top of page

FHA Approved Condos တွေ အကြောင်း

သင်က FHA loan ရဖို့ အရည်အချင်းပြည့်မှီတယ် ဒါပေမယ့် ပုံမှန်အိမ်မျိုး မလိုချင်ဘူးဆိုရင်တော့ ကွန်ဒိုဝယ်လို့ရပါသေးတယ်။ အိမ်တွေလိုပဲ ကွန်ဒိုတွေကလည်း FHA-approved properties lists ထဲဝင်ဖို့အတွက် Federal Housing Administration (FHA) ကနေလက်ခံဖို့လိုပါတယ်။ အဲ့တော့ သင်က FHA loan ယူပြီး ကွန်ဒိုဝယ်ချင်ရင်တော့ FHA-approved list ထဲမှာပါတဲ့ ကွန်ဒို ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ 


ဒီနေ့ article လေးမှာတော့ FHA condo approval က ဘယ်လို အလုပ်လုပ်တယ်ဆိုတာနဲ့ FHA loans ရဖို့ ဘာတွေပြင်ဆင်ဖို့ လိုတယ်ဆိုတာကို ပြောပြပေးသွားပါမယ်။ 


FHA-approved ကွန်ဒိုဆိုတာ ဘာလဲ? 


FHA-approved ကွန်ဒိုဆိုတာက Federal Housing Administration (FHA) ရဲ့ ချမှတ်ထားတဲ့ mortgage insurance စည်းကမ်းချက်တွေနဲ့ ညီပြီး FHA financing အတွက် အရည်အချင်းပြည့်မှီတဲ့ ကွန်ဒိုတွေပါပဲ။ First-time buyers တွေအတွက်ကတော့ ကွန်ဒိုတွေဟာ အလွန်ကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းတွေပါ။ ကွန်ဒိုတွေက အချိန်ကြာလာတာနဲ့ အမျှ တန်ဖိုးမြင့်တင်လာနိုင်ပြီး ပုံမှန်အိမ်များလိုပဲအိမ်ငှားရမ်းခ ဝင်နိုင်ပါတယ်။ ဒါ့အပြင် ကွန်ဒိုတွေက ပုံမှန်အိမ်ထက် ဝယ်ရတာလည်း ဈေးသက်သာပါသေးတယ်။


FHA condo loan ရဖို့ဆိုရင်တော့ တရားဝင်ထုတ်ပြန်ထားတဲ့ FHA approved condo list ထဲမှာပါတဲ့ ကွန်ဒိုကို ရွေးချယ်ရပါလိမ့်မယ်။ ဒါ့အပြင် သင့်မှာ low debt-to-income (DTI) ratio၊ ဝင်ငွေအလုံအလောက်ရှိကြောင်းသက်သေ နဲ့ credit score အနည်းဆုံး ၅၀၀ ရှိရမှာပါ။ FHA loans ယူမယ်ဆိုရင်တော့ mortgage insurance premium (MIP) ကိုလည်း ပေးချေရမှာဖြစ်ပါတယ်။ 


FHA loan ရဖို့ ပြည့်မှီပြီဆိုရင်တော့, down payment 3.5% လောက်ကနေ စပေးချေလို့ ရပြီး conventional loans လို တင်းကြပ်တဲ့ ဝင်ငွေ လိုအပ်ချက်တွေ credit score လိုအပ်ချက်တွေကို ပယ်ချနိုင်မှာပါ။ ပိုပြီးသက်သာတဲ့ အတိုးနှုန်းတွေ အပြင် non-occupant co-borrowers တွေကိုပါ သုံးလို့ရမှာပါ။


FHA Approval Process for condos


FHA condo approval ရဖို့အတွက်လုပ်ရတဲ့ လုပ်ငန်းစဉ်တွေက သိပ်ပြီး အချိန်မကုန်ပါဘူး။ ဒါပေမယ့် Federal Housing Administration ကနေပြီး သေသေချာချာ စေ့စေ့စပ်စပ် review တော့လုပ်မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် FHA approval လျှောက်ဖို့ဆိုရင် ကွန်ဒိုပိုင်ရှင် ဒါမှမဟုတ် developer က application form ဖြည့်ပြီး အခကြေးငွေ ပေးလိုက်ရုံပါပဲ။ 


ကွန်ဒိုက FHA ကသတ်မှတ်ထားတဲ့ လိုအပ်ချက်တွေနဲ့ မညီဘူးဆိုရင်တော့ ပြန်ထပ်မလျှောက်ခင်မှာ owner ဒါမှမဟုတ် developer က လိုအပ်တဲ့ ပြင်ဆင်မှုတွေပြုလုပ်ရမှာပါ။ လိုအပ်ချက်တွေနဲ့လည်း ညီပြီး application form လည်းတင်ပြီးပြီဆိုရင်တော့ FHA approval ရဖို့အတွက် ၂ပတ် မှ ၄ပတ်ထိကြာမြင့်နိုင်ပါတယ်။ Approval ကျလာရင်တော့ ကွန်ဒိုကို FHA-approved condo lists ထဲထည့်သွင်းလို့ရပါပြီ။ 


Single-unit Approval 


၂၀၀၉-၂၀၁၉ ဝန်းကျင်တုန်းကတော့ FHA က ကွန်ဒိုတစ်ခုလုံးကိုသာ approved ပေးနိုင်ခဲ့ပါတယ်။ 2019 နောက်ပိုင်းမှာတော့ FHA အနေနဲ့ Single-Unit Approval (SUA) ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ကွန်ဒိုတစ်ခုလုံးက သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ညီမှသာ Single-unit approval ရနိုင်မှာပါ။ ပုံမှန်အားဖြင့် ကွန်ဒိုတစ်ခုလုံးက အောက်ပါ အချက်တွေနဲ့ ညီလျှင် approve ရနိုင်မှာပါ။


  • ကွန်ဒိုက အနည်းဆုံး ၅ unit ပါရှိရပါမယ်။

  • FHA loans ပေးထားတဲ့ အခန်းက စုစုပေါင်း unit ရဲ့ ၁၀% မကျော်ရပါဘူး။ တစ်နည်းအားဖြင့်  ကွန်ဒိုမှာ ၁၀ unit ရှိရင် ၂ unit ပဲ  FHA loan ပေးထားရမှာဖြစ်ပါတယ်။

  • ကွန်ဒိုရဲ့ ၅၀% မှာ ပိုင်ရှင်နေရမှာဖြစ်ပါတယ်။


Single-unit approval ရဖို့အတွက် လိုအပ်တဲ့ အချက်တစ်ချို့ကို ဖော်ပြထားတာပါ။ FHA အနေနဲ့ ဒီအချက်တွေအပြင် ကွန်ဒိုသက်တမ်း၊ ကွန်ဒိုဘက်ဂျက်၊ commercial space ရာခိုင်နှုန်းနဲ့ Homeowners Association (HOA) ရဲ့ delinquencies percentage တွေကိုလည်း ကြည့်ပါသေးတယ်။


FHA-Approved Condos အတွက် လိုအပ်ချက်နှင့် တားမြစ်ချက်များ


FHA က ငွေချေးငှားသူတွေအတွက် FHA loans လျှောက်ယူရန် လိုအပ်ချက်တွေနဲ့ ကွန်ဒို တစ်ခု FHA approval ရဖို့အတွက် လိုအပ်တာတွေကိုလည်း ချမှတ်ထားပါသေးတယ်။


FHA Loan Approval လိုအပ်ချက်


FHA Loans တွေက upfront cost လျော့ချချင်တဲ့ သူနဲ့ conventional mortgages လျှောက်လို့ရမရတဲ့ သူတွေအတွက်ရည်ရွယ်ပါတယ်။ ဆိုလိုတာကတော့ ဝင်ငွေနည်းသူတွေ ၊ credit score နည်းသူတွေနဲ့ လက်ဝယ် ငွေသား အများကြီးမရှိတဲ့ သူတွေတောင် FHA loans ရနိုင်မှာဖြစ်ပါတယ်။ 


FHA loan approval အတွက် သတ်မှတ်ချက်အချို့ကို ဖော်ပြထားပါတယ်။


  • Credit Score: FHA financing အတွက် credit score အနည်းဆုံး ၅၀၀ ရှိရပါမယ်။ credit score ပေါ်မူတည်ပြီး down payment cost ပေးရမှာပါ။

  • Down Payment: Down payment က credit score ပေါ်မူတည်ပါတယ်။ Credit  score 500-580 ကြားဆို down payment 10% ပေးရမှာဖြစ်ပြီး credit score 580 အထက်ဆိုရင်တော့ 3.5% လောက်သာပေးချေရမှာဖြစ်ပါတယ်။

  • Debt-to-income (DTI) ratio: Application  တစ်ခုချင်းစီကို case-by-case basis နဲ့ approve ပေမယ့် standard maximum DTI ratio ကတော့ 43% ဖြစ်ပါတယ်။ အဲ့တာကြောင့် သင်က ဝင်ငွေများပြီး credit history ကောင်းမွန်လို့ DTI 43% ကျော်နေရင်တောင် FHA loan ရနိုင်ပါတယ်။

  • Mortgage Insurance requirements: FHA loans ရရင် MIPs ပေးဖို့လိုအပ်ပါတယ်။ MIPs ကို one-time upfront premium (loan ရဲ့ 1.75%) နဲ့ annual premium ( outstanding loan balance ရဲ့ 0.45%-1.05% ကြား) ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

  • Residency Requirements: FHA loan ရဖို့ဆိုရင် ကိုယ်ဝယ်ယူမယ့် property ကကိုယ့်ရဲ့ primary residence ဖြစ်ရပါမယ်။  ဝယ်ပြီး ၆၀ ရက်အတွင်း အိမ်ကိုပြောင်းလာနေရမှာဖြစ်ပြီး အနည်းဆုံး ၁ နှစ်နေမှာပါ။


FHA-approved condominiums တားမြစ်ချက်

FHA အနေနဲ့ FHA approval ရဖို့အတွက် တားမြစ်ချက်တွေလည်း သတ်မှတ်ထားပါတယ်။ ဒီတားမြစ်ချက်တွေက property ရဲ့ ဆိုဒ်နဲ့သက်တမ်းပေါ်မူတည်ပါတယ်။ ခဏခဏတွေ့ရတတ်တဲ့ တားမြစ်ချက်တစ်ချို့ကို ဖော်ပြထားပါတယ်။


  • Owner-occupied ဖြစ်တဲ့ unit percentage

  • Condo association သတ်မှတ်ချက်

  • Condo dues သတ်မှတ်ချက်

  • Commercial use တားမြစ်ချက် (ပုံမှန်အားဖြင့် လူနေဖို့ဖြစ်ရပါမယ်)

  • Recertification Policy (ငွေချေးသူဟာ annual FHA recertification ပြုလုပ်ရမှာပါ။)


FHA-Approved condos ဘယ်လိုရှာမလဲ။


HUD's website ကိုသုံးပြီးတော့ ကိုယ်လိုချင်တဲ့ ကွန်ဒိုကို  FHA-approved condo list ကနေရှာလို့ရပါတယ်။ State, zip code, county, city, approval status နဲ့ condo နာမည်ရိုက်ပြီး ရှာလို့ရပါသေးတယ်။ အိမ်ခြံမြေအကျိုးဆောင်တွေကနေတဆင့်လည်း FHA-approved condo တွေကို စုံစမ်းလို့ရပါတယ်။


FHA-Approved Condos ရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုး

FHA loan program ကတဆင့် ကွန်ဒိုဝယ်တာက ကောင်းတာရော ဆိုးတာရော ရှိပါတယ်။ 

ကောင်းကျိုးများ

  • Loan အလွယ်တကူရနိုင်ခြင်း

  • သတ်မှတ်ချက် နဲ့ အတိုးနှုန်း လျော့နည်းခြင်း

  • Down payment သတ်မှတ်ချက် ဖြေလျော့ချင်း

ဆိုးကျိုးများ

  • Mortgage insurance ပေးစရာလိုခြင်း

  • Condo Unit recertification

  • ရရှိနိုင်သော FHA-approved condos များကို ကန့်သတ်ချက်များ

ကွန်ဒိုက FHA approved မဟုတ်ရင်ရော? 

တကယ်လို့ ကိုယ်လိုချင်တဲ့ ကွန်ဒိုက FHA approved မဖြစ်ခဲ့ရင် condo loan နဲ့ conventional loans စတဲ့တခြားနည်းတွေရှိပါသေးတယ်။ Condo loans ကတော့ များသောအားဖြင့် စာရွက်စာတမ်းတွေ အများကြီးလိုပါတယ်။ 






23 views0 comments

Comments


bottom of page