Greater Seattle Area ဟာ အထူးသဖြင့် မြို့ပြဘဝနှင့် သဘာဝကို ရောနှောယှဉ်တွဲနေထိုင်လိုသော အိမ်ဝယ်သူများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုပါ။
ပေါများသောပန်းခြံတွေ၊ ကျယ်ပြန့်တဲ့ရေကန်တွေနဲ့ ကျဉ်းမြောင်းတဲ့ တောင်တက်လမ်းများက Seattle မြို့လယ်မှာ တင့်တယ်စွာရှိနေတဲ့ နာမည်ကြီး အဆောက်အအုံများစွာကို ဝန်းရံလျက်ရှိပါတယ်။
Redmond ဟာ Seattle ၏ နှစ်လိုဖွယ်အကောင်းဆုံး ဆင်ခြေဖုံးရပ်ကွက်များထဲမှ တစ်ခုဖြစ်သလို Sammamish ရေကန်အနီးသို့လွယ်ကူစွာသွားရောက်နိုင်ပြီး နည်းပညာလောကရဲ့ နာမည်အကြီးဆုံး အရာအချို့ အခြေစိုက်ရာ အရပ်လည်း ဖြစ်ပြန်ပါတယ်။
Redmond မြို့ကို ပြောင်းရွေ့သင့်တဲ့ ထိပ်တန်းအကြောင်းရင်းများကတော့
တိတ်ဆိတ်ငြိမ်သက်ပြီး ပြီးပြည့်စုံတဲ့ မြို့ပြနေထိုင်မှု
မြို့ပြနဲ့ အဝေးမှာ နေထိုင်ဖို့ စဉ်းစားမိတိုင်း
“မြို့ထဲမှာသာဆိုရင် အရာအားလုံးရနိုင်တယ် သွားလာရလွယ်ကူစေတယ်” ဆိုတဲ့ အချက်တွေက သင့်ကို တုံ့ဆိုင်းစေမှာပါ။
Redmond မှာ နေထိုင်မယ်ဆိုရင်တော့ ဒီအချက်တွေကို မေ့ပစ်ပြီး သက်ပြင်းချလို့ရပါပြီ။
Redmond မြို့ဟာ ရိုးရှင်းသော ဆင်ခြေဖုံးရပ်ကွက်တစ်ခု ဖြစ်ပြီး ၎င်းရဲ့ တောက်ပတဲ့ မြို့လယ်ခေါင်ဟာ နေထိုင်တဲ့ မြို့သူမြို့သားတိုင်းကို အေးချမ်းမှု ပေးနိုင်စွမ်းအပြည့်ရှိပါတယ်။
Redmond ရဲ့ Downtown ဟာ မြို့တော်၏ ဖျော်ဖြေရေးနှင့် စားသောက်ရေး တို့အတွက် အချက်အချာကျသော နေရာတစ်ခုပါ။ Sammamish ရေကန် နှင့် မိနစ်အနည်းငယ်သာကွာဝေးပြီး ဇိမ်ခံပစ္စည်းများပါရှိတဲ့ သာယာပြည့်စုံတဲ့ Luxury ကွန်ဒိုများလည်း ရှိပါတယ်။
လွယ်ကူအဆင်ပြေချောမွေ့မှုများကို တစ်နေရာထဲမှာ ရရှိနေနိုင်တာမျိုးပါ။
စတိုးဆိုင်မျိုးစုံ၊ ဘဏ်များမှ ဒေသတွင်းစျေးသည် တွေအထိ၊ နေထိုင်သူများက နေ့တဒူဝ လုပ်စရာရှိသည်များကို တစ်နေ့လုံးအချိန်အကုန်ခံစရာမလိုဘဲ ပြီးစီးအောင် လုပ်ဆောင်နိုင်ပါတယ်။
Outdoor Space နှင့် အပန်းဖြေစရာနေရာများ
Seattle မှာရှိတဲ့ နေရာတော်တော်များများကနေ Outdoors area ကောင်းကောင်းတွေကို သွားရောက်လို့ရနိုင်ပါတယ်။ ဒါပေမယ့်
ခြွင်းချက်အနေနဲ့ Redmond မြို့ကိုယ်တိုင်ဟာ အပန်းဖြေစရာ outdoor area ကြီး တစ်ခုလို့ပြောလို့ရနိုင်ပါတယ်။ အကြောင်းကတော့ Sammamish ရေကန်ကြီးကြောင့်ပါ။
မြို့အနှံ့ စိမ်းလန်းစိုပြေနေတဲ့ ပန်းခြံတွေကို ဖယ်လိုက်ရင် Redmond မြို့ဟာ ပစိဖိတ် အနောက်မြောက်ဘက်ရဲ့ ခုနှစ်မိုင်ကျော်ရှည်လျားတဲ့ ရတနာတစ်ခု ဆိုလည်း မမှားပါဘူး။
Sammamish ရေကန်ရဲ့ မြောက်ဘက်ကမ်းခြေများဟာ Redmond ရဲ့ Downtown area တစ်ဝိုက်မှာ တည်ရှိနေတာဖြစ် ပြီး စိမ်းလန်းတဲ့ Marymoor ပန်းခြံကြီးက ကြားခံထားပါတယ်။
လှေစီးချင်သူတွေ၊ လွယ်အိတ်တစ်လုံးနဲ့ လျှောက်သွားချင်သူတွေ၊ Kayak ဝါသနာအိုးတွေ၊ ဘာမှမလုပ်ဘဲ ရေ ပဲကူးမယ်ဆိုတဲ့ သူတွေ
ဆိုရင်တောင် စိတ်အေးချမ်းမှု အပြည့်ရရှိနိုင်မယ့် outdoor place လေးဖြစ်လို့နေတာပါ။
Water activities တွေကို Sammamish ရေကန်မှာ လုပ်နေတုန်းမှာဘဲ Marymoor ပန်းခြံကြီးဟာ Ground activities များကို လုပ်နိုင်တဲ့နေရာအဖြစ် အားဖြည့်ယှဉ်တွဲတည်ရှိလျက်ရှိပါတယ်။
ဒ့ါအပြင် ၄၀ ဧက ကျော်ကျယ်တဲ့ Marymoor off-leash Dog Park ကြီးမှာလည်း မိမိတို့ရဲ့ ခွေးကလေးတွေ ပါပီလေးတွေနဲ့ စိတ်ကြိုက်ဝင်ရောက်ပြေးလွှားဆော့ကစားနိုင်ပြီး ပန်းခြံအတွင်းရှိ
သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့
ရေကန်ငယ်လေးတွေမှာ ခွေးကလေးတွေဟာ ဒိုင်ဗင်ထိုး ခုန်ပေါက်ဆော့ကစားလို့ ရနိုင်ပါသေးတယ်။
တစ်နှစ်ပတ်လုံး ပွဲလမ်းသဘင်များရှိခြင်း
နေထိုင်သူများကို မြို့ငယ်လေးသဖွယ် ခံစားမှုများ ပေးနိုင်မည့် Home Grown Event များလည်း ရှိပါတယ်
၁၉၃၉ ခုနှစ်တည်းက စကျင်းပခဲ့တဲ့ Derby’s Day ကတော့ Redmond ရဲ့ ရှေးအကျဆုံး public events တွေထဲက တစ်ခုပါ။ အတိအကျပြောရရင်တော့ Sammamish ရေကန်နားတစ်ဝိုက်မှာ ဒေသခံ paper boys တွေဟာစက်ဘီးစီး ပြိုင်ကာ Redmond ရဲ့ Holiday decorations တွေအတွက် အလှူငွေကောက်ခံတဲ့ ပွဲတစ်မျိုးလို့ ဆိုလို့ရပါတယ်။
ယနေ့အထိတော့ Derby Day’s လေးဟာ မြို့ရဲ့ အတက်ကြွဆုံး နွေရာသီပွဲတော်တွေထဲက တစ်ခု ဖြစ်နေတုန်းပါပဲ။
ဒေသခံ လက်မှုပညာသည်တွေ၊ ပျံကျစျေးသည်တွေဟာ သူတို့ ရဲ့ လက်မှု အနုပညာနဲ့ ကုန်စ္စည်းတွေကို လာရောက်ခင်းကျင်းပြသကြပြီး
အခြားသော ဒေသထွက် အစားအသောက်များကိုလည်း တစ်ချိန်တည်းမှာ ဝယ်ယူစားသုံးနိုင်ပါတယ်။ 45th Street Brass၊ Boka Kouyate နဲ့ Djeliyah Band အစရှိတဲ့ နာမည်ကြီး ဖျော်ဖြေတင်ဆက်သူတွေလည်း လာရောက်ဖျော်ဖြေကြလေ့ရှိပါတယ်။
အထူးခြားဆုံးအနေနဲ့ 2022 ခုနှစ် Derby Day ပွဲတော်မှာ မှင်သက်ရှုမောပွဲ ကောင်းကင်ယံ အနုပညာပြပွဲမျိုးကို Drone အလုံး ၁၅၀ ကျော် သုံးကာ ညအချိန်၌ ပြသခဲ့တဲ့ Verge Aero Drone light show ပွဲတော်ဟာ ထိပ်ဆုံး အဖြစ်အမှတ်တရရှိခဲ့ပါတယ်။
Redmond Lights ပွဲတော်ဟာ အခြားသော ဖျော်ဖြေရေးအနုပညာပွဲတော် တစ်ခုဖြစ်ပြီး
အနုပညာရှင်များအတူတကွပါဝင်တဲ့ Public Installations ပွဲတော်တခုအဖြစ် Downtown Park Area တစ်ခုလုံးကို တမူထူးခြားတဲ့ Lighting Pattern တွေ Design တွေ နဲ့ ပြည့်နှက်နေအောင် ဖန်တီးကြလေ့ရှိပါတယ်။
နည်းပညာလောကထိပ်တန်းနာမည်တွေကို တွေ့ရှိနိုင်ခြင်း
Derby Day ရဲ့ Biggest Sponsors တွေဟာ Redmond မြို့ကို အဓိက အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနေသူလို့ဆိုရင်လည်း အံ့ဩမယ်မထင်ပါဘူး။
Microsoft ဟာ သူတို့ရဲ့ corporate headquarters ကို ၁၉၈၆ ခုနှစ်တည်းက Redmond မြို့မှာ ဖွင့်လှစ်ခဲ့ပြီး ၂၉ ဧက ကျော်နဲ့ စတင်ခဲ့ပြီး ယခုအခါမှာတော့ ၈ million square feet အထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
Employee ပေါင်း ၅၀ ၀၀၀ ကျော်ရှိပြီး HQ အတွင်းရှိ Lake Bill လို့ခေါ်တဲ့ ရေကန်ငယ်လေးဟာလည်း visitor area လေးအဖြစ် ပံ့ပိုးလျက်ရှိပါတယ်။
Tech Giant ကြီးဖြစ်တဲ့ Microsoft ဟာ Redmond မြို့ရဲ့ တိုးတက်လာသောစီးပွါးရေးအတွက် အဓိကအရေးပါခဲ့ပြီး Technology နဲ့ အသက်မွေးဝမ်းကျောင်းပြုမည့်သူများအတွက် အကြီးမားဆုံးသော အခွင့်အရေးတစ်ခုပါ။
ထပ်ပေါင်းအနေနဲ့ Sammamish ရေကန်ကြီးအနီး တည်ရှိနေမှုကလည်း professionals များအတွက် မိမိနေရဲ့ နေအိမ်ကို ရှာဖွေဖို့ရာ အခွင့်အလမ်းတစ်ခုပါ။
Nintendo၊ Honeywell နဲ့ AT&T အစရှိတဲ့ ကုမ္မဏ္ဏီကြီးများမှ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာဟာလည်း တစ်ထောင့်တစ်နေရာမှ တစ်နိုင်ငံလုံးရှိအရည်အချင်းရှိလူငယ်ပေါင်းများစွာကို ဆွဲဆောင်နေပါတယ်။
ဆန်းသစ်လာသော စားသောက်ဆိုင်များနှင့် ဆွဲဆောင်မှုရှိသော ဟင်းလျာများ
à la Seattle International District မှာ တွေ့နိုင်မယ့် စိတ်လှုပ်ရှားစရာကောင်းပြီး ဖောရွေပျူငှါတဲ့ စားသောက်ဆိုင်လေး အတွက်တော့ စိတ်ကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
ဒါပေမယ့် နိုင်ငံအစုံက ဟင်းအမယ်စုံကိုတော့ မမျှော်လင့်တာကောင်းပါလိမ့်မယ်။
Redmond ရဲ့ မြို့လယ်တစ်ဝိုက်မှာ စိမ့်ဝင်နေတာကတော့ ဆန်းသစ်နေတဲ့ စားစရာဆိုင်ငယ်လေးတွေဖြစ်ပြီး အရည်အသွေးမြင့်မားတဲ့ Mexican food ကြိုက်နှစ်သက်သူတွေအတွက် အချိန်ပေးသွားရောက်သင့်တဲ့ နေရာလေးပါ။
Seattle အနှံ့မှာ ရှိတဲ့ Matador ကတော့ အထင်ကရ ဆိုင်တွေထဲက တစ်ခု လို့ဆိုရပါမယ်။
Redmond Town ရဲ့ အလယ်တည့်တည့်မှာတော့
သမိုင်းဝင် Bill Brown Building နဲ့
Mexican စာများကို ပို့ဆောင်ပေးနေတဲ့ နာမည်ကြီး Ribeye Tacos နဲ့ Habanero Steak Burritos တို့ တည်ရှိပါတယ်။
၁၉၈၀ ခုနှစ်ကတည်းက Local spot တွေ ဖြစ်တဲ့ Bandido Mexican Grill၊ El Toreador တို့ဟာလည်း ဖောက်သည်များနှင့် စည်ကားလျက်ရှိပြီး
Mexican စာ ကြိုက်နှစ်သက်သူတွေ ရွေးချယ်စရာများစွာ ပြည့်နှက်လို့နေပါတယ်။
သရေကျစရာကောင်းတဲ့ Menu တွေ၊ ထူးခြားကောင်းမွန်တဲ့ Cocktails တွေကိုတော့ အမြဲစည်ကားနေတဲ့ Cleveland Street မှာ ရှိတဲ့ Woodblock၊Tipsy Cow အစရှိတဲ့ ဆိုင်များမှာ အမျိုးစုံအောင် ရောင်းချ ဧည့်ခံလျက်ရှိပါတယ်။
သွားလာရလွယ်ကူခြင်း
Redmond မြို့ဟာ Washington ပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးအကောင်းမွန်ဆုံး မြို့တွေထဲက တစ်မြို့လည်း ဖြစ်ပါတယ် ဘက်စ်ကားများ၊ ရထားများဟာတော့ အဓိက ရွေးချယ်စရာတွေပါ။
များစွာသော ဘတ်စ်ကားတွေဟာ Redmond မြောက်ပိုင်းမှ မြို့ထဲ ထိ ပြေးဆွဲလျက်ရှိပြီး
ရထားများဟာတော့ Seattle အရှေ့ဘက်ခြမ်းထိ ချိတ်ဆက်ပေးနေပါတယ်။
ဒါပေမယ့် Redmond ဟာ စက်ဘီးစီးသွားလာသူတွေကြားမှာ တစ်မူထူးခြားကျော်ကြားတဲ့ နေရာအဖြစ်လည်း ကျော်ကြားပါတယ်။
အမေရိကန်စက်ဘီးစီးဝါသနာရှင်များဟာ Redmond မြို့ကို
Bicycle Friendly Community တစ်ခု ဖြစ်လာအောင် ဖန်တီးယူခဲ့ကြပါတယ်
ဒါကိုကြည့်ခြင်းဖြင့် ဒီမြို့လေးဟာ စက်ဘီးစီးသူတွေအတွက် လုံလောက်သော ဥပဒေများဖြင့် အပြည့်အဝကာကွယ်ပေးထားပြီး များစွာသော ဆိုင်ကယ် လမ်းတွေ စက်ဘီးစီး လမ်းတွေကို မြို့တွင်းမှာ ပြုလုပ်ပေးထားပါတယ်။
နေထိုင်ကြတဲ့ရပ်မိရပ်ဖတွေဟာ ဆိုင်ကယ်၊ စက်ဘီးတွေကိုသာ အဓိကထား အသုံးပြုကြပါတယ်။
( ဥပမာပေးအားဖြင့် Hartman Park မြောက်ဘက်မှ မြို့ထဲထိ ဘတ်စ်ကားဖြင့်သွားလျှင် မိနစ် 30 ဝန်းကျင် ကြာနိုင်ပြီး 15 မိနစ်အတွင်း ဆိုင်ကယ်ဖြင့်သွားလာလို့ ရနိုင်နေတာမျိုးပါ )
Comments