top of page

Bank Statement Loan ဆိုတာဘာလဲ ?


Bank Statement Loan ဆိုတာဟာ self-employed individuals တွေနှင့် business owners တွေအတွက် ဖန်တီး ထားတဲ့ mortgage loan အမျိုးအစားတစ်ခုဖြစ်ပါတယ်။ W-2s(Wage and Tax Statement) နှင့် tax returns တွေအပေါ်အခြေမခံပဲ ချေးငွေယူသူတွေရဲ့ bank statement အပေါ်မှာအခြေခံပြီးတော့ loan ထုတ်ပေးတဲ့ program တစ်ခုပဲဖြစ်ပါတယ်။


Bank Statement Loan ကိုဘယ်သူတွေကအသုံးပြုကြသလဲ ?


ဝင်ငွေတသမတ်တည်းမရှိကြတဲ့ self-employed individuals တွေ၊ freelancer တွေနှင့် business owners တွေက သူတို့ရဲ့ taxable income တွေရဲ့အစား သူတို့ရဲ့ actual cash flow တွေကိုအခြေခံပြီးတော့ ဒီချေးငွေအမျိုးအစားကို qualify ဖြစ်အောင်တင်ပြပြီး ချေးငွေထုတ်ယူကြပါတယ်။


Bank Statement Loan ရဲ့အကျိုးကျေးဇူးများ


Income Flexibility: မိမိရဲ့ cash flow အပေါ်အခြေခံထားတဲ့ Bank Statement နှင့် ချေးငွေယူလို့ရတာကြောင့် tax returns နှင့် W-2s သတ်မှတ်ချက်တွေမလိုအပ်ပါဘူး။


Access to Larger Loan : ကိုယ့်ရဲ့ cash flow များရင်များသလောက် သာမာန် loans တွေထက်ပိုများတဲ့ ပမာဏကို ချေးငွေ ရယူနိုင်တဲ့အခွင့်အရေးတွေရနိုင်ပါတယ်။


Simpler Documentation: Traditional Loans တွေထက်ပိုမိုရိုးရှင်းပြီး လွယ်ကူတဲ့ process နှင့်အတူ ချေးငွေတွေ အလွယ်တကူထုတ်ယူနိုင်ပါတယ်။


Bank Statement Loan ရရှိဖို့ requirements များ

  1. 2 Years Business Experience : ချေး ငွေယူသူ အနေနဲ့ စီး ပွါးရေးလုပ်ငန်းတစ်ခုမှာ အနည်းဆုံး 2 နှစ် လုပ်ကိုင်တဲ့ အတွေ့ အကြုံရှိရမယ်။


  1. Consistent Deposits : ချေးငွေယူသူတွေက သူ့ရဲ့ လစဉ် ပုံမှန် ဝင်ငွေ ရရှိ မှု ကို သက်သေပြရန်  bank statement တွေကို 12လ ကနေ 24လ စာအထိ Loan Providers တွေကို တင်ပြရပါတယ်။


  1. Good Credit Score : ချေးငွေတို့ရဲ့ ထုံးစံအတိုင်း မိမိရဲ့ Credit Score ကောင်းကောင်းရှိထားမှ ပိုပြီးများတဲ့ငွေ amount နှင့် ပိုပြီး flexible ဖြစ်တဲ့ Loan Plans တွေကိုရရှိနိုင်ပါမယ်။ Credit score 680 အနည်းဆုံး ရှိဖို့ လိုပါတယ်။ 


  1. Adequate Reserves : မိမိရဲ့ mortgage payment တွေကို ကြိုတင် cover ဖြစ်ထားနိုင်ဖို့ Loan Providers တွေဆီကို သတ်မှတ်ထားတဲ့ကြိုတင်ငွေပမာဏ Loan Reserves အဖြစ် ကြိုတင်သွင်းထားရတာမျိုးရှိနိုင်ပါတယ်။


  1. Down Payment : ကိုယ့် Loan Provider ရဲ့ သတ်မှတ်ချက်တွေအရ ကိုယ်ဝယ်တဲ့ အိမ်တန်ဖိုးစုစုပေါင်းထဲက 10% to 30% ကို down payment အဖြစ် အရင်သွင်းထားရပါမယ်။


ဒါတွေကတော့ Bank Statement Loan Programs တွေရဲ့ အကျိုးကျေးဇူးတွေ နှင့် လိုအပ်ချက် တွေပဲဖြစ်ပါတယ်။ Mortgage Loan တွေချေးယူတဲ့အခါမှာ နားလည်တတ်ကျွမ်းတဲ့ professional တွေနှင့်‌အရင်ဆွေးနွေးပြီးမှ ချေးငွေတွေယူဖို့ဆုံးဖြတ်သင့်ပါတယ်။


ဒီလိုချေးငွေမျိုးတွေရယူဖို့အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်မဆီကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။


102 views0 comments

Comments


bottom of page