်ကျပါဘူး။


အတိုးနှုန်းများတဲ့ debt တွေ မယူပါနဲ့။ 


Debt အကုန်လုံးဆိုးတယ်မထင်ပါနဲ့။ ဥပမာ credit cards နဲ့ ယှဉ်မယ်ဆိုရင် mortgage က interest rate နည်းပါတယ်။ ပြီးရင် အချိန်ကြာလာတာနဲ့ တန်ဖိုးတက်လာနိုင်တဲ့ အိမ်လိုဟာမျိုးကို ဝယ်ခွင့်ပေးထားတာလေ။ Student debt တွေကတော့ ဝန်ထုပ်ဝန်ပိုးဆိုပေမယ့် ကိုယ်ရမယ့် ဘွဲ့က ကိုယ့်ရဲ့ earning potential ကိုပိုမြင့်ပေးနိုင်ဆိုရင်တော့ ရေရှည်မှာပြန်ဆပ်နိုင်မှာပါ။ တခြားဟာတွေကို အကြွေးနဲ့ဝယ်မယ်ဆိုရင်တော့ ငွေပိုကုန်ကျမှာဖြစ်ပါတယ်။


Johns က " high-interest loans ယူပြီး ဘယ်တော့မှ ဘာမှ မဝယ်ပါနဲ့။ ဒါဟာ ချမ်းသာတဲ့သူတွေဘယ်တော့မှ မလုပ်တဲ့ အရာတစ်ခုပဲ။


Liquid account ထဲမှာ capital မရှိမချင်း ကားအသစ်မဝယ်ခင် စုပါ။ Checking account balance က outstanding credit card balance ထက်အမြဲတမ်းကျော်နေပါစေ။


ကိုယ့်လက်ထဲမှာ ရှိတာထက်ပိုပြီး ဘယ်တော့မှ ချက်ချင်းမပေးပါနဲ့" ဆိုပြီး ပြောခဲ့ပါတယ်။


ဒီလိုအမြဲနေဖို့ဆိုတာ ခက်ခဲပေမယ့် သင့်ရဲ့ net worth ကိုမြင့်တင်တာဟာ credit card အတွက်  အတိုး 20% or ပိုပြီး ပေးနေရထက်သာပါတယ်။


အိပ်နေရင်းပိုက်ဆံရှာပါ။


အလုပ်ကြိုးစားရင် ချမ်းသာမယ်ဆိုတာ အာမခံမရှိပါဘူး။ သင့်အနေနဲ့ ဒုတိယအလုပ်တစ်ခု သို့မဟုတ် side hustles တွေအများကြီးလုပ်လို့ ရပေမယ့် နေ့တစ်နေ့မယ့် နာရီအများကြီးမှ မရှိတာ။ အဲ့တော့ သင်ချမ်းသာချင်တယ်ဆိုရင် ပိုက်ဆံကို သင်ကအလုပ်လုပ်ခိုင်းပါ​။  အဲ့တာကို passive income  လို့ခေါ်ပါတယ်။ ဒါချမ်းသာတဲ့ လူတွေ ချမ်းသာအောင်လုပ်တဲ့ သိထားရမယ့် အရေးကြီးတဲ့ အချက်တစ်ခုပါ။


CFA နဲ့ Creighton University ရဲ့ Heider College of Business မှာ profesor of finace လုပ်နေတဲ့ Robert Johnson က ရင်းနှီးမြှပ်နှံမှုအကြောင်းကို ဆယ်စုနှစ်ကြာအောင် လေ့လာခဲ့ပြီးတော့ Tools and Techniques of Investment Planning  and Strategic Value Investing အစရှိတဲ့ စာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပါတယ်။ သူကပြောခဲ့ပါတယ်။


တကယ်ချမ်းသာတဲ့သူနဲ့  လုလတ်တန်းစားတွေနဲ့ အဓိက ဘာကွာတာလဲဆိုရင် လူချမ်းသာတွေက အိပ်နေရင်းပိုက်ဆံရှာလို့ပါတဲ့။ ဒါကဘာပြောတာလဲဆိုရင် သူတို့ကို capital တိုးလာအောင်လုပ်တယ် ပြီးရင် အဲ့  capital ကို သူံးပြီးပိုက်ဆံတွေပိုရအောင်လုပ်တယ်။ လူချမ်းသာတွေက သူတို့ရဲ့ ဝင်ငွေအများစုကို invested labor တွေကနေရတာဖြစ်ပါတယ်တဲ့။


Johnson ကထပ်ပြောခဲ့ပါတယ်။ စောစောစတာကလည်း power of compound interest ကြောင့် ပိုအကျိုးမြတ်ရမှာဖြစ်တဲ့အတွက် ချမ်းသာမှုရဖို့အတွက် အဓိကသော့ချက်ပါတဲ့။ Interest တွေက အချိန်ကြာလာရင် ထပ်တိုးပေါင်းသွားတယ် အဲ့တော့ သင်တာ သင့်ရဲ့ အမြတ်ပေါ်မှာထပ်ပြီး အမြတ်ရပါတယ်။


ဒါကြောင့် အချိန်ဆိုတာ investor တွေအတွက် လုပ်ဖော်ကိုင်ဖက်ပါ။ ရေရှည်ချမ်းသာဖို့နဲ့ NetWorth ပိုရဖို့အတွက် အသေချာဆုံးနည်းလမ်းကတော့ stock market မှာ invest တာပါဆိုပြီး Johnson ကပြောခဲ့ပါတယ်။


သင်ဘာကို invest နေတာလဲကိုသိထားပါ။


Quantitative stock analysis software ထုတ်တဲ့ company ရဲ့ senior manager of research  တစ်ဦးဖြစ်တဲ့ Todd Shaffer က stock market  မှာ invest ခြင်းရဲ့ အရေးပါပုံကိုပြောထားပါတယ်။


ချမ်းသာတဲ့ investors တွေက stock market နဲ့ပတ်သက်ပြီး သိပ်မသိပေမယ့် expert တွေရဲ့ လမ်းညွှန်မှုတွေ advanced tools တွေကို investment advisors တွေနဲ့ professionals တွေဆီကရပါတယ်။ သင်သာကြိုးစားချင်စိတ်ရှိရင် ကိုယ့်ဘာသာသင်ယူလို့ရတာတွေအများကြီးရှိပါတယ်။


Company တွေမှာ invest တာက အမြတ်ရပြီး တက်လာတဲ့ ရှယ်ယာဈေးတွေ ခံစားနိုင်တာကြောင့် ချမ်းသာအောင်လုပ်တဲ့ ကောင်းမွန်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ Entry ရဖို့အတွက် အတားအဆီးသိပ်ပြီး မများသလို ဘယ်နေရာကနေမဆို အလွယ်တကူ  invest လို့ရပါတယ်။


ဒါပေမယ့် အောင်မြင်မှုရဖို့အတွက် skill တစ်ချို့တော့ သင်ယူဖို့လိုပါမယ်။ ကောင်းမွန်တဲ့ investing decisions ချဖို့အတွက် လိုအပ်တဲ့ resources တွေ အသုံးချနိုင်တဲ့ အချက်အလက်တွေအကုန်လုံးက အလွယ်တကူ သင်ယူလို့ရပါတယ်။


အတွေ့အကြုံနဲ့ သိထားတဲ့ အချက်တွေပေါင်းလိုက်ရင် သင့်မှာ elite class တစ်ခုဖြစ်တဲ့ "knowledgeable Investors" ထဲဝင်နိုင်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသွားမှာပါဆိုပြီး Shaffer ကပြောခဲ့ပါတယ်။


1,181 views0 comments

Comentários


bottom of page