အိမ်ဝယ်ဖို့ Mortgage Loan လျှောက်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေအကြောင်း သိထားဖို့လိုပါတယ်။ ဒါမှလည်း Loan လျှောက်တဲ့ Process က မြန်မှာပါ။ Mortgage Loan လျှောက်တဲ့အခါကိုယ့်ရဲ့
Income and employment
Assets and debts
Credit history
Identity
Rental history
အခြားအချက်အလက်တွေဖြစ်တဲ့ (divorce, bankruptcy သို့မဟုတ် gift funds.) တွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ လိုပါတယ်။
Mortgage Application Information
Mortgage လျှောက်ဖို့အတွက် ပထမဆုံးအဆင့်ကတော့ ကိုယ်ရေးအချက်အလက်နဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေမေးတဲ့ Uniform Residential Loan Application ကို ဖြည့်ရတာပါပဲ။
Income Verification
နောက်တဆင့်ကတော့ ကိုယ်ချေးချင်တဲ့ ငွေပမာဏကို ပြန်ပေးနိုင်ကြောင်း အတည်ပြုနိုင်မယ့် စာရွက်စာတမ်းတွေပါပဲ။
Lender က ကိုယ့်ရဲ့ ဝင်ငွေကိုစစ်ဆေးပြီး ဝင်ငွေက တည်ငြိမ်ပြီး ပုံမှန်ဝင်နေတယ်ဆိုရင် သင့်အနေနဲ့ အကြွေးပြန်ဆပ်နိုင်မယ်လို့ ယူဆပြီး ငွေချေးပေးပါတယ်။
Proof of income အနေနဲ့ လိုမယ့် စာရွက်စာတမ်းတွေကတော့
W-2 forms
ပြီးခဲ့တဲ့ တစ်နှစ် ကနေ နှစ်နှစ်အတွင်း W-2 forms တွေ တင်ပြရမှာဖြစ်ပါတယ်။ တကယ်လို့ အဲ့တာတွေ မရှိဘူးဆိုရင်တော့ အလုပ်ရှင်ကို (သို့မဟုတ်) IRS ကို ကိုယ့်ရဲ့ Tax Returns လုပ်ထားတဲ့ အထောက်အထားမိတ္တူတွေ တောင်းလို့ရပါတယ်။
Pay stubs
ပြီးခဲ့တဲ့ ရက် ၃၀ အတွင်း လစာရထားတဲ့ Pay Stubs တွေကို အလုပ်ရှင်လက်မှတ်ထိုးပေးထားတာမျိုး တောင်းပါလိမ့်မယ်။ Pay Stub တွေက စာရွက်လည်းဖြစ်နိုင်သလို Digital Version လည်းဖြစ်နိုင်ပါတယ်။ Overtime လိုမျိုး၊ commission လိုမျိုး အခြား Payment အမျိုးအစားမျိုးရတယ်ဆိုရင်တော့ သပ်သပ် စာရွက်စာတမ်း ထပ်ထုတ်ခိုင်းဖို့လိုပါလိမ့်မယ်။
Income tax returns
Lender က သင့်ရဲ့ လွန်ခဲ့တဲ့ ၂နှစ် ၃နှစ်လောက်က Tax Returns တွေကို စစ်ဆေးပြီး သင့်ရဲ့ ဝင်ငွေနဲ့ အဖြတ်ခံရတာတွေကို အတည်ပြုပါတယ်။ ဒါကြောင့် IRS Form 4506-Cရဲ့ မိတ္တူတွေကို ပေးဖို့ လိုပါလိမ့်မယ်။
Alimony or child support documents
တကယ်လို့ ကိုယ်က Child Support ကရတဲ့ ဝင်ငွေပဲ ရှိတယ်ဆိုရင် နောက်ထပ် အနည်းဆုံး ၃နှစ်လောက်အထိ အဲ့ဒီ ငွေကို ရနေမယ့်အကြောင်း သက်သေပြနိုင်ဖို့လိုပါတယ်။ တရားရုံးရဲ့ အမိန့်စာ မိတ္တူကိုလည်း လက်ခံပါတယ်။
ကိုယ်ပိုင်လုပ်ငန်းနဲ့၊ Freelancer တွေဆိုရင်တော့ အနည်းဆုံး နှစ်နှစ်တိတိ တည်ငြိမ်တဲ့ အလုပ်အကိုင်ရရှိထားကြောင်း သက်သေပြဖို့လိုပါတယ်။ ဒီအတွက် အလုပ်အပ်တုန်းက Contract တွေနဲ့ လက်ရှိ အလုပ်အပ်သူတွေဆီက စာတွေကို ပြလို့ ရသလို တကယ်လို့ လုပ်ငန်းဖြစ်တယ်ဆိုရင်တော့ လုပ်ငန်းလိုင်စင်နဲ့ အာမခံ သက်သေတွေကို ပြလို့ရပါတယ်။ နှစ်နှစ်သက်တမ်းရှိ Federal Tax Returns ကို ပြရမှာဖြစ်ပြီး Cash-flow Analysis နဲ့ တစ်နှစ်သက်တမ်းရှိ profit and loss statement ကိုလည်း Certified Public Accountant တစ်ယောက်က လက်မှတ်ထိုးပေးတာမျိုး လိုမှာပါ။
Assets and Debts
Lender တွေက သင့်ရဲ့ Debt to income Ration ကို တွက်ဖို့အတွက် လိုအပ်တာတွေ တောင်းပါလိမ့်မယ်။ ကိုယ့်ရဲ့ Mortgage Application မှာ လအားလုံးရဲ့ အကြွေးတွေကို ထည့်ပါလိမ့်မယ်။ (Auto, Student Loans, Credit Cards, လက်ရှိ Mortgages နဲ့ ဘဏ်၊ Investment Account မှာရှိတာတွေပါ။ )
Bank Statement
ဘဏ်အကောင့်Statement ဆိုရင်တော့ Down Payment နဲ့ Closing Cost တွေကို ပေးနိုင်မလားဆိုတာနဲ့ လိုအပ်တယ်ဆိုရင် လက်ထဲမှာ ငွေဘယ်လောက်ရှိလဲဆိုတာပါ စစ်တတ်ပါတယ်။
ကိုယ့်ရဲ့ Account အပေါ်မူတည်ပြီး Statements တွေကို Email သို့မဟုတ် Online Portal ကနေ Download ရယူနိုင်ပါတယ်။ Large Deposit ရဲ့ Source နဲ့ ပတ်သတ်ပြီးလည်း စာရွက်စာတမ်းတွေလိုပါလိမ့်မယ်။
Retirement and Investment Accounts
တကယ်လို့ ကိုယ့်ရဲ့ ပင်စင်နဲ့ Investment Accounts တွေကို သုံးမယ်ဆိုရင်တော့ အဲ့ဒီအကောင့်တွေရဲ့ ၂လကနေ ၃လအထိ Statements တွေကို လိုပါလိမ့်မယ်။ အဲ့ဒီမှာဆိုရင် တစ်ဦးချင်းစီရဲ့ Individual Retirement Accounts တွေ၊ 401 (k) Plans တွေ၊ Stock Investment နဲ့ Certified Deposit တွေ ပါပါလိမ့်မယ်။ Blank တွေဖြစ်နေရင်တောင် စာမျက်နှာအားလုံးကို ပြဖို့လိုပါမယ်။
Gift Fund သုံးမယ်ဆိုရင်တော့ Gift Letter လိုပါမယ်။
အချို့ Mortgage Loan Program တွေက သင့်ကို မိသားစုဝင်တွေက ပေးတဲ့ ငွေကြေး လက်ဆောင်နဲ့ Down Payment ချေဖို့ ခွင့်ပြုတာရှိပါတယ်။ ကိုယ့် အမျိုးထဲက တစ်ယောက်က ကိုယ့်ကိုယ် ပိုက်ဆံ မုန့်ဖိုးပေးတယ်ဆိုရင် အဲ့ဒီ ငွေတွေက ပြန်ပေးဖို့ မလိုကြောင်း Gift Form မှာ လက်မှတ်ထိုးဖို့ လိုပါတယ်။ လှူသူရဲ့ Bank Statement ကိုလည်း တောင်းကြည့်တတ်ပါတယ်။
Credit Verification
Credit Checked ရှိခြင်းက Mortgage လျှောက်ရမှာ အရေးကြီးတဲ့ အချက်ပါ။ သင့်အနေနဲ့ Credit Reports တွေကို တကယ် Submit လုပ်မှာ မဟုတ်ပေမယ့် Lender ကတော့ သင့်အနေနဲ့ Credit History ကို စစ်ခွင့်ပေးမယ်ဆိုတဲ့ Permission ကို တောင်းမှာပါ။
တကယ်လို့ ကိုယ့်ရဲ့ Credit Report ထဲမှာ Late Payment, Colllections, Judgments သို့မဟုတ် အခြား Derogatory တွေ တွေ့ရင်တော့ Lender က အဲ့တာတွေအတွက် ဖြေရှင်းတဲ့ စာတောင်းပါလိမ့်မယ်။
သင့်ရဲ့ Credit Score ကိုလည်း ကြည့်မှာဖြစ်ပြီး အဲ့တာက သင်ရမယ့် အတိုးနှုန်းအပေါ်မှာ လွှမ်းမိုးမှုရှိပါတယ်။ Credit Score များလေ Interest Rate နည်းလေပါ။
အခြား မှတ်တမ်းများ
အပေါ်က စာရွက်စာတမ်းတွေအပြင် အချို့ Mortgage Documents တွေကိုလည်း တောင်းနိုင်ပါသေးတယ်။
အိမ်ဝယ်ထားတဲ့ သဘောတူညီမှု မိတ္တူ
အိမ်ငှားခပေးထားတဲ့ Payment History နဲ့ References များ (အနည်းဆုံး ၁၂လစာ နဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း အိမ်ရှင်ကို ဆက်သွယ်နိုင်မယ့် အချက်အလက်များ)
Divorce Decree (ကလေးထောက်ပံ့စားရိတ်ရသူများ)
Bankruptcy or Foreclosure မှတ်တမ်း (တကယ်လို့ Bankruptcy ဖြစ်ဖူးရင်တော့ Lender က သင့်အနေနဲ့ ပြန်ဆပ်စရာ အကြွေးမရှိကြောင်း သက်သေတောင်းပါလိမ့်မယ်။ Foreclosure အတွက်ကတော့ သင့်အနေနဲ့ Mortgage အသစ်လျှောက်ဖို့အတွက် ခွင့်ပြုချက်မရခင် ၇နှစ်လောက် စောင့်ရမှာဖြစ်ပြီး Property က လွှဲပြောင်းပြီးဖြစ်ကြောင်းလည်း သက်သေပြရမှာပါ။)
ID for noncitizen (Mortgage လျှောက်ဖို့ U.Sနိုင်ငံသားဖြစ်ဖို့ မလိုပေမယ့် သင့်ရဲ့ Permanent Residence နဲ့ immigration status ကို မေးပါလိမ့်မယ်။
Credit History မရှိသူတွေအတွက်တော့ အခြားအချက်အလက်တွေဖြစ်တဲ့ (Utility, Cellphone, Rent, Cable TV နဲ့ အခြား ပုံမှန်ပေးသွင်းရတဲ့ ငွေတွေကို ထည့်တွက်မှာပါ။)
အခုဆိုရင် Mortgage လျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေအေကြာင်း သေချာသိသွားလောက်ပါပြီ။
အပေါ်ကပြောခဲ့တာတွေကို တစ်ခုချင်း သေချာရှာပြီး စုထားဖို့လိုပါတယ်။ စာရွက်တွေဆိုရင် Scan ထားပြီး နာမည်သေချာပေးကာ Laptop or Desktop မှာ သိမ်းထားသင့်ပါတယ်။ တတ်နိုင်သမျှ မိတ္တူသေချာကူးထားပြီး မူရင်းကိုလည်း လုံခြုံစွာ သိမ်းရပါမယ်။
Comentários