top of page

ကိုယ့်ရဲ့ Career ကနေ ကိုယ်ပိုင်လုပ်ငန်းရှင် Entrepreneur တစ်ယောက်ဖြစ်လာဖို့ လုပ်ဆောင်ရမယ့် အချက် (5) ချက်


Entrepreneurship Tips
Entrepreneurship Tips

ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်း career တစ်ခုကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်ကို တိုးချဲ့မြှင့်တင်တယ်ဆိုတာဟာ ကိုယ့်ဘဝအတွက်အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒီခြေလှမ်းဟာ risk တွေပိုများပြီး တာဝန်တွေပိုများမယ့်ပြောင်းလဲမှုတစ်ခုဖြစ်လို ကိုယ့်ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲပြီး ငွေကြေးကြွယ်ဝချမ်းသာမှုတွေကို ပိုတိုးပွားလာစေနိုင်မယ့်ခြေလှမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုအရေးကြီးတဲ့ခြေလှမ်းအတွက် အောက်ပါအချက်တွေကို ကြိုတင်သိရှိနားလည်ထားသင့်ပါတယ်။


(1) Research Thoroughly 

ကိုယ်သွားမယ့်လမ်းကြောင်း နှင့် နယ်ပါယ်ကို သေသေချာချာ လေ့လာသုံးသပ်ပါ။ Entrepreneurship ဟာရှည်လျားခက်ခဲတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ် ၊ ဒါ့ကြောင့်အစကတည်းက ကိုယ်ကြုံတွေ့ရင်ဆိုင်ရမယ့်အခက်အခဲတွေ၊ အခွင့်အလမ်းတွေကို ကြိုလေ့လာသင်ယူထားရပါမယ်။ ဒီအတွက် ဒီ fields ထဲက အောင်မြင်ပြီးသားသူတွေရဲ့ podcast, blogs တွေကို ကြည့်ရှု့လေ့လာပါ၊ Webinars တွေကိုတက်ရောက်ပါ၊ social gathering တွေမှာ participate လုပ်ပြီးတော့ networking အပိုင်းကို အားစိုက်ပါ။


(2) Decide with Certainty 

ကိုယ့်ရဲ့လက်ရှိ career ဟာကိုယ်တကယ်စိတ်ပါဝင်စားတဲ့အလုပ်လား ? ကိုယ်ရေရှည် ပျော်ပျော်ရွှင်ရွှင် လုပ်သွားနိုင်မယ့်အရာလား ? ဒီလမ်းကြောင်းရဲ့အောင်မြင်မှုတွေက ကိုယ်တကယ် စိတ်‌ကျေနပ်ပျော်ရွှင်နိုင်မယ့် results တွေဟုတ်ရဲ့လားဆိုတာ သေချာတွေးတောဆုံးဖြတ်ပါ။ သေချာပြီဆိုမှ စိတ်ကိုပြတ်သားစွာဆုံးဖြတ်ချက်ချပြီး ရှေ့ဆက်သွားပါ။




(3) Plan with Timeline 

အချိန်ကအရမ်းကိုတန်ဖိုးရှိပါတယ်။ ကိုယ့်ရဲ့ progress ဟာလဲ အချိန်နှင့်အတူ တိုးတက်လာမှဖြစ်မှာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ရည်မှန်းချက်နှင့် ကြိုးစားအားထုတ်မှုတွေအတွက် ဘယ်အချိန်မှာ ဘယ်လို results မျိုးတွေရရမယ်ဆိုပြီး goals တွေတစ်ခုချင်းစီထားထားပါ။ 


(4) Starts as a Side Hustle 

ကိုယ့်လက်ရှိ career or job ကိုရပ်မပစ်လိုက်သေးပဲနှင့် ကိုယ့်ရဲ့ entrepreneurship ခရီးကို အလုပ်ချိန်ရဲ့ပြင်ပမှာ side hustle တစ်ခုအနေနှင့်စrတင် လုပ်ဆောင် ကကြည့်ပါ။ ကိုယ်တွေ့အကြုံတွေ confident တွေရပြီဆိုမှ entrepreneurship ထဲကိုခြေစုံပစ်ဝင်ပါ။




(5) Diversify your Income

ကိုယ်ပိုင်လုပ်ငန်းနှင့် ကိုယ်ပိုင်စီးပွားရေးတစ်ခုကိုစတင်တော့မယ်ဆိုရင် ပထမအရေးအကြီးဆုံးလိုအပ်ချက်က financial background ပါ။ ဒါ့ကြောင့်မလို့ အပေါ်ကအချက်လိုပဲ ကိုယ့်စီးပွားရေးအတွက် လက်ရှိကိုယ့်အလုပ်နှင့် side gigs တွေကရရှိတဲ့ income တွေ ကိုယ့်အလုပ်အားလပ်ချိန်တွေကို အသုံးချပြီးတော့ ငွေကြေးနှင့် education, experience တွေကို စုဆောင်းပါ၊ သင်ယူပါ။ ဒီလိုသေသေချာချာ well planning လုပ်ပြီးတော့မှ Entrepreneurship ကိုစတင်ပါ။




ဒီအချက်တွေကတော့ career နှင့် jobs တွေကနေ နောက်တစ်ဆင့် Entrepreneurship ကိုခြေလှမ်းဖို့အတွက်ဆုံးဖြတ်ထားသူတွေအတွက် သိရှိလေ့လာထားရမယ့်အချက်တွေပဲဖြစ်ပါတယ်။ကျွန်မ ကတော့ U.S ရဲ့ state တော်တော်များများအတွက် တရားဝင် Mortgage လိုင်စင်ကိုင်ဆောင်ထားတဲ့၊ လက်ရှိဈေးကွက်ထဲမှာလဲ အောင်အောင်မြင်မြင်ရပ်တည်နေတဲ့ Real Estate Agent and Mortgage Advisor တစ်ယောက်ဖြစ်ပါတယ်။ အိမ်အရောင်းအဝယ်နှင့် Mortgage Loan ကိစ္စတွေအတွက် ကျွန်မဆီကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 


95 views0 comments

Comments


Join Our Newsletter and Stay In Touch With Us

  • Facebook
  • YouTube
  • LinkedIn

©2021 by Grow And Win. LLC.

Developed by Full stack Marketer

bottom of page