top of page

အိမ်ငှားခအတွက်ဘယ်လောက်သုံးမလဲ?

အိမ်အသစ်ဒါမှမဟုတ် တိုက်ခန်းအသစ်ကို ပြောင်းတာဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါပေမယ့် အိမ်အသစ်ငှားဖို့ တက်နိုင်မလား မတတ်နိုင်လား ဆိုတာကတော့ အသုံးစရိတ်နဲ့ ချိန်ရမှာပါ။ အဲ့တော့ အိမ်ငှားခအတွက် ဘယ်လောက်သုံးသင့်လဲ? 


Rent-to-income ratio ဆိုတာဘာလဲ?


အိမ်ငှားခအတွက်ဘယ်လောက်သုံးရမလဲ စဉ်းစားတဲ့အခါ သင့်ရဲ့ fixed rent-to-income ratio ကို သိဖို့လိုပါတယ်။ ဒီ ratio က သင့်ရဲ့ တစ်လဝင်ငွေ (သို့) တစ်နှစ် gross ဝင်ငွေ နဲ့ အိမ်ငှားခကို တိုင်းတာတာပါ။ ဒါကသင့် အိမ်ငှားခဘယ်လောက်တတ်နိုင်မလဲဆိုတာကို တွက်နိုင်ပါတယ်။ 


Rent-to-income ratio မြင့်နေရင် သင့်လစဉ်ဝင်ငွေရဲ့ တော်တော်များများက ​​နေစရိတ်ထဲရောက်နေလို့ပါ။ အဲ့တော့ ratio ကနည်းရင် အများကြီး မသုံးထားလို့ပါ။ 


အကောင်းဆုံး rent-to-income ratio ကဘယ်လောက်လဲ?


U.S Department of Housing and Urban Development အရ ဝင်ငွေရဲ့ 30% လောက်ပဲ rent အတွက်သုံးတာအကောင်းဆုံးပါတဲ့။ အဲ့ထက်သုံးမယ်ဆိုရင်, ပိုက်ဆံစုဖို့နဲ့ တခြားသုံးဖို့အတွက် မလောက်ငှတာတွေဖြစ်လာနိုင်ပါတယ်။


အိမ်ရှင်တော်တော်များများက အိမ်ငှားတဲ့သူရဲ့ ဝင်ငွေက အိမ်ငှားခရဲ့ သုံးဆဖြစ်မှလက်ခံတတ်ပါတယ်။ ဒါပေမယ့် နေစရိတ်များတဲ့ San Diego တို့လိုနေရာမှာဆိုရင်တော့ အိမ်ငှားခက ဝင်ငွေရဲ့ 30% ကျော်တာက အဆန်းမဟုတ်ပါဘူး။


Rent-to-income ratio ကိုဘယ်လိုတွက်မလဲ။ 


သင့်မှာတစ်လဝင်ငွေ $4,000 ရှိမယ် ပြီးရင် တစ်လ $1,500 တန်အိမ်ကိုပြောင်းချင်တယ်ဆိုရင် သင့်ရဲ့ rent-to-income ratio က [ ( 1500/4000 ) 100 = 0.375 100 = 37.5% ] ဖြစ်ပါတယ်။ 


ဒီမှာ 37.5% ဖြစ်တဲ့အတွက် စံနှုန်းထက်များနေပါတယ်။ ဒါကြောင့် ဈေးပိုသက်သာတဲ့နေရာကိုရှာတာ ဒါမှမဟုတ် အသုံးစရိတ်လျော့ချတာမျိုးလုပ်ဖို့ တွေးရပါမယ်။


အိမ်ငှားခအတွက် ဘယ်လောက်သုံးသင့်လဲ?


အတိအကျကတော့ ကိုယ့် ဝင်ငွေ၊ နေမယ့်နေရာ နဲ့ အသုံးစရိတ်ပေါ်မူတည်ပြီးကွာသွားပါလိမ့်မယ်။ နေစရိတ်စဉ်းစားတဲ့ဘာတွေကိုကြည့်လို့ရမလဲဆိုတာ ပြောကြသွားပါမယ်။ 


30% threshold


ဝင်ငွေရဲ့ 30% ကိုပဲသုံးတာအကောင်းဆုံးပါ။ ဒီမှာသတိထားရမှာက rent-to-income ratio တွက်တဲ့အခါ အိမ်တစ်အိမ်လုံးရဲ့ ဝင်ငွေနဲ့တွက်ဖို့ပါ။ အခန်းဖော် ဒါမှမဟုတ် ချစ်ရသူတွေနဲ့နေမယ်ဆိုရင် သင့်လျောတဲ့ ပမာဏကို ထည့်တွေးနိုင်အောင်လို့ပါ။


50/30/20 rule


Rent-to-income ratio အတည်တကျသိပြီဆိုရင် 50/30/20 rule ကိုလက်ကိုင်ထားပါ။ 


ဒီ rule အရ သင့်ဝင်ငွေရဲ့ 50% က တကယ်လိုအပ်တဲ့နေရာကို သုံးမယ်။ 30%  က အရေးမကြီးတဲ့ ကိုယ်ရေးကိုယ်တာသုံးဖို့နဲ့  ကျန်တဲ့ 20% ကတော့ စုဆောင်းဖို့ အကြွေးပေးဖို့နဲ့ ရင်းနှီးမြုပ်နှံဖို့ပါ။



လစဉ်အသုံးစရိတ်လျော့ချနည်း


တကယ်လို့ ကိုယ်လိုချင်တဲ့ အခန်းက ဘက်ဂျက်ထက်များနေရင် တချို့အသုံးစရိတ်တွေလျော့ချနိုင်မှာပါ။ ရေဖိုး မီးဖိုး အာမခံနဲ့ ဈေးဝယ်ခတွေဘယ်လို့လျော့ချရမလဲကြည့်ကြည့်ပါ။


ရေဖိုး/မီးဖိုး - အသုံးမဝင်တဲ့ TV line တို့  mobile service တို့ကိုဖြတ်လိုက်ပါ။ မီးလုံးတွေကို energy-save ဖြစ်တဲ့ဟာတွေနဲ့ပြောင်းပါ။


အာမခံ - တစ်လချင်း အာမခံပေးမယ့်အစား တစ်နှစ်စာပေးတာက discounts ပိုရပါတယ်။ အခန်းဖော်ရှိရင် share ဖို့ပြောပါ။ 


ဈေးဝယ်ခ - အစားအသောက်ဝယ်တဲ့အခါ canned beans တို့  ခဲနေတဲ့ ဟင်းသီးဟင်းရွက်တွေကို အများကြီးဝယ်ပြီးလည်း ချွေတာနိုင်ပါတယ်။


အိမ်ငှားခ အချိန်မှန်မှန်ပေးပြီး Credit Score မြင့်တင်ပါ။


ဝင်ငွေရဲ့ 30% ပဲရှိတဲ့ အိမ်ကိုငှားတာက  တခြားအသုံးစရိတ်တွေချွေတာစရာမလိုပဲ အိမ်ကောင်းကောင်းမှာနေနိုင်စေပါတယ်။


အချိန်မှန်မှန် အိမ်ငှားခပေးတာကလည်း သင့်ရဲ့ credit score ကိုတက်လာစေပါတယ်။


337 views0 comments

Comments


bottom of page