top of page

အိမ်မဝယ်ခင် Credit Score အကြောင်း သိသင့်တဲ့ အချက်များ

အိမ်ဝယ်ချင်တယ်ဆိုရင် mortgage ရဖို့အတွက်က သင့်ရဲ့ credit score က တော်တော်အရေးကြီးပါတယ်။ Lenders တွေက သင့် အချိန်မှန်မှန် အကြွေးပြန်ပေးလားဆိုတာကို credit score ကနေတဆင့်ကြည့်တာပါ။ သင့် credit score ကပဲ သင်ယူရမယ့် mortgage rate ကိုဆုံးဖြတ်ပေးတာပါ။


US bank အရ"Mortgage application အတွက်က credit score တစ်ခုထဲကိုပဲ ကြည့်တာမဟုတ်ပေးမယ့် တော်တော်လေးကို အရေးပါပါတယ်။ အဲ့တော့ အိမ်လိုက်ရှာတော့မယ်ဆိုရင် သင့် credit score ဘယ်လောက်ရှိပြီး အကောင်းဆုံး mortgage rate ရဖို့ ဘယ်လို အသုံးချမယ်ဆိုတာကို သိထားရပါမယ်။"


အိမ်ဝယ်တဲ့အခါ သက်သာစေဖို့အတွက် အရေးကြီးဆုံးက mortgage rate ဆိုတော့ credit score ကလည်း တော်တော်အရေးကြီးပြန်ပါတယ်။ Federal Reserve Bank of New York အရ U.S ထဲမှာ mortgage လျှောက်သူတွေရဲ့ median credit score က 770 ရှိပါတယ်။ ဒါပေမယ့်လည်း သင့် credit score အရမ်းကောင်းနေရမယ်လို့လည်း ဆိုလိုချင်တာမဟုတ်ပါဘူး။


US bank ကထုတ်တဲ့ဆောင်းပါးအရ "သင့်ရဲ့ credit score (သို့) FICO score က အနည်းဆုံး 300 နဲ့ အများဆုံး 850 ကြားရနိုင်ပါတယ်။ 740 နှင့်အထက် score ကတော်တော်ကောင်းတယ်လို့ သတ်မှတ်လို့ရပေမယ့် အိမ်ဝယ်ဖို့အတွက်ဆိုရင် အဲ့လောက်နဲ့ အထက်ရှိစရာမလိုပါဘူး။"


ယုံကြည်စိတ်ချရတဲ့ lender နဲ့လုပ်ကိုင်တာက credit score က home loan နဲ့ mortgage rate ဘယ်လိုရနိုင်မလဲဆိုတဲ့ အချက်တွေကို ပိုသိနိုင်မှာပါ။ FICO ပြောခဲ့တဲ့ စကားအရ "Lenders တော်တော်များများက ချေးသင့်မချေးသင့် credit score တို့လို fico score တွေကို ကြည့်ပေမယ့် lender တစ်ယောက်ချင်းစီမှာ မတူညီတဲ့သတ်မှတ်ချက်တွေရှိပါတယ်။


Lenders အကုန်လုံးက သတ်မှတ်ထားတဲ့ "cutoff score" ဆိုပြီး အတည်တကျမရှိပါဘူး။ Lender တွေကသင်တကယ်ပေးရမယ့် interest rate ကို အချက်မျိုးစုံပေါ်ကြည့်ပြီး သတ်မှတ်ပေးတာပါ။


Credit Score မြှင့်ဖို့ နည်းလမ်းတွေရှာနေတယ်ဆိုရင်တော့


Payment History

နောက်ကျမှ ပိုက်ဆံပြန်သွင်းတာဟာ သင့် score ကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် အချိန်မှန်မှန်ပေးဖို့နဲ့ ကျန်ရှိနေသေးတဲ့ နောက်ကျကြေးတွေကို ပေးဖို့ကို အာရုံစိုက်ပါ။


Debt Amount (credit limits နဲ့ဆိုင်ပါတယ်)

Credit amount ကနည်းလေကောင်းလေဖြစ်ပါတယ်။ ဒါကြောင့် အဲ့နံပါတ်ကို တတ်နိုင်သမျှ နည်းအောင်ထားထားပါ။


Credit Applications

တစ်ခုခုဝယ်ဖို့ ဆုံးဖြတ်ထားရင် credit အသစ်ထပ်မလျှောက်ပါနဲ့။

အဲ့လိုအသစ်လျှောက်ရင် credit score လျော့ကျနိုင်ပါတယ်။


594 views0 comments

Comments


bottom of page