top of page

FHA Multifamily Loans လျှောက်ဖို့အတွက် လိုအပ်ချက်များ

FHA multifamily loan ရရှိဖို့အတွက်က FHA single family home loan လျှောက်နည်းနဲ့ ဆင်တူပါပဲ။ FHA loan က 5 units အထက်ပါသော property အတွက်ပေးသော multifamily loan ထက် 4 units အထိပါရှိသော owner-occupied multifamily properties loan အတွက်ပိုမိုအခွင့်သာသော သတ်မှတ်ချက်တွေ ပေးပါတယ်။


FHA multifamily loan ကတော့ ပုံမှန်အားဖြင့် higher down payment ပေးချေရပြီး property ရဲ့ အိမ်ငှားရမ်းခရနိုင်ခြေကို ပိုမိုစိစစ်ပါတယ်။


သင်ဟာ FHA multifamily loan လျှောက်တော့မယ်ဆိုရင်တော့ အောက်ပါ အချက်အလက်တွေ ပေးဖို့ ပြင်ဆင်ထားရမှာပါ။

  • Credit Score: Single-family FHA loans ကဲ့သို့ multifamily FHA loans ဟာလည်း အနည်းဆုံး credit score 580 နှင့်အထက် လိုအပ်ပါတယ်။

  • Income: ငွေချေးပေးသူဟာ သင့်ဆီမှ အနည်းဆုံး ၂ နှစ်စာ ခိုင်မာထောက်ထားမှုရှိတဲ့ ဝင်ငွေအချက်အလက်ကို လိုချင်ပါတယ်။ ဒါကြောင့် သင်ရဲ့ W-2s, 1099s နှင်​့ tax returns တွေကို ပြင်ဆင်ထားဖို့လိုပါတယ်။

  • Assets: ငွေချေးပေးသူဟာ သင့်ဆီဟာ အာမခံအဖြစ် အသုံးပြုနိုင်မယ့် စုဆောင်းမှုအလုံအလောက် သို့မဟုတ် ရင်းနှီးမြုပ်နှံမှုနှင့် အခြားသော ပိုင်ဆိုင်မှုများ ရှိမရှိ စစ်ဆေးမှာဖြစ်ပါတယ်။

  • Debt-to-income (DTI) ratio: FHA multifamily loan အတွက် အရည်အချင်းပြည့်မှီရန် ငွေချေးပေးသူဟာ သင့်ဆီမှ DTI ration ၄၅% နှင့်အောက် လိုချင်ပါတယ်။  ဆိုလိုတာကတော့ သင့်ရဲ့ တစ်လတာ fixed debts ( အိမ်ငှားခ၊ mortgage၊ credit card minimum၊ auto loans၊ personal loans or student loans payments) ဟာ သင့်တစ်လတာဝင်ငွေရဲ့ ၄၅% ပဲရှိရမှာဖြစ်ပါတယ်။

  • Down Payment: သင်ဟာ dowm payment အနေနှင့် ၁၀%-၁၃% ပေးချေရမှာဖြစ်ပါတယ်။

  • Property type and the number of units: ငွေချေးပေးသူဟာ သင်ဝယ်မည့်အိမ်မှာ  5 unit အနည်းဆုံးရှိမရှိနှင့် တစ် unit စီတိုင်းကို သင်ဘယ်လိုအသုံးချမယ်ဆိုတာကိုလည်း စစ်ဆေးမှာဖြစ်ပါတယ်။

  • Appraisal: ငွေချေးပေးသူဟာ သင့ဝယ်မယ့် အိမ်ကို FHA approved appraiser နဲ့ အကဲဖြတ်ခိုင်းမှာဖြစ်ပါတယ်။ ဒါဟာ သင့်အတွက် အိမ်ကို လိုတာထက်ပိုပေးမဝယ်ဖြစ်အောင်ဖြစ်ပါတယ်။

  • Citizenship: FHA loan ရဖို့ဆိုရင်တော့ သင်ဟာ US citizen တစ်ယောက်ဖြစ်ကြောင်း သက်သေအထောက်အထားပြရမှာဖြစ်ပါတယ်။


FHA Multifamily Loans ရဲ့ အားသာချက်နဲ့ အားနည်းချက်များ


အားသာချက်များ

  • Lower Interest Rates: သင့်မှာ credit score 620 အောက်ရှိမယ်ဆိုရင် သင်ဟာ conventional loan က ပေးတဲ့ အတိုးနှုန်းထက် FHA loan က ပိုမိုသက်သာတဲ့ အတိုးနှုန်း ပိုရမှာဖြစ်ပါတယ်။

  • Longer Repayment Terms: ပုံမှန် 30-year term ပေးတဲ့ conventional loan နှင့်ယှဉ်လိုက်လျှင် FHA multifamily loans က 35-year term အထိငွေပေးချေခွင့်ပေးထားပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သင်လစဉ်ပေးရတဲ့ ပမာဏကို လျော့ချပေးကာ property ကိုဝယ်နိုင်အောင်လုပ်ပေးပါတယ်။

  • Easier underwriting: FHA loans တွေဟာ government-backed ဖြစ်တဲ့အတွက်ကြောင့် conventional loans တွေထက်စာရင် underwriting အတွက်လိုအပ်ချက်တွေက ထင်သလောက် မတင်းကြပ်ပါဘူး။

  • Easily fold renovation loan into a mortage loan for one payment: သင့်ဝယ်ချင်တဲ့ property ဟာ ပြင်ဆင်မွန်းမံမှုများလိုအပ်ခဲ့မယ်ဆိုရင် သင့်အနေနဲ့ FHA 203(k) loan ကိုလျှောက်နိုင်ပါသေးတယ်။ FHA 203(k) loan က ပြင်ဆင်မှုအတွက် ချေးငွေထပ်ဆောင်းပေးပါတယ်။ ချေးငွေနှစ်မျိုးကို single mortage အဖြစ်ပေါင်းလို့ရပါတယ်။


အားနည်းချက်များ


  • Must be owner-occupied: အစိုးရက owner-occupied requirement ကို အရမ်းတင်းကြပ်ပါတယ်။ တစ်ကယ်လို့ သင်ဟာ သင်နေနေတဲ့ unit ကို တစ်နှစ်မှာ ၁၅ ရက်ထက်ပိုပြီး ငှားရမ်းမိပါက, owner-occupied လို့မသတ်မှတ်တော့ပဲ fraud charges တွေနဲ့ ရင်ဆိုင်နိုင်ရနိုင်ပါတယ်။

  • Home sellers might be likely to accept an offer with an FHA loan: FHA loans တွေဟာ Conventional loan တွေထပ် အချိန်ပိုကြာပါတယ်။ ဒါကြောင့် အိမ်အမြန်ရောင်းထွက်ချင်တဲ့ အိမ်ရောင်းသူတွေဟာ FHA loan နဲ့အိမ်ဝယ်မယ့်သူတွေကို စိတ်ဝင်စားမှုမရှိတာများပါတယ်။

  • Mortgage insurance premiums (MIPS): FHA loans တွေဟာ Government-backed ဖြစ်တဲ့အတွက်ကြောင့် အစိုးရဘက်ကနေ သူတို့ကိုယ်ပိုင် mortgage insurance ကြေးယူပါတယ်။ သင်ရဲ့ down payment size ဘယ်လောက်ပင်ဖြစ်ပါစေ သင်ဟာ MIP ကိုသင်ရဲ့ annual loan balance ရဲ့ ၀.၂၅%-၀.၇၀% အတွင်းပေးရမှာ ဖြစ်ပါတယ်။


Multifamily Loan လျှောက်ထားခြင်း


သင်က FHA multifamily loan လျှောက်ပြီး အိမ်ဝယ်ယူဖို့စဉ်းစားထားရင်တော့ သင့်ရဲ့ ဝင်ငွေနဲ့ သင်ဝယ်မယ့်အိမ်အတွက် အစီအစဉ်နဲ့ပတ်သက်ပြီး အချက်အလက်စုံလင်စွာ ပေးဖို့ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ FHA multifamily loan လျှောက်တာက အချိန်ယူရတယ်ဆိုတာ သိထားဖို့လည်းလိုပါသေးတယ်။ ပျမ်းမျှအားဖြင့် စလျှောက်ချိန်ကနေ ပြီးစီးသည်အထိ အချိန် ၁၄၅ ရက် ( ၄ လခွဲ) ကနေ ၆ လ အထိကြာမြင့်နိုင်ပါတယ်။


အဲ့တော့ သင်ဟာ ဒီလမ်းကို စမလျှောက်ခင်မှာ, FHA loans တွေနဲ့ပတ်သက်ပြီး သိသင့်သလောက်သိထားတာ အကောင်းဆုံးဖြစ်ပါတယ်။ အစအနေနဲ့ FHA multifamily loans နဲ့ပတ်သက်ပြီး မေးလေ့မေးထရှိတဲ့ မေးခွန်းလေးတွေကို အောက်မှာဖော်ပြသွားပါမယ်။


Nonresidential properties အတွက် Commercial FHA loans ရှိပါသလား?

FHA ဟာ nonresidential properties အတွက်တော့ commercial loans မပေးပါဘူး။ ဒါပေမယ့် သင်ဝယ်မယ့်အိမ်ရဲ့ 51% ကို လုနေအိမ်အတွက် သုံးမယ်ဆိုရင်တော့ FHA loan ကို mixed-use property အဖြစ်သုံးလို့ရပါတယ်။


FHA loan ကို ပြင်ဆင်မွန်းမံခြင်းအတွက်သုံးလို့ရလား? 

ပုံမှန်အားဖြင့် FHA multifamily loan က သင်ဝယ်မယ့်အိမ်က ကောင်းမွန်တဲ့ အခြေအနေရှိရမယ်လို့ သတ်မှတ်ထားပေမယ့် FHA 203(k) loan ကို FHA multifamily လျှောက်ရင်းသော်လည်းကောင်း လျှောက်ပြီးမှသော်လည်းကောင်း လျှောက်လို့ရပါတယ်။


FHA 203(k) loans နှစ်မျိုးရှိပါတယ်: limited FHA 203(k) က $35,000 အောက် projects တွေအတွက်ဖြစ်ပြီးတော့ standard FHA 203(k) ကတော့ $35,000 အထက် သို့မဟုတ် structural repair လိုအပ်တဲ့ projects များအတွက်ဖြစ်ပါတယ်။


FHA loans ကို apartment building (duplex, triplex, fourplex) ဝယ်ဖို့အတွက် သုံးလို့ရပါသလား?

FHA multifamily loan ကို duplex, triplex, fourplex အစရှိတဲ့ တိုက်ခန်းတွေအတွက်ဝယ်လို့ရပေမယ့် FHA single-family loan ကိုအသုံးပြုပြီး ဝယ်ကြတာများပါတယ်။ ဘာလို့လဲဆို သင်ဟာ single-family loan နဲ့ဆို down payment လျော့ပေးရပြီး credit score requirement လည်း နည်းသွားမှာဖြစ်ပါတယ်။


26 views0 comments

Comments


bottom of page