top of page

ရင်းနှီးမြှုပ်နှံမှုလုပ်မယ့်သူတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင် ၁၀ကား

ငွေကြေးအကြောင်း ရင်းနှီးမြှုပ်နှံမှုအကြောင်းကို ဒီအတိုင်းလေ့လာမယ်ဆိုရင် ပျင်းတတ်ကြပါတယ်။ အခေါ်အဝေါ်တွေကလည်း ရှုပ်ပြီး စျေးကွက်အကြောင်း၊ ကိန်းဂဏာန်းတွေ၊ ငွေကြေးသမိုင်းတွေအကြောင်း လေ့လာရတာလည်း အတော်ကို စိတ်ရှည်မှရတာပါ။ ဒါပေမယ့် ကိုယ်က ဒီ Investment လောကထဲဝင်တော့မယ်ဆိုရင်တော့ ဒီလောကအကြောင်းကို သေချာသိဖို့လိုတာဖြစ်လို့ ရုပ်ရှင်တွေကြည့်ရင်းကနေလည်း တစ်စေ့တစ်စောင်းလေ့လာနိုင်ပါတယ်။


ငွေကြေးနဲ့ ပတ်သက်လာရင် လူတွေရဲ့ စရိုက်တွေ၊ လောဘ၊ ဒေါသ၊ မောဟတွေ၊ အောင်မြင်မှု၊ ကျရှုံးမှု၊ လှည့်စားမှုစတဲ့ ရသမျိုးစုံကို ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေက ပေးစွမ်းနိုင်ပါတယ်။ လူတိုင်း မဖြစ်မနေကြည့်ထားသင့်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ဇာတ်ကား (၁၀)ခုကတော့.....


၁၀။ The Big Short



၂၀၀၇ နဲ့ ၂၀၀၈ မှာကြုံခဲ့ရတဲ့ စီးပွားပျက်ကပ်ဖြစ်ရပ်မှန်ကို အခြေခံပြီးရေးထားတဲ့ Michael Lweis ရဲ့ "The Big Short: Inside the Doomsday Machine" စာအုပ်ကိုပြန်ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်လို့ The Big Short က ကြည့်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ထဲမှာပါပါတယ်။


ဒီရုပ်ရှင်ရဲ့ ပြကွက်တွေထဲမှာ ရှုပ်ထွေးတဲ့ ငွေကြေးနဲ့ဆိုင်တဲ့ အခေါ်အဝေါ်တွေထဲက တစ်ခုဖြစ်တဲ့ Synthetic CDOsကို နာမည်ကျော် Selena Gomez က ဖဲ၀ိုင်းထဲက အဖြစ်အပျက်နဲ့ ယှဉ်ပြီး ဥပမာပြကာ အဓိပ္ပာယ်ဖွင့်ဆိုပေးသလို Margot Robbie ကလည်း Mortgage-backed bonds ကိုလည်း ရေချိုးကန်ထဲမှာ ရှန်ပိန်သောက်ရင်း ရှင်းပြသွားပါတယ်။


၉။ Barbarians at the Gate (1993)



ဒီ ဇာတ်လမ်းကလည်း တစ်ချိန်က နာမည်ကြီး RJR Nabisco Corporation ရဲ့ Leveraged Buyout (LBO) ကို ဗဟိုပြုဖန်တီးထားပြီး Bryan Burrough နဲ့ John Helyar တို့ရဲ့ Barbarians at the Gate: The Fall of RJR Nabisco ဆိုတဲ့စာအုပ်ကို အခြေခံထားတာပါ။ ဇာတ်လမ်းထဲက တစ်ချို့အဖြစ်အပျက်တွေကတော့ ရုပ်ရှင်ဆိုတဲ့အတိုင်း ဖန်တီးမှုလေးတွေပါပြီး Nabisco ရဲ့ CEO ဖြစ်သူ F.Ross Johnson ရဲ့ လောဘကြီးမှုနဲ့ ဒီ နာမည်ကျော် LBO ဖြစ်ရပ်မှာ နောက်ကွယ်က ညှိနှိုင်းမှုတွေ မရိုးဖြောင့်မှုတွေ စတာတွေကို မြင်ရမှာပါ။


၈။ American Psycho (2000)


ဒီဇာတ်လမ်းထဲမှာတော့ ငွေကြေးနဲ့ ပတ်သက်ပြီးအများကြီးမပါပေမယ့် ဒီ ငွေကြေးစျေးကွက်က လူ့မလိုင် အထက်တန်းလွှာတွေရဲ့ စိတ်ကူးယဉ်ကမ္ဘာကြီးနဲ့ မရိုးဖြောင့်မှု၊ လှည့်ကွက်တွေအကြောင်းကို ပိုပြီး မီးမောင်းထိုးပြထားပါတယ်။ Christian Bale က ကြွယ်၀ချမ်းသာတဲ့ Investment Banker တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။


၇။ Glengarry Glen Ross (1992)



မတရားတဲ့ ကုမ္ပဏီတစ်ခုမှာ နှစ်အကြာကြီးလုပ်ပြီးတဲ့နောက် အိမ်ခြံမြေ အရောင်းအေးဂျင့်တွေရဲ့ ကိုယ်ကျင့်တရားတွေဟာ ကြာလာတာနဲ့ အမျှ ပျက်စီးသွားတဲ့ပုံကို ဒီဇာတ်လမ်းမှာမြင်ရမှာပါ။


၆။ Rogue Trader (1999)



ဒီဇာတ်လမ်းမှာတော့ ကမ္ဘာ့ ဒုတိယသက်တမ်းအရှည်ဆုံး ကုန်သည်ဘဏ်ဖြစ်တဲ့ Barings Bank ကို အကြွေးတွေ ပြန်မဆပ်နိုင်အောင် ဖြစ်သွားစေတဲ့ Nick Leeson ဆိုတဲ့ ကုန်သည်တစ်ယောက်အကြောင်းရိုက်ထားတာပါ။ ဇာတ်လမ်းက ပေးချင်တဲ့ သင်ခန်းစာကတော့ Risk Management နဲ့ ငွေကြေးအကြောင်း အပေါ်စီးကမြင်တတ်စေဖို့ပါ။


၅။ Enron: The Smartest Guys in the Room (2005)



ပြီးခဲ့တဲ့ နှစ်၂၀လောက်ကဖြစ်ခဲ့တဲ့ အကြောင်းအရာကို ဇာတ်လမ်းဖွဲ့ထားပြီး Document​ary ပုံစံရိုက်ထားတဲ့ Enron: The Smartest Guys in the Room ဟာ ကော်ပိုရိတ်လောကရဲ့ လောဘ၊ တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်းနဲ့ ချစားမှုတွေကို အချိန်မီ မဖော်ထုတ်နိုင်ခြင်းရဲ့ အကျိုးသက်ရောက်မှုတွေကို မီးမောင်းထိုးပြတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Enron Corporation ဟာ အမေရိကရဲ့ အအောင်မြင်ဆုံး စွမ်းအင် ကုမ္ပဏီအဖြစ်ကနေ ၂၀၀၁မှာ ဒေဝါလီခံလိုက်ရတဲ့ အကြောင်းကို အသေးစိတ်တင်ဆက်ပေးတဲ့ရုပ်ရှင်ပါ။


၄။ The Wolf of Wall Street (2013)



Jordan Belfort လို့အမည်ရတဲ့ နာမည်ကျော် စတော့အရောင်းသမားရဲ့ အ​ေကြာင်းကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းဟာ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Leonardo DiCaprio နဲ့ Jonah Hill တို့ရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့အတူ နာမည်အရမ်းကြီးပါတယ်။ ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ ဒီဇာတ်လမ်းဟာ နာမည်နဲ့ လိုက်အောင်ကိုပဲ ၁၉၈၀နဲ့ ၉၀ခုနှစ်တွေမှာ Stratton Oakmont ဆိုတဲ့ Brokerage Firm တစ်ခုရဲ့ လှည့်ကွက်တွေကို ဖော်ပြထားပါတယ်။


၃။ Boiler Room (2000)



Boiler Roomကတော့ Pump and Dump Scheme အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ Firm တွေအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို မသမာတဲ့ ထုတ်ပြန်ချက်တွေနဲ့ ဆွဲဆောင်ပြီး စတော့တွေ ဝယ်မိတဲ့အခါ တန်ဖိုးမရှိတဲ့ စတော့တွေဖြစ်နေတတ်တဲ့ အကြောင်းကို အဓိက မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားကနေပြီး စတော့မားကတ်မှာ ရင်းနှီးမြှုပ်နှံတဲ့အခါ ပွင့်လင်းမြင်သာပြီး အခြေခိုင်တဲ့ ကုမ္ပဏီတွေကို ရွေးပြီး ရင်းနှီးမြှုပ်နှံဖို့အတွက် သင်ခန်းစာရစေပါတယ်။


၂။ Margin Call (2011)



တကယ့်လက်တွေ့လောကနဲ့ အနီးစပ်ဆုံးပုံစံကို ရိုက်ပြထားတဲ့ Margin Call ဟာ ၂၀၀၈ စီးပွားပျက်ကပ်အကြောင်းမှာဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းဟာ Mortgagebaced Securities Market ဟာ မကြာခင်မှာ ပြိုလဲတော့မယ်ဆိုတာကို ကြိုရိပ်စားမိနေတဲ့ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ Investment Banker အချို့အကြောင်းဖြစ်ပါတယ်။


၁။ Wall Street (1987)



Wall Street ဟာ Oliver Stone ရဲ့ classic drama film တစ်ခုဖြစ်ပြီး ၁၉၈၀တုန်းက Bud Fox ဆိုတဲ့ ငယ်ရွယ်ပြီး ရည်မှန်းချက်ကြီးတဲ့ Stockbroker တစ်ယောက်အကြောင်းဖြစ်ပြီး Gekko ဆိုတဲ့ ရင်းနှီးမြှုပ်နှံသူ

နဲ့တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဆက်ပြီး ကြည့်စေချင်ပါတယ်။ စောင့်ထိန်းရမယ့် စည်းတွေ၊ လောဘနဲ့ လောဘကြီးလို့ ဆက်ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကို ချိတ်ဆက်ရိုက်ပြထားပါတယ်။



997 views0 comments

Kommentare


bottom of page