top of page

ခရီးမသွားခင် ကိုယ့်အိမ်အတွက် ဘာတွေစစ်ဆေးစီစဉ်ထားခဲ့ရမလဲ ?


ကိုယ်က ခရီးရက်ရှည်သွားဖို့အတွက် အိမ်ကိုပိတ်ထားခဲ့ရတော့မယ်ဆိုရင် ခရီးမသွားခင် သေသေချာချာစစ်ဆေးစီစဉ်သွားရမယ့် အရေးကြီးအချက်လေးတွေရှိပါတယ်။ ဒီအချက်လေးတွေကို check list လေးတစ်ခုအနေနှင့် ပြောပြပေးပါမယ်။




Before You Leave 


1. Water Plants 

သစ်ပင်ပန်းပင်တွေရှိရင် ခြောက်‌‌သွေ့ပြီး သေမသွားဖို့ရေများများလောင်းပေးထားခဲ့ပါ။ အိမ်အပြင်မှာရှိတဲ့ ပန်းပင်တွေအတွက် တစ်ယောက်ယောက်ကိုရေပုံမှန်လာလောင်းပေးဖို့စီစဉ်ထားခဲ့ပါ။


2.Adjust Thermostat 

Temperature ကို conserve energy mode နှင့်ထားခဲ့ပါ။ ကျန်ခဲ့မယ့် အိမ်မွေးတိရစ္ဆာန်တွေ သစ်ပင်ပန်းပင်တွေ၊ electronic system တွေအတွက်သင့်တော်တဲ့ အပူချိန်မျိုးကို ရွေးချယ်ထားခဲ့ဖို့လဲ မမေ့ပါနှင့်။


3.Hold Mails

Mail တွေ၊ သတင်းစာတွေ အတွက် delivery ‌တွေကို ခဏရပ်ခိုင်းထားဖို့လဲမမေ့ပါနှင့်။


4.Security Systems Check

ကိုယ့်ရဲ့အိမ်မှာတပ်ဆင်ထားတဲ့ Door Bell Cams, CCTVs, Intruder Security Alert System တွေ သေချာအလုပ်လုပ်နေအောင်စစ်ဆေးသွားပါ။ပြတင်းပေါက်တွေ၊တံခါးတွေ သေချာသော့ခတ်ပိတ်ခဲ့ရဲ့လား နှစ်ခါပြန်စစ်ဆေးပါ။


5. Turn Off Water

ကိုယ့်ရဲ့ ရေချိုးခန်းနှင့်မီးဖိုခန်းတွေမှာ ရေပိုက်နှင့်ရေဘားတွေကို လုံမလုံ၊ ပိတ်မပိတ် စစ်ဆေးပါ။


6. Remove Spare Keys

ပုံမှန်အိမ်အပြင်မှာ ထားနေကြနေရာတွေမှာထားတတ်တဲ့ spare key တွေရှိရင်ပြန်သိမ်းပါ။ ပြီးတော့ယုံကြည်ရတဲ့သူဆီမှာသာအပ်နှံထားခဲ့ပါ။


7. Manage Trash

အိမ်ထဲမှာရှိတဲ့ အမှိုက်တွေနှင့် ပုပ်သိုးပျက်စီးနိုင်တဲ့အရာတွေကို အိမ်ပြင်အမှိုက်ပုံးမှာလွှင့်ပစ်ထားခဲ့ပြီး အိမ်ရဲ့အနံအသက်တွေကင်းစင်ဖို့ စီစဉ်ထားခဲ့ပါ။


8. Pet Care

အကယ်၍ကိုယ်က Pets တွေကိုထားခဲ့ရမယ်ဆိုရင် professional pet care ဒါမှမဟုတ် ယုံကြည်ရတဲ့ဆွေမျိုးမိတ်ဆွေတွေကို အချိန်မှန်မှန်စစ်ဆေးဂရုစိုက်ခိုင်းပါ။ သူတို့ရဲ့ အစာရေစာတွေကိုလုံလောက်အောင်ဖြည့်ပေးထားခဲ့ပါ။ သူတို့ရဲ့ ကစားစရာနှင့်အိပ်ယာတွေကို သေချာစီစဉ်ပေးထားခဲ့ပါ။




While You Are Away


ကိုယ်ကအိမ်ကနေထွက်လာပြီ အဝေးကိုရောက်နေပြီဆိုရင်

1. Online Monitoring 

ကိုယ့်ရဲ့ CCTV တွေ၊ doorbell cam တွေ၊ motion detector တွေ၊ Fire Alarm နှင့် Water Alarm System တွေကို နေ့တိုင်းအချိန်မှန်မှန်စစ်ဆေးကြည့်ပါ။


2. Neighbors Check-In

ကိုယ့်ရဲ့အိမ်နီးနားချင်းတွေကိုလဲ အကူအညီတောင်းပြီးတော့ အိမ်အတွင်း အိမ်အပြင်တွေကို စိတ်ချနိုင်ရမှုအခြေအနေ၊ petsတွေအခြေအနေတွေကို ကူညီစစ်ဆေးပေးဖို့အကူအညီတောင်းနိုင်ပါတယ်။




After You Return


ခရီးကနေအိမ်ပြန်ရောက်လာပြီဆိုရင် ပထမဆုံးအနေနှင့်

1.Inspect Your Home

ကိုယ့်အိမ်ရဲ့ အတွင်းအပြင်၊ အခန်းတွေအားလုံး၊ မြေအောက်ခန်းနှင့်ထပ်ခိုးတွေပါမကျန် အစစအရာရာ ပုံမှန်ရှိရဲ့လား လိုက်လံ‌စစ်ဆေးကြည့်ပါ။


2. Reconnect Water

ကိုယ့်ရဲ့ပိတ်ထားခဲ့တဲ့ ရေပိုက်လိုင်းတွေ ရေဘားတွေကိုပြန်ဖွှင့်ပါ ၊ ရေကောင်းကောင်းလာမလာစစ်ဆေးကြည့်ပါ။


3.Reunite with Pets

ခရီးရှည်သွားရတဲ့အခါ ရက်ရှည်အိမ်မှာကျန်ခဲ့တဲ့ ‌အိမ်မွေးတရိစ္ဆာန်လေးတွေနှင့် ပြန်လည် နီးနီးကပ်ကပ်နေပြီးတော့ ဂရုစိုက်ပေးလိုက်ပါ။


ဒီအချက်တွေကတော့ ကိုယ်ခရီးသွားတဲ့အခါ ထားခဲ့ရမယ့် ကိုယ့်ရဲ့နေအိမ်အတွက်ဘယ်လို ပြင်ဆင်စစ်ဆေးမှု့တွေလုပ်ရမယ်ဆိုတဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။



ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 
 
 

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

Developed by Full stack Marketer

bottom of page