top of page

အောင်မြင်တဲ့ လူတွေမှာ ရှိတဲ့ လက္ခဏာ (၅) ချက်

၁။ ကိုယ်ရတဲ့ ဝင်ငွေထက် လျော့သုံးပါ။

အောင်မြင်မှုအတွက် သော့ချက်တစ်ခုကတော့ ကိုယ့်ဝင်ငွေကို အကုန်မသုံးလိုက်ဖို့ပါ။ ကိုယ်တတ်နိုင်တဲ့ အခြေအနေမှာ နေခြင်းဖြင့် ပျော်ရွှင်နိုင်ပါတယ်လို့ Charlie Munger ကပြောခဲ့ပါတယ်။

ကိုယ်တတ်နိုင်တဲ့ အခြေအနေမှာ နေတာက သင့်ကို အကြွေးတွေ ငွေကြေးဖောင်းကြွမှုတွေနဲ့ ကုန်ဈေးနှုန်းတက်တာတွေကနေရတဲ့ စိတ်ဖိစီး မှုတွေကို လျော့ချနိုင်ပါတယ်။ သင်ရတဲ့ဝင်ငွေထက် လျော့ပြီး သုံးမယ်ဆိုရင် သင့် အသုံးစရိတ် မြင့်လာတဲ့ အခါ ဒါမှမဟုတ် ဝင်ငွေလျော့ကျသွားတဲ့အခါမှာ လဲကျစရာရှိမှာပါ။ ပြီးတော့ investment နဲ့ passive income generation အတွက်ငွေအပိုရှိနေမှာပါ။


၂။ သေချာစဉ်းစားပြီး ရင်းနှီးမြှုပ်နှံပါ။

ဝင်ငွေကို လျော့သုံးပြီး ပါးနပ်စွာ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ အရမ်းလွယ်ကူရိုးရှင်းပါတယ်။ Charlie Munger က ရင်းနှီးမြှုပ်နှံမှူတွေကို ကိုင်ဆောင်ထားတဲ့လမ်းစဉ်ကို လိုက်နာသူတစ်ယောက်ပါ။ ပိုက်ဆံအများကြီးရတယ်ဆိုတာ ဝယ်တာနဲ့ ရောင်းတာကြောင့်မဟုတ်ဘဲ စောင့်ဆိုင်းတာကြောင့်လို့ ပြောခဲ့ပါတယ်။

Charlie Munger က သင့်အနေနဲ့ လူတိုင်းဘယ်နေရာကမဆို ကြီးကြပ်လို့ရတဲ့ စီးပွားရေးမျိုးကို ရွေးပြီး ရင်းနှီးမြှုပ်နှံပါတဲ့။ "စီမံမှူ အနည်ူငယ်လွဲမှားနေတာမျိုးကို မခံနိုင်တဲ့ ကုမ္ပဏီမျိုးက ကုမ္ပဏီလို့တောင်မခေါ်သင့်ဘူး" ဆိုပြီး ပြောခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီလိုအခြေအနေမျိုးကို တောင့်ခံနိုင်ပြီး အပေါ်ယံပဲ လည်ပတ်နေတဲ့ ကုမ္ပဏီမျိုးကိုလည်း မရွေးသင့်ပါဘူး။


၃။  အမြဲတမ်း လေ့လာသင်ယူပါ။

ဘယ်လို ရင်းနှီးမြှုပ်နှံရမလဲနဲ့ အမြဲတမ်းမှန်ကန်တဲ့ ရွေးချယ်မှု လုပ်တတ်ဖို့ သင်ယူဖို့ဆိုတာ အချိန်ယူရပါတယ်။ သင့်မှာသာ သင်ယူချင်စိတ်ရှိတယ်ဆိုရင် ဘာမှသင့်ကို မတားဆီးနိုင်ပါဘူး။ ဘဝရဲ့ ကစားပွဲက အမြဲတမ်း သင်ယူနေဖို့ပါပဲ။ ဘဝမှာ အနိုင်ယူချင်ရင်တော့ သင်ယူမြဲသင်ယူပါ။ လို့ Warren Buffet ကပြောခဲ့ပါတယ်။

ယနေ့ခေတ်ကြီးမှာ သင်ယူတယ်ဆိုတာ အတန်းတက်တာ၊ podcast နားထောင်တာ ဒါမှမဟုတ် Youtube video ကြည့်တာစတဲ့ ပုံစံအမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အသိပညာယူဖို့ အကောင်းဆုံးနည်းလမ်းကတော့ စာများများဖတ်ဖို့ပါ။ Munger က သူ့ရဲ့ဘဝမှာ စာအမြဲတမ်းမဖတ်ပဲ အောင်မြင်နေတဲ့သူ တစ်ယောက်မှ မတွေ့ဖူးဘူးဆိုပြီး ပြောခဲ့ပါတယ်။


၄။ သတ်သတ်မှတ်မှတ်နဲ့ စည်းကမ်းတကျနေပါ။

အလေ့အကျင့် သေးသေးလေးတွေက အချိန်ကြာလာရင် ရလဒ်ကြီးကြီးရလာနိုင်ပါတယ်။ Munger ရဲ့ အဓိက အကြံပေးချက်ကတော့ ကိုယ် ယုံကြည်စိတ်ချရတဲ့ လူတွေရှာပြီး လုပ်စရာရှိတာလုပ်ဖို့ပါ။ လူတွေက သင့်အပေါ် စီးပွားရေးမှာဖြစ်စေ ဆက်ဆံရေးမှာဖြစ်စေ ယုံကြည်လို့ရတယ်လို့မြင်ရင် ရေရှည်အတွက် ကောင်းပါတယ်။


၅။ Toxic ဖြစ်တဲ့လူတွေကို ရှောင်ပါ။

ကိုယ်ယုံကြည်ရတဲ့လူတွေကို ရှာပြီး ကိုယ့်ကိုကိုယ်ဝန်းရံတာကောင်းပေမယ့် toxic ဖြစ်တဲ့လူတွေကို ရှောင်ဖို့လည်း လိုပါတယ်။Munger က အဲ့လိုလူမျိုးတွေကို ကိုယ့်ဘဝထဲကနေ အမြန်ဆုံးဖယ်ထုတ်လိုက်တာက အကောင်းဆုံးပါပဲတဲ့။ ဒီအတိုင်းလိုက်နာမယ်ဆိုရင် သင်အောင်မြင်မှာသေချာပါတယ်။ မဟုတ်ဘူးဆိုရင်တော့ သင့်အနေနဲ့ ကံကောင်းဖို့လိုပါလိမ့်မယ်။


147 views0 comments

Comments


bottom of page