top of page

ကောလိပ်ဘွဲ့ဒီဂရီ မလိုပဲ ဝင်ငွေကောင်းတဲ့ အလုပ် (၁၂)မျိုး

အလုပ်ကောင်းတစ်ခု ရရှိဖို့ ဝင်ငွေ ကောင်းဖို့ မိသားစု ကို ထောက်ပံ့နိုင်ဖို့ ဘွဲ့ ရစရာမလိုပါဘူး ။ လစာကောင်းဖို့အတွက်ဆိုရင်လည်း တက္ကသိုလ်က ဘွဲ့ရမှဖြစ်မှာ မဟုတ်ပါဘူး။ Technology, ကျန်းမာရေးစောက်ရှောက်မှု နဲ့ Sales အစရှိတဲ့ နယ်ပယ်တိုင်းမှာ လေးနှစ်ကျောင်းတက်ရတဲ့ ဘွဲ့တစ်ခုမလိုပဲ လုပ်လို့ရတဲ့ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင်တွေရှိပါတယ်။


US ကိုခုမှ ရောက်လာတဲ့ သူတွေ လက်ရှိအလုပ်ကို မကြိုက်လို့ အလုပ်သစ်ကိုပြောင်းဖို့ စဉ်းစားနေရင် တော့ ဒီနေ့ ရှင်းပြပေးမဲ့ ဘွဲ့ ရစရာမလိုပဲ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် ၁၂ ခု အကြောင်းကို သေချာကြည့်ပေးစေချင်ပါတယ်။ ဒီ အလုပ်တွေက US မှာတင် မဟုတ်ပဲ တခြား တိုးတက်တဲ့ နိုင်ငံ တွေအတွက်လဲ သင့်တော် ပါတယ်။ အခုနောက်ဆုံးကနေ စပြီး တခုချင်းစီ ပြောပြပေးသွားမှာပါ။


၁။ Executive Assistant


Executive Assistant
Original - Snack Nation

ကုမ္ပဏီ ကြီးတွေက ရာထူးကြီးတဲ့ သူတွေကို admin duties / assistance အတွင်းရေးမှူး သဘောမျိုး လုပ်ပေးရတာပါ။ ဘာတွေလုပ်ရတာလဲဆိုတော့ သူတို့ အချိန်ဇယားတွေ စီမံပေးရတယ်။ အစည်းဝေးအတွက် လိုအပ်တာတွေ ပြင်ဆင်။ သူတို့ လိုအပ်တဲ့ စာရွက်စာတမ်း ဖိုင်တွေ ပြင်ဆင်။ သူတို့ရဲ့ ခရီး တွေကို ကြိုတင်စီစဉ် အစရှိတာတွေလုပ်ပေးရတာပါ။

ဒီအတွက် အနိမ့်ဆုံး ပညာအရည်အချင်းကတော့ အထက်တန်းကျောင်း ဒစ်ပလိုမာလောက်ပဲ လိုပါတယ်။

တစ်နှစ်ကို ပျှမ်းမျှလစာ ဒေါ်လာ ၆သောင်းလောက်ရတာမို့ စိတ်ဝင်စားစရာအလုပ်တစ်ခုပါပဲ။


၂။ လိုင်စင်ရ သူနာပြု Licensed practical nurse (LPN)


Licensed Practical Nurse

ဒီသူနာပြုအလုပ်အကိုင်ကလည်း ဘွဲ့မရှိပဲလေ့လာနိုင်တဲ့ အလုပ်တွေထဲမှာ တစ်ခုပါပါတယ်။ လိုင်စင်ရ သူနာပြုအနေနဲ့ Registered Nurses (RNs)တွေ၊ ဆရာဝန်တွေနဲ့အတူတူ လူနာတွေကို ကြည့်ရှူစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ဒီရာထူးမှာ Vital Signs ယူတာ၊ ဆေးမှတ်တမ်းတွေ ထိန်းသိမ်းတာ၊ ပတ်တီးလဲပေးတာ၊ လူနာကိုရေပတ်တိုက်ပေးတာ အစရှိတာတွေလုပ်ရပါတယ်။ ဒီအလုပ်အတွက်တော့ သီးသန့်လေ့ကျင့်ပေးတဲ့ အတန်းတွေတက်ရပြီး ဆေးပညာနယ်ပယ်မှာလုပ်ချင်တဲ့သူတွေအတွက်ကတော့ အဆင်ပြေပါတယ်။


အနိမ့်ဆုံး ပညာအရည်အချင်းက Licensed practical nurse (LPN) အတန်းကို ၁၂လကနေ ၂၄လအထိ တက်ပါတယ်။ ဒီအလုပ်ကလည်း တစ်နှစ်ကို ပျှမ်းမျှလစာ ဒေါ်လာ ၆သောင်းလောက်ရပါတယ်။


၃။ လက်သမားအလုပ်


Carpenter Salary

လက်သမားအလုပ်က အားလုံးသိတဲ့အတိုင်းပဲ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့ သစ်သားတွေကိုသုံးပြီး အလုပ်လုပ်ရတာဖြစ်ပါတယ်။ ဒီအလုပ်အတွက် ဘွဲ့ ဒီဂရီတွေမလိုပါဘူး။ အိမ်တွေအဆောက်အအုံတွေကို တည်ဆောက်တဲ့ လက်သမားတွေရှိသလို ပရိဘောဂတွေကိုပြုလုပ်တဲ့ လက်သမားတွေလည်းရှိပါတယ်။ ဒီအလုပ်ကလည်း နှစ်စဉ် ပျှမ်းမျှအားဖြင့် ဒေါ်လာ ၆သောင်းလောက်ရပါတယ်။



၄။ Drafter


Drafter

ဒီ Drafter အလုပ်အကိုင်ကတော့ Computer ကိုအသုံးပြုပြီး CAD Software နဲ့ Building Plans, Wiring Diagrams၊ Topographical မြေပုံတွေနဲ့ ပစ္စည်းကိရိယာတပ်ဆင်ပုံတွေကို ရေးဆွဲပေးတာဖြစ်ပါတယ်။ အနိမ့်ဆုံးပညာအရည်အချင်းအနေနဲ့ ဒီ Drafting ပြုလုပ်တာကို သင်ပေးတဲ့ အတန်းတွေမှာ နှစ်နှစ်လောက် တက်ရတဲ့ ဒီဂရီတစ်ခုရှိထားရင် ပိုကောင်းပြီး နှစ်စဉ် ပျှမ်းမျှအားဖြင့် ဒေါ်လာ ၆သောင်း၄ထောင်ဝန်းကျင်ရတဲ့ အလုပ်တစ်ခုပါ။


၅။ အရောင်းသမား Sales Representatives


Sales Rep Salary 2023

အရောင်းသမားတစ်ယောက်အနေနဲ့ အလုပ်ရှင်ကိုယ်စား သူတို့ရဲ့ ထုတ်ကုန် (ဒါမှမဟုတ်) ဝန်ဆောင်မှုတွေကို ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရရုံးတွေက ဝယ်ချင်လာအောင် ရောင်းပေးရတာဖြစ်ပြီး မူလ လစာအပြင် ရောင်းရတဲ့ ပစ္စည်းတွေရဲ့ အမြတ်ရာခိုင်နှုန်းအလိုက် Commission ခံစားခွင့်ရှိတဲ့အတွက် ရောင်းရလေ လစာကောင်းလေဆိုတဲ့ အလုပ်မျိုးပါ။ အဓိကအားဖြင့် ကိုယ့်ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုရဲ့ Sales Presentation တွေပြုလုပ်ရပြီး စျေးညှိတာ၊ ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင်ဆောင်ရွက်ပြီး ဝယ်ယူသူအသစ်တွေရရှိအောင်လုပ်ရတဲ့ အလုပ်ဖြစ်ပြီး အရမ်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။

ပျှမ်းမျှအားဖြင့် နှစ်စဉ် ဒေါ်လာ ၇သောင်း ၂ထောင်လောက် ဝင်ငွေရှိတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုပါ။


၆။ Web developer

Website Developer

Web Developer တွေရဲ့ အလုပ်ကတော့ Website တွေကို ဖန်တီးပြီး ထိန်းသိမ်းရတာပါ။ လုပ်ငန်းတွေရဲ့ အင်တာနက်ပေါ်က ကိုယ်ပိုင် Website တွေကို ဖန်တီးပေးရတာဖြစ်လို့ အရေးကြီးတဲ့ အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ Web Developer တစ်ယောက်ဖြစ်ဖို့အတွက် ဘွဲ့ဒီဂရီဆိုတာထက် အတွေ့အကြုံကပိုအရေးကြီးပါတယ်။ အခုခေတ်လို အင်တာနက်ပေါ်ကနေ အရာအားလုံးကို အလွယ်တကူသင်လို့ရတဲ့ ခေတ်ကြီးမှာ Web Development နဲ့ ပတ်သက်တဲ့ အခမဲ့ သင်ခန်းစာတွေကို YouTube လိုနေရာမျိုးမှာတွေ့နိုင်သလိုမျိုး အခပေးသင်တန်းတွေလည်း အလွယ်တကူတက်နိုင်ပါပြီ။

ပျှမ်းမျှအားဖြင့် တစ်နှစ်ကို ဒေါ်လာ ၇သောင်း ၈ထောင်လောက်ရတဲ့အလုပ်မို့ ဝင်ငွေလည်းကောင်းပြီး ခေတ်မတဲ့ အလုပ်အကိုင်လို့ ဆိုနိုင်ပါတယ်။


၇။ စားဖိုမှူး


Chef Salary

စားဖိုမှူးတစ်ယောက်အနေနဲ့ အသက်မွေးမယ်ဆိုရင် စားသောက်ဆိုင်တွေ၊ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာ စားကောင်းသောက်ဖွယ်တွေကို ပြင်ဆင် ချက်ပြုတ်ပေးရမှာဖြစ်ပါတယ်။ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့က​တော့ ချက်ပြုတ်တာနဲ့ ပတ်သက်တဲ့ အတွေ့အကြုံက ပိုအရေးကြီးပါတယ်။ ဒီအလုပ်အတွက်လည်း ချက်ပြုတ်နည်းသင်တန်းတွေရှိပြီး သင်တန်းပြီးတဲ့အခါ အလုပ်ဝင်ရင်းကမှတဆင့် လက်တွေ့ဘ၀မှာ တွဲပြီးလေ့လာကြပါတယ်။

နှစ်စဉ် ပျှမ်းမျှ ဒေါ်လာ ၅သောင်းလောက်ရတဲ့အလုပ်ဖြစ်တဲ့အပြင် ချက်ပြုတ်ခြင်းကို ဝါသနာထုံတဲ့သူတွေနဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တစ်ခုပါပဲ။


၈။ လေယာဉ်စက်ပြင်သူ

ဒီအလုပ်က အမေရိကန်အလုပ်သမားဗျူရိုက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဒေါ်လာ ၆သောင်းခွဲနဲ့ အထက် ဝင်ငွေရတာဖြစ်ပြီး အဓိကအားဖြင့် လေယာဉ်တွေကို ကောင်းစွာ လည်ပတ်သွားလာနိုင်ဖို့နဲ့ စက်တွေ လုံခြုံစိတ်ချရဖို့ ထိန်းသိမ်းပေးရတာဖြစ်ပါတယ်။ လေယာဉ်တွေကို ပုံမှန် စစ်ဆေးပေးရပြီး လိုအပ်ရင် ပြုပြင်ထိန်းသိမ်းပေးရပါတယ်။ လေယာဉ်ပြင်တာနဲ့ ပတ်သက်ပြီးလည်း တိကျတဲ့ အသေးစိတ် မှတ်တမ်းတွေ မှတ်ပေးရပါသေးတယ်။ လိုအပ်တဲ့ ပညာအရည်အချင်းကတော့ Federal Aviation Association certification

ပါ။



၉။ အိမ်ခြံမြေ ပွဲစား

Real Estate Agent

အိမ်ခြံမြေပွဲစားအလုပ်အကိုင်ကတော့ ကိုယ့်ကိုယ် အလုပ်အပ်တဲ့သူတွေရဲ့ အိမ်ခြံမြေတွေကို ရောင်းဝယ်ငှား အလုပ်ဖြစ်အောင် လုပ်ပေးရတာဖြစ်ပြီး ဒီအလုပ်ကလည်း Commission ရတာမို့ ဝင်ငွေအတော်ကောင်းတဲ့ အထဲမှာပါပါတယ်။ အများအားဖြင့် ရောင်းမယ့် တိုက်၊ အိမ်တွေကို ပြင်ပေးတာ၊ အိမ်တွေကို လိုက်ပြတာ၊ စျေးကောင်းရအောင် ညှိပေးတာအပြင် အိမ်ကို စစ်ဆေးပေးတာနဲ့ အလုပ်အပ်သူတွေကို စျေးကွက်အခြေအနေပေါ်မူတည်ပြီး အကြံဉာဏ်ပေးရတာတွေပါဝင်ပါတယ်။

ဒီအလုပ်အတွက်လိုအပ်တဲ့ ပညာအရည်အချင်းကတော့ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ လိုင်စင်တွေအောင်ဖို့ပါပဲ။ နှစ်စဉ် ပျှမ်းမျှအားဖြင့် ဒေါ်လာ ၉သောင်း ၄ထောင်လောက်ရတဲ့ အလုပ်တစ်ခုပါ။


အခု ကျွန်မရဲ့ Grow & Win Investment School မှာလည်း အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ သင်တန်းတွေဖွင့်ထားတာမို့ အင်္ဂလိပ်စာအားနည်းတာပဲဖြစ်ဖြစ်၊ စာတွေဖတ်ဖို့ အချိန်မရှိတာပဲဖြစ်ဖြစ် ကျွန်မရဲ့ မြန်မာဘာသာနဲ့ အတန်းတွေကို စျေးသက်သာစွာနဲ့ တက်လို့ရတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။



၁၀။ Video Editor

Video Editor Salary

ဒီနေ့ခေတ်လို အင်တာနက်နဲ့ လူမှုကွန်ယက်တွေမှာ ကြော်ငြာဗီဒီယိုနဲ့ ဖျော်ဖြေရေးဗီဒီယိုတွေကို လူကြည့်များလာတာနဲ့အမျှ Video Editor အလုပ်အကိုင်ကလည်း ဝင်ငွေကောင်းတဲ့အထဲမှာ တစ်ခုပါလာပါတော့တယ်။ Video Editor ဖြစ်ဖို့အတွက် ကောလိပ်ဘွဲ့လည်းမလိုပါဘူး။ အဓိကက Video Editing Software တွေကို ကျွမ်းကျင်ဖို့နဲ့ Video Editing နည်းနာတွေကို သေချာသိဖို့ပါပဲ။

Video Editing နဲ့ ပတ်သက်တဲ့ သင်တန်းတွေကိုလည်း Online မှာ အလွယ်တကူလေ့လာနိုင်သလို အပြင်က သင်တန်းတွေမှာလည်း သေချာတက်ပြီး အလုပ်စလို့ရပါတယ်။ ပျှမ်းမျှအားဖြင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၅သောင်းကျော်နဲ့ အထက်ဝင်တဲ့အလုပ်မို့ စိတ်ဝင်စားရင် သေချာစမ်းကြည့်သင့်ပါတယ်။



၁၁။ Social Media Manager

Social Media Manager

အခုခေတ်လို Facebook, IG, TikTok, YouTube အစရှိတဲ့ Platform တွေမှာ လုပ်ငန်းတွေက အပြိုင်အဆိုင် ကြော်ငြာလာကြတဲ့အတွက် အပေါ်က Video Editor လိုပဲ Social Media Account တွေကို စီမံခန့်ခွဲရတဲ့ Social Media Manager အလုပ်ကလည်း ဘွဲ့မလိုပဲ လုပ်လို့ရလာတဲ့ အလုပ်တစ်ခုဖြစ်လာပါတယ်။ အဓိကအားဖြင့် Social Media Account တွေမှာ တင်မယ့် Postတွေကို ရေးပေးရတာ၊ ရေးပြးတဲ့ Post တွေတင်ပေးရတာနဲ့ လာပြီး Comment ပေးတဲ့သူတွေကို စာပြန်ပြီး လစဉ် Report ထုတ်ရတဲ့ အလုပ်တွေကိုလုပ်ရပါတယ်။ ပျှမ်းမျှအားဖြင့် နှစ်စဉ် ဒေါ်လာ ၆သောင်းနဲ့ အထက်ရနိုင်တဲ့အပြင် Freelance Project တွေပါ လက်ခံနိုင်ရင် လက်ခံသလောက် ငွေဝင်တဲ့အလုပ်ပါ။ အလုပ်နဲ့ ပတ်သက်တဲ့ Certificate တွေကို Online မှာ အခမဲ့ကော သင်တန်းကြေးပေးရတဲ့ အတန်းတွေတက်ပြီး လေ့လာနိုင်ပါတယ်။


၁၂။ ဓာတ်ရောင်ခြည်ကုထုံးပညာရှင်

Radiation therapist

ဒီအလုပ်အကိုင်ကလည်း ကင်ဆာရောဂါရှင်တွေကို ဓာတ်ရောင်ခြည်ကုသမှုနဲ့ ပတ်သက်တာတွေ ဝန်ဆောင်မှုပေးရတာဖြစ်တဲ့အတွက် ဝင်ငွေကောင်းပြီး ဘွဲ့ဒီရီမလိုတဲ့ အလုပ်တစ်ခုပါ။ အဓိကအားဖြင့် ဓာတ်ရောင်ခြည်ကုသမှုအတွက် ပြင်ပေးခြင်း၊ မလိုလားအပ်တဲ့ ဓာတ်ရောင်ခြည်တွေကို ရောဂါဖြစ်နေတဲ့သူတွေဆီ မရောက်အောင်ကာကွယ်ပေးရခြင်း၊ ဆေးနဲ့ပတ်သက်တဲ့ ကိရိယာတွေကို ထိန်းသိမ်းခြင်းနဲ့ ကုသမှု မှတ်တမ်းတွေသွင်းရခြင်းတွေကို ပြုလုပ်ရပါတယ်။ ဒီအလုပ်အတွက် သက်ဆိုင်ရာ Radiation therapy degree program ၂ နှစ်သင်တန်းလိုမျိုးဟာတွေတက်ရပြီး ပျှမ်းမျှအားဖြင့် တစ်နှစ်ကို လစာ ဒေါ်လာ တစ်သိန်း နှစ်သောင်း ဝန်းကျင်ရတဲ့ ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုပါ။


အခုလောက်ဆိုရင် ဝင်ငွေကောင်းတဲ့ အလုပ်တွေရဖို့ ရိုးရိုး တက္ကသိုလ်က ၄နှစ်ဘွဲ့တက်မယ့်အစား အခြား ဘယ်လိုမျိုး သင်တန်းတွေတက်ပြီး လူသိနည်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနိုင်မယ်လို့ ယုံကြည်ပါတယ်နော်။ ဘယ်လို အလုပ်အကိုင်မျိုးတွေကို စိတ်ဝင်စားတယ်ဆိုတာကိုလည်း Comment မှာမန့်ပေးခဲ့ပါဦး။


397 views0 comments

Comments


bottom of page