top of page

ရွှေနဲ့ အိမ်ခြံမြေ ဘယ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံသင့်လဲ?

သမိုင်းက အမြဲတမ်း တစ်ပတ်ပြန်လည်တယ်ဆိုတဲ့ ဆိုရိုးရှိပါတယ်။

တကယ်လည်း အတိတ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ငွေကြေးအကြပ်အတည်းတွေဆိုတာ ရှောင်လို့ကို မရခဲ့တဲ့ အဖြစ်အပျက်တွေပါ။


အမေရိကမှာ 1982တုန်းကဖြစ်ခဲ့တဲ့ စီးပွားပျက်ကပ်ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းမှာ အပြင်းအထန်ဆုံးသော စီးပွားပျက်ကပ်တစ်ခုဖြစ်ခဲ့ပြီး အဲ့ဒီရဲ့ အကျိုးသက်ရောက်မှုတွေက ယနေ့ထိတိုင် ရှိနေတုန်းပါ။


ဒါဟာ ပြင်ပ ပယောဂကြောင့် ဖြစ်တာဖြစ်ပြီး ဘယ်လောက်ပဲ ကြိုးစားပြင်ဆင် ခန့်မှန်းနေပါစေ ဒီလိုမျိုး စီးပွားရေး ကပ်ဆိုးတွေက ဖြစ်တာပါပဲ။ ကျွန်မတို့အနေနဲ့ ကိုယ့်မှာရှိတဲ့ ချမ်းသာကြွယ်၀မှုကို ဆုံးရှုံးမှု မဖြစ်အောင် ကြိုပြီး ပြင်ဆင်ကာ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။


သင့်အနေနဲ့ ရင်းနှိးမြှုပ်နှံမှုအကြောင်း ကို မသိဘူးဆိုရင်တောင် ရွှေနဲ့ အိမ်ခြံမြေကို ဝယ်စုရမယ်ဆိုတာမျိုး ကြားဖူးမှာပါ။ ဒါတွေက သင့်ကို ရေရှည်မှာ တည်ငြိမ်တဲ့ အကျိုးအမြတ်ပေးနိုင်မှာဖြစ်ပြီး အချိန်ကြာလေ တန်ဖိုးမြင့်လေဆိုတာမျိုး လူအများက နားလည်ထားကြပါတယ်။


ရင်းနှီးမြှုပ်နှံတာက ကောင်းတဲ့ စိတ်ကူးဆိုပေမယ့် လူအများစုကတော့ ကိုယ့်ရှိတဲ့ ငွေလေးကို ထည့်လိုက်ရမှာ စိုးရိမ်ကြပြီး ဘယ်အချိန်ဝင်ရင်ကောင်းမလဲဆိုတာနဲ့ အချိန်ကုန်နေကြပါတယ်။ ကုမ္ပဏီကြီးတွေနဲ့ ချမ်းသာတဲ့ ရင်းနှီးမြှုပ်နှံသူအများစုက ဘာကြောင့်များ သူတို့ရဲ့ ဝင်ငွေတွေကို လက်ထဲမှာ ကိုင်မထားပဲ ရင်းနှီးမြှုပ်နှံမှုထဲမှာ ထည့်ထားလဲ ဆိုတာ သင့်အနေနဲ့ တွေးကြည့်ဖူးရဲ့လား???


ဒီကုမ္ပဏီကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ သူတို့ ရဲ့ ပိုင်ဆိုင်မှုတွေ ဒါမှ မဟုတ် ချေးငွေတွေကို ရင်းနှီးမြှုပ်နှံထားခြင်းဟာ ဒီရင်းနှီးမြှုပ်နှံမှုကနေ အချိန်အတိုင်းအတာ တစ်ခုရောက်တဲ့အခါမှာ ငွေပြန်ဖော်လို့ရတာကို သိလို့ပါ။ သဘောတရားက ရိုးရှင်းပါတယ်။ ဒါကိုသိဖို့ စီးပွားရေးပညာရှင်ဖြစ်စရာမလိုပါဘူး။ နှစ်တိုင်းမှာ ရွှေစျေးနဲ့ အိမ်ခြံမြေစျေးက တက်နေပြီး ငွေစျေးကတော့ ဖောင်းပွမှုတွေကြောင့် နှစ်တိုင်းကျနေတာပါ။


ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ??? ငွေစျေးက ဘယ်လိုကြောင့် ကျရမှာလဲဆိုပြီး တွေးနေရင်တော့ FED က အသုံးပြုတဲ့ M2 ဆိုတဲ့ အညွှန်းကိန်းအကြောင်း ရှင်းပြချင်ပါတယ်။ M2 Indicator ကို လူတိုင်းတော့ ကြားဖူးမှာမဟုတ်ပါဘူး။ အဓိကကတော့ FED အနေနဲ့ US Economy ထဲမှာ ငွေကြေးစီးဆင်းမှု (ငွေသားစစ်ဆေးခြင်း၊ Saving Depositsနဲ့ Money Market) ကို တိုင်းတာတဲ့ အညွှန်းကိန်းပါ။


ဒီ M2 Indicator ကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ Securities Economists တွေက အသုံးပြုကျပြီး ဒီနည်းနဲ့ ငွေကြေးစျေးကွက် အပြောင်းအလဲတွေနဲ့ Total Money Supply ကို စောင့်ကြည့်ကာ အနာဂတ်မှာ ဘယ်အချိန် ငွေကြေးဖောင်းပွမှုဖြစ်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။


M2 Indicator က အညွန်းတွေအရ ငွေကြေးဟာ ၆၀ခုနှစ်တွေကတည်းက အရေအတွက် တိုးလာနေတာဖြစ်ပြီး ၁၀နှစ်အတွင်း မှာ ၃၀၀ဘီလျံအထိရှိနေခဲ့ပြီး လာမယ့် နောက်ထပ် ၁၀နှစ်အတွင်းမှာ ၈ထီလျံအထိ ရှိနေမှာပါ။ နောက်ထပ် နှစ်၂၀အတွင်းမှာ US ပြင်ပက ဒေါ်လာစျေးကွက်မှာ ဒေါ်လာ ၃ထီလျံအထိ တိုးနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။ ဒီ ၂၁ရာစုကတော့ အရင်ရာစုနှစ်တွေနဲ့စာရင် ငွေကြေးပမာဏအရမ်း များနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ အမေရိကန်တစ်နိုင်ငံတည်းမှာ မဟုတ်ဘဲ ဂျပန်၊ တရုတ်၊ UK ၊ ကနေဒါလိုနိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ ပြဿနာပါ။


ဒါဆို ဘာလို့ ရိုက်ထုတ်ထားတဲ့ ငွေစက္ကူတွေကို လက်ထဲကိုင်ထားပြီး ငွေတန်ဖိုးလျော့တာကို ထိုင်ကြည့်နေမလဲ? ဒီ Fiat Currency လို့ခေါ်တဲ့ အစိုးရရိုက်ထုတ်ထားတဲ့ ငွေကြေးတွေက နောက်ခံတန်ဖိုးလည်း မရှိတာက များပါတယ်။ အရင်ကတော့ ရွှေလိုမျိုး တန်ဖိုးရှိတဲ့ အရာနဲ့ နောက်ခံပြုထားပေမယ့် အခုတော့ အဲ့ဒီလိုမျိုး နောက်ခံထားတဲ့ အရာတွေမရှိတော့ပါဘူး။


လူ့သမိုင်းတစ်လျှောက်မှာ Fiat Currency ပေါင်း ၈၀၀ကျော်အထိ ရှိခဲ့ပြီး အဲ့ထဲက ၂၀၀ကျော်ကသာ အခုလက်ရှိ လူတွေ အသုံးပြုနေကြတာပါ။ Fiat Currency ရဲ့ အစက တရုတ်နိုင်ငံကဖြစ်ပြီး ၁၁ရာစုလောက်က တွေ့ရှိခဲ့တာပါ။ အဲ့ဒီကတည်းကစပြီး အခုထိ ပေါ်ပေါက်ခဲ့တဲ့ Fiat Currency တွေရဲ့ ၇၅%ဟာ ပျောက်ကွယ်သွားခဲ့ပြီး အဓိက ပျောက်ကွယ်သွားရတဲ့ အကြောင်းအရင်းကတော့ Hyperinflation ကြောင့်ပါပဲ။ Fiat Currency တစ်ခုရဲ့ ပျှမ်းမျှသက်တမ်းက ၂၇နှစ်လောက်ပဲရှိပါတယ်။


ဗြိတိသျှစတာလင်ပေါင်ကတော့ ၁၆၉၄မှာ စတင်အသုံးပြုခဲ့ပြီး အခုအချိန်အထိ သက်တမ်းအကြာဆုံး Fiat Currency ပဲဖြစ်ပါတယ်။


ဒါဆို US Dollar ကကော တစ်သက်လုံး ရှိနေမလား

အဖြေကတော့ နိုးပါ။ ဒါဆို အခုလက်ထဲကိုင်တဲ့ ဒေါ်လာအားလုံးကတန်ဖိုးမရှိတာတော့ မဟုတ်ပါဘူး။ သတိပြုရမှာက ငွေတန်ဖိုးက နှစ်ကြာလာလေ ကျလေပါပဲ။ အခုကစပြီး နောက် ၅နှစ်ဆိုရင် သင့်လက်ထဲက ငွေက တန်ဖိုး သေချာပေါက်နည်းသွားပါပြီ။ ဒေါ်လာတွေပိုရိုက်ထုတ်လေ ငွေကြေးဖောင်းပွလေဖြစ်တာမို့ သင့်ရဲ့ ပိုင်ဆိုင်မှုကို ငွေသားအနေနဲ့ ထားမယ့်အစား အခြား စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စဉ်းစားသင့်ပါတယ်။


ရွှေနဲ့ သမိုင်းကြောင်း


အခုလက်ရှိသုံးနေတဲ့ ငွေကြေးစနစ်ကို တစ်ချိန်ကတော့ ရွှေနဲ့ ကျောထောက်နောက်ခံထားခဲ့ပါတယ်။ အဲ့မတိုင်ခင်ကတော့ ရွှေတုံးတွေ၊ ငွေတုံးတွေ၊ ဒင်္ဂါးပြားတွေကို အသုံးပြုတာဖြစ်ပါတယ်။


အခု ၂၁ရာစုမှာတော့ ရွှေစျေးဟာ အမြင့်ဆုံးကိုရောက်ရှိနေပါတယ်။ ရွှေက ဘာကြောင့် တန်ဖိုးရှိနေလဲဆိုတော့ အရမ်းရှားလို့ပါ။ နည်းပညာခေတ်ရောက်နေပေမယ့် အင်္ဂါဂြိုဟ်ပေါ်ကိုတောင် အခြေချဖို့ ပြင်နေတဲ့အချိန်မှာ ရွှေကတော့ အခုထိ ရှားပါးသတ္ထုဖြစ်နေဆဲပါ။ အစိုးရအနေနဲ့လည်း ရွှေကို ငွေစက္ကူတွေရိုက်ထုတ်သလို ရိုက်ထုတ်လို့မရပါဘူး။


အိမ်ခြံမြေ

အိမ်ခြံမြေတန်ဖိုးက နှစ်စဉ်တက်နေတယ်ဆိုတာကလည်း အရှေ့က ဥပမာလိုပါပဲ။ လူဦးရေက ထူထပ်လာပြီး နေထိုင်ဖို့ နေရာတွေက ရှားပါးလာတဲ့အတွက် အိမ်ဟာ နှစ်ကြာလေ တန်ဖိုးတက်လေဖြစ်နေတာပါ။


ဒါ့အပြင် အခြားရင်းနှီးမြှုပ်နှံမှုတွေလိုမျိုး အရမ်းကြီး အတက်အကျမကြမ်းတော့ သူ့ရဲ့ တန်ဖိုးက တည်ငြိမ်နေတာများပါတယ်။ ဒီတော့ Fiat Money ဖြစ်တဲ့ ငွေစက္ကူအစား ရွှေနဲ့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံထားတာက မမှားပါဘူး။


ရွှေနဲ့ အိမ်ခြံမြေဝယ်ယူနိုင်ချေရှိမှု

လက်ထဲမှာ ရှိတဲ့ ငွေပမာဏအပေါ်မူတည်ပြီးတော့ အိမ်ခြံမြေဝယ်မလား မဝယ်ဘူးလားဆိုတာရယ်၊ ရွှေဘယ်လောက်များများ ဝယ်စုနိုင်မလဲဆိုတာတွေက အရေးကြီးပါတယ်။


အိမ်ဝယ်မယ်ဆိုရင် Down Payment ပေးရတာတွေရှိပြီး ကိုယ့်အနေနဲ့လည်း ငွေကြေးအားဖြင့် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်မှုရှိနေမှ ရမှာပါ။


ဆိုတော့ ရွှေကတော့ အိမ်နဲ့စာရင် ဝယ်ရတာ ပိုလွယ်ပြီး အနည်းဆုံး ဝယ်ရမယ့် ပမာဏလည်း ကွာပါတယ်။ ကိုယ့်ရှိသလောက်လေးနဲ့ ရွှေစစုလို့ရတာမျိုးပါ။


တကယ်လို့ ကိုယ်က Down Payment Program တွေမှာ အကျုံးဝင်တယ်ဆိုရင်တော့ အိမ်ဝယ်တဲ့ဘက်ကို စဉ်းစားလို့ရပါတယ်။


ရွှေနဲ့ အိမ်ခြံမြေက ပြန်ရမယ့် အကျိုးအမြတ်


ဒါဆိုအကျိုးအမြတ်အကြောင်းလေးဘက် ဆွေးနွေးကြည့်ရအောင်…

ရွှေကတော့ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ 11 လောက်အထိ အကျိုးအမြတ်ပြန်ရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒါက တစ်နှစ်နဲ့ တစ်နှစ်တော့ တူမှာ မဟုတ်ပါဘူး။


အိမ်ခြံမြေမှာဆိုရင်တော့ လူနေအိမ်တွေက နှစ်စဉ် Return 10.6 ​လောက်အထိရှိပြီး Commercial Properties တွကတော့ 9.5 အထိရှိပါတယ်။ ဒီလို အကျိုးအမြတ်ပြန်ရဖို့က အနည်းဆုံး ၁၀နှစ်လောက်တော့ ကိုင်ထားဖို့လိုပါတယ်။


ဒါပေမယ့် အိမ်ခြံမြေကတော့ စီးပွားရေးကောင်းလေ ပို စျေးကွက်ကောင်းလေပါပဲ။ စီးပွားရေးကောင်းရင် အလုပ်လက်မဲ့ နည်းမယ်။ အလုပ်လက်မဲ့ နည်းရင် အတိုးနှုန်းနည်းပြီး အိမ်တွေပိုဝယ်ကျတော့ စျေးကောင်းပါတယ်။ ရွှေကတော့ ငွေကြေးဖောင်းပွတာတို့ စီးပွားရေးပျက်ကပ်တို့ရှိမှ ဝယ်စုကြတာမျိုးပါ။ အဲ့လိုအခါမျိုးဆို ရွှေစျေးက တက်ပါတယ်။ ရွှေဝယ်မယ်ဆိုရင်တော့ စျေးကွက်က တောင်းဆိုမှုနည်းတဲ့ အချိန်မျိုးမှာ ဝယ်ဖို့ အကြံပေးချင်ပါတယ်။


ရွှေကတော့ စတော့လိုပါပဲ။ ဝယ်ကိုင်ထားပြီး အချိန်တစ်ခုစောင့်ရတာမို့ အဲ့ဒီကနေ လစဉ် ပြန်ဝင်မယ့် ပမာဏတော့ မရှိပါဘူး။ သို့ပေမယ့်လည်း ရွှေက ငွေပြန်ဖော်ရတာတော့ အရမ်းလွယ်ပါတယ်။ ဝယ်ခဲ့တဲ့ ဆိုင်မှာပဲ ပြန်သွားရောင်းလိုက်ယုံပါပဲ။ ဒါပေမယ့် အိမ်ခြံမြေကတော့ ငွေပြန်ဖော်မယ်ဆိုရင် ဝယ်လက်ကို ပြန်စောင့်ရတာမျိုးတော့ရှိပါတယ်။ ရောင်းခါနီးမှာလည်း အိမ်ကို ပြင်ဆင်ပေးဖို့ လိုပါသေးတယ်။


ရွှေနဲက အိမ်ခြံမြေကို ထိန်းသိမ်းခြင်း၊ ဝယ်လိုအား၊ ရောင်းလိုအား


အိမ်ခြံမြေကတော့ အမြဲတမ်း ပြုပြင်ထိန်းသိမ်းနေရတာမျိုးတွေရှိပါတယ်။ ပြီးတော့ အိမ်အာမခံ အခွန်တွေ၊ ပြုပြင်စရိတ်တွေလည်း ရှိပါတယ်။ အဲ့တာကြောင့် ရွှေနဲ့စာရင် အလုပ်တော့ နည်းနည်းရှုပ်ပါတယ်။


ရွှေကတော့ ပြုပြင်ထိန်းသိမ်းရတာမျိုး မရှိပါဘူး။ အခုလို ငွေကြေးဖောင်းပွနေတဲ့ကာလမျိုးမှာတော့ FED က အတိုးနှုန်းတွေ မြင့်တဲ့အတွက် လူတွေက အိမ်ခြံမြေမှာတော့ သိပ်ပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်လိုကြပါဘူး။


ရွှေစျေးကတော့ အတက်အကျရှိပေမယ့် အိမ်ခြံမြေကတော့ ဒီတနင်္လာမှာ ဒေါ်လာ ၃သိန်းနဲ့ ဝယ်ရင်လည်း နောက်တနင်္လာမှာ ဒေါ်လာ ၃သိန်းပဲ ကျပါတယ်။


ရွှေကို ရင်းနှီးမြှုပ်နှံမှုလုပ်ရတာ အရမ်းလွယ်ကူပါတယ်။ လက်ထဲမှာ ငွေအနည်းငယ်ရှိယုံနဲ့ စနိုင်ပါတယ်။ အိမ်ခြံမြေကတော့ လက်ထဲမှာ ငွေပမာဏတစ်ခုရှိမှ ရင်းနှီးမြှုပ်နှံနိုင်ပြီး လစဉ်တော့ ဝင်ငွေပြန်ရပါတယ်။


ဒီလောက်ဆိုရင် ရွှေနဲ့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံအကြောင်းကို တီးမိခေါက်မိရှိသွားလောက်ပြီထင်ပါတယ်။


41 views0 comments

コメント


bottom of page