ကိုယ့်ပိုင်ဆိုင်မှု့အဖြစ် အိမ်တစ်လုံးကိုဝယ်တော့မယ်ဆိုတာဟာ စိတ်လှုပ်ရှားစရာကောင်းပြီးတော့ ပျော်ရွှင်ရတဲ့အခိုက်အတန့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှု့တွေကို ရုတ်တရက်ပေါ်လာတဲ့ hidden cost တွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရအောင် ကိုယ့်ဘက်ကကြိုတင်ပြင်ဆင်ထားရပါမယ်။ဒီ Hidden Cost တွေကဘာတွေဖြစ်မလဲဆိုတော့
(1) Home Inspection
ရေပိုက်နှင့်ရေဘားတွေ မလုံခြုံမှု ၊ အိမ်ရဲ့ structural ထိခိုက်မှု့ ခိုင်မြဲမှုတွေရှိမရှိ ၊ စတဲ့အချက်တွေအတွက် Professional Inspection စစ်ဆေးဖို့အတွက် $300 ကနေ $500 အထိ ကုန်ကျစရိတ် ရှိနိုင်ပါတယ်။
(2) Closing Costs
Loan fees, title insurance အစရှိတဲ့ ကိစ္စရပ်မျိုးတွေအတွက် အိမ်ဝယ်ပြီးပြီးချင်းမှာ အိမ်ဈေးရဲ့ 2% to 5% အထိ ထပ်မံကုန်ကျနိုင်ပါတယ်။
(3) Property Tax
အိမ်ပိုင်ရှင်တိုင်းဟာ လစဉ်မှာ ကိုယ့်ပိုင်ဆိုင်မှုအတွက် အစိုးရကို Property Tax သွင်းပေးရပါတယ်၊ ပေးရတဲ့ amount ကတော့ နေရာဒေသအပေါ်လိုက်ပြီးတော့ ကွဲပြားမှုရှိပါတယ်။
(4) Homeowners Insurance
အိမ်ပိုင်ရှင်တွေဟာ ကိုယ့်အိမ်ရဲ့ location, size ,အိမ်သက်တန်း တွေအပေါ်မူတည်ပြီးတော့ နှစ်စဉ် insurance ငွေတွေသွင်းကြရပါတယ်။
(5) Private Mortgage Insurance (PMI)
Down payment ကိုအိမ်တန်ဖိုးရဲ့ 20% အောက်မှာပေးထားရတဲ့သူတွေအတွက် နှစ်စဉ် total loan amount ရဲ့ 0.5% to 1% အထိ ထပ်မံပေးဆောင်ရပါတယ်။
(6) Moving Expenses
အိမ်အသစ်တစ်ခုကိုပစ္စည်းတွေပြောင်းရွှေ့တဲ့အခါမှာ အကွာအဝေးအပေါ်မူတည်ပြီးတော့ ပေးရမယ့် ရွှေ့ပြောင်းသယ်ဆောင်ခ တွေကိုလဲ ထည့်တွက်ထားရပါမယ်။
(7) Maintenance & Repairs
အိမ်အသစ်ဝယ်ပြီဆိုရင် ထည့်သွင်းပြင်ဆင်ရမယ့်အရာတွေကရှိစမြဲပါ။ ဒီအတွက်ကို နှစ်စဉ် ကိုယ့်အိမ်တန်ဖိုးရဲ့ 1% to 3% အထိ budget သတ်သတ်ဖယ်ထားဖို့လဲလိုပါမယ်။
(8) Furniture & Decorations
ကိုယ်နေဖို့အတွက်ပဲဖြစ်စေ အငှားထားဖို့နှင့်ဈေးတင်ပြီးပြန်ရောင်းဖို့ပဲဖြစ်စေ ပရိဘောဂနှင့် ခင်းကျင်းပြင်ဆင်မှုတွေအတွက် ကိုယ်အသုံးပြုလိုတဲ့ ငွေပမာဏကို ကြိုတင်စာရင်းတွက်ထားရပါမယ်။
ဒီအချက်တွေကတော့ Home Owner အသစ်တွေအတွက် သိရှိလေ့လာထားရမဲ့ Hidden Cost တွေပဲဖြစ်ပါတယ်။ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Comments