top of page

Multi-Generational Home ဝယ်ယူခြင်းရဲ့ ကောင်းကျိုးများ

အဘိုးအဘွားတွေ မိဘတွေ ဆွေမျိုးတော်စပ်သူတွေအစရှိတဲ့ သင်ချစ်တဲ့သူတွေနဲ့ အိမ်တစ်ခုတည်းနေဖို့ စဉ်းစားနေပါသလား။ အဲ့တာဆိုရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ Buyers တော်တော်များများက သင့်လိုပဲ multi-generational home တွေကို ဝယ်လာကြပါတယ်။ ဘာကြောင့်ဒီလိုအိမ်မျိုးက သင့်အတွက် အကောင်းဆုံးလည်းဆိုတာကို ပြောပြသွားပါမယ်။


Buyers တွေ ဘာလို့ Multi-Generational Living ကို ရွေးချယ်လာကြတာလဲ? 


National Association of Realtors (NAR) အရ buyer တွေ multi-generational homes ဝယ်ရတဲ့ အဓိကထိပ်ဆုံး အကြောင်းပြချက်နှစ်ခုကတော့ "affordability" ပဲဖြစ်ပါတယ်။ 


First-time buyers 28% က အိမ်ဝယ်တဲ့အခါ ပိုက်ဆံချွေတာနိုင်ဖို့ကို ပိုဂရုစိုက်ကြပါတယ်။ သူတို့တတ်နိုင်သလောက်ကို တခြားသူတွေနဲ့ ပေါင်းပြီး ဝယ်တဲ့ အခါမှာ mortgage payments, utilities နဲ့ တခြားကုန်ကျနိုင်တဲ့ ငွေကြေးတွေကို လျော့ချနိုင်ပါတယ်။ ဒီနေ့လို ခက်ခဲတဲ့ ဈေးကွက်ထဲမှာ အိမ်ဝယ်ဖို့ ခဲယဉ်းနေတဲ့ first-time homebuyers တွေအတွက်ကတော့ ဒါဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။


Buyers တွေ သူတို့ အမြဲတမ်းလိုချင်ခဲ့တဲ့ အိမ်ကို ဝယ်နိုင်ဖို့အတွက် multi-generational home ကိုရွေးချယ်လာပါတယ်။ First-time buyer 28% နဲ့ repeat buyer 18% နှစ်မျိုးစလုံးက အိမ်ကြီးကြီးဝယ်နိုင်ဖို့အတွက် တခြားသူတွေနဲ့ ပေါင်းနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အကုန်လုံး စုပြီး ဝင်ငွေတွေပေါင်းလိုက်တဲ့အခါ နေရာအများကြီးပါတဲ့ dream home ကို ဝယ်နိုင်လာမှာပါ။


Multi-Generational Home က ငွေကြေးအတွက်ကောင်းတဲ့ အချက်တွေပဲရှိတာမဟုတ်ပါဘူး။ NAR ရဲ့ စုံစမ်းစစ်ဆေးမှုအရ Repeat Buyers 23% က သက်ကြီးရွယ်အိုမိဘတွေကို စောင့်ရှောက်နိုင်ဖို့အတွက် ရွေးချယ်ခဲ့တာပါ။ သက်ကြီးပိုင်းတော်တော်များများက နေရာကောင်းကောင်းမှာပဲ အသက်ကြီးလာချင်တာဖြစ်တဲ့အတွက် multi-generational home တွေက အကောင်းဆုံးပါပဲ။ 


အဲ့သက်ကြီးရွယ်အိုတွေအတွက် နေရာကောင်းကောင်းမှာ ကိုယ်ချစ်တဲ့သူတွေနဲ့ ကြီးပြင်းလာဖို့အတွက် အခွင့်အလမ်းတစ်ခုပါ။ Axios ပြောခဲ့သလိုပါပဲ။ " ငွေကြေးအခြေအနေ နဲ့ လူကြီးတွေကို ကြည့်ရှူစောင့်ရှောက်ဖို့အတွက်က လူတွေသူတို့ မိဘတွေနဲ့ နေရတဲ့ အဓိအကြောင်းအရင်း နှစ်ချက်ပါ။" 


ကျွမ်းကျင်တဲ့သူတွေကို အားကိုးပါ။


Multi-generational home ရှာဝယ်တယ်ဆိုတာ ရိုးရိုးအိမ်ဝယ်သလောက် မရိုးရှင်းပါဘူး။ ဒါဟာဘာလို့လဲဆိုတော့ လုများတဲ့အတွက် အမြင်ရော လိုအပ်ချက်တွေပါ များပြားလို့ပါ။ ပဟေဥိဆက်သလိုပဲ အပိုင်းအစအကုန်အလုံးက အံဝင်ခွင်ကျ ဖြစ်ဖို့လိုပါတယ်။


သင်က multi-generational home ရဲ့ ကောင်းချက်တွေကို ကြိုက်တယ် ဝယ်ဖို့လည်း စဉ်းစားထားတယ်ဆိုရင်တော့ local real estate agent နဲ့ ပူးပေါင်းလုပ်ဆောင်လိုက်ပါ။


နောက်ဆုံးအချက်


သင်က ငွေရေးကြေးရေး ချွေတာချင်လို့ဏြ်စေ ကိုယ်ချစ်တဲ့သူတွေအနားမှာနေပြီး စောင့်ရှောက်ပေးချင်လို့ ဖြစ်စေ multi-generational home တွေက သင့်အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ ပိုသိချင်တာရှိရင်တော့ local real estate agent ကိုခုပဲ ဆက်သွယ်လိုက်ပါ။


431 views0 comments

Comments


bottom of page