သင်ဟာ ခေတ်နဲ့အညီ အရာအားလုံးဖြစ်နေတဲ့ အနီးနားနားမှာလည်း ရှိချင်တယ်... ပြီးရင် လှပတဲ့ သဘာဝရှူခင်းနဲ့လည်း မဝေးတဲ့နေရာမှာလည်း ရှိချင်တယ်ဆိုရင်တော့ Bellevue မှာနေထိုင်ခြင်းက အကောင်းဆုံးရွေးချယ်မှုပါ။
၁။ Bellevue က နေထိုင်ရန်အကောင်းဆုံးနေရာတွေထဲက တစ်ခုအဖြစ် အဆက်မပြတ်မဲရထားတာပါ။
Bellevue က နေထိုင်ရန် ကောင်းတဲ့ နေရာများ စာရင်းရဲ့ ထိပ်ဆုံးမှာ ပါလာတာ နှစ်တော်တော်ကြာရှိပါပြီ။ ၂၀၀၈ ကနေစပြီး CNN Money က Bellevue ကို လူနေမှုဘဝနဲ့ လုပ်ငန်းစတင်လို့ ကောင်းတဲ့ ထိပ်တန်းနေရာအဖြစ် သတ်မှတ်ခဲ့တာပါ။ ၂၀၁၀ ခုနှစ်မှာတော့ Bellevue က အမေရိကမှာ နေထိုင်ရန်အကောင်းဆုံး မြို့ထဲမှာ ၄ ခုမြောက် သတ်မှတ်ခံခဲ့ရပြီး ၂၀၁၄ မှာတော့ USA Today က Bellevue ကို နိုင်ငံအတွင်း ဒုတိယအကောင်းဆုံးနေရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အတိုချုပ်ပြောရရင်တော့ Bellevue က နေထိုင်လို့ အကောင်းဆုံးနေရာအဖြစ် တစ်နိုင်ငံလုံးရဲ့အသိအမှတ်ပြုခြင်းကို ခံထားရတာပါ။
၂။ Bellevue ရဲ့ ရာသီဥတုက နူးညံ့ပါတယ်။
Seattle ကို လူတွေတွေးကြတဲ့ အခါ မိုးကိုတွေးမိကြပါတယ်။ တကယ်တော့ အနောက်မြောက်ရဲ့ ရာသီဥတုက လူတွေထင်သလောက် စိုထိုင်းမနေပါဘူး။ Bellevue ကပျမ်းမျှမိုးရေချိန် 42 လက်မရှိပေမယ့် US က 38 လက်မရှိတဲ့အတွက် သိပ်ပြီး မကွာပါဘူး။ Bellevue ရဲ့ ပျမ်းမျှနှင်းထုက 5 လက်မပဲရှိတဲ့ အတွက် တစ်နိုင်ငံလုံး ပျမ်းမျှနဲ့ယှဉ်ရင် တော်တော် နည်းပါတယ်။ ဒါအပြင့် ဇူလိုင်လရဲ့ ပျမ့်မျှအပူချိန်က အလွန်သာယာပြီးတော့ ဇန်နဝါရီမှာတော့ အေးခဲလောက်တဲ့ထိ အပူချိန်ကျတာ နည်းပါတယ်။
၃။ Bellevue က Major Tech Hub တစ်ခုပါ။
မကြာသေးမီ အချိန်အတွင်းမှာပဲ Bellevue က နည်းပညာကုမ္ပဏီတွေအတွက် အဓိက ဗဟိုချက်ဖြစ်လာပါတယ်။ T-Mobile, Microsoft နဲ့ Nintendo အားလုံးက Bellevue မှာ အကြီးကြီးရှိပြီးတော့ နှစ်စဉ် ပိုပိုပြီး များလာနေပါပြီ။ တကယ်တော့ ကုမ္ပဏီပေါင်း 145 ကျော်က ဒီမြို့ပြင်လေးတင် ရှိတာပါ။ နည်းပညာပိုင်းက မဟုတ်တဲ့ ကုမ္ပဏီတွေတောင် Bellevue ကို သတိထားမိလာပါပြီ။ ဒီလို ကုမ္ပဏီ အများကြီး ရှိနေတာက အလုပ်အကိုင်အခွင့်အလမ်း အများကြီးရှိနေခြင်းကို ရည်ရွယ်ပါတယ်။
၄။ Bellevue က နေထိုင်ရန်ဈေးကြီးပေမယ့် သူ့ရဲ့ အိမ်ရာဈေးကွက်ကတော့ ကောင်းနေဆဲပါ။
စီးပွားရေး တိုးတက်နေတဲ့အတွက် အိမ်ရာနဲ့ လူနေမှု အဆင့်အတန်းက မြင့်ပါတယ်။ ဒီမြို့မှာ နေထိုင် အလုပ်လုပ်ကိုင်ရန် ပြောင်းရွှေ့နေထိုင်သူ အများအပြားရှိတဲ့အတွက် Bellevue ရှိ အိမ်များနှင့် တိုက်ခန်းတွေက နိုင်ငံလုံးဆိုင်ရာ ပျမ်းမျှထက် အနည်းငယ်ပိုမိုမြင့်မားတာဟာ အဆန်းမဟုတ်လောက်ပါဘူး။ တကယ်တော့၊ သူတို့က Seattle ဧရိယာတစ်ခုလုံးထက်စာရင် ဒီမှာ နည်းနည်းမြင့်ပါတယ်။ ဒါက သင်ဒီကို မပြောင်းရဘူးလို့ ဆိုလိုချင်တာမဟုတ်ပါဘူး။ သင့်အနေနဲ့ မပြောင်းလာခင်မှာ ကိုယ်တတ်နိုင်တဲ့နေရာမှာ နေနိုင်ဖို့ အရင်စုံစမ်းသင့်တဲ့အကြောင်းပြောချင်တာပါ။
၅။ Bellevue မှာကျောင်းကောင်းတွေ အများကြီးပါ။
Bellevue School ကနိုင်ငံရှိ ထိပ်တန်းခရိုင် 100 မှာ မကြာခဏ အဆင့်သတ်မှတ်ခံရပါတယ်။ ဒါအပြင် comprehensive Spanish-language immersion program, advanced placement courses, အင်္ဂလိပ်နဲ့ တရုတ်စာ နှစ်ဘာသာနဲ့ သင်ကြားတဲ့ အခြေခံကျောင်းတွေနဲ့ ကျောင်းသားပေါင်းစုံရှိတဲ့အတွက် သင့်ကလေးတွေအတွက် ပထမတန်းပညာရေးမရဖို့ စိတ်ပူစရာမလိုပါဘူး။
၆။ Bellevue က Outdoor ကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် သင့်တော်ပါတယ်။
Bellevue ရဲ့ နာမည်ပြောင်တွေထဲကတစ်ခုက “The City in the Park” ပါ။ ဒါကတော့ Bellevue မှာ သင့်အတွက် လည်စရာနေရာတွေနဲ့ မရည်တွက်နိုင်အောင်များတဲ့ ပန်းခြံစနစ်ရှိလို့ပါ။ ဒါအပြင် Bellevue က သူ့ဆီမှာ ပြင်လှုပ်ရှားမှူလုပ်စရာအများကြီးရှိတာကို ဂုဏ်ယူပါတယ်။ မိုင်ပေါင်းများစွာထိရှည်တဲ့ တောင်တက်လမ်းတွေအပြင် စက်ဘီးစီးခြင်းနဲ့ camping နေရာတွေ အများကြီးရှိတဲ့အတွက် သင်က outdoor မှာအချိန်ဖြုန်းရတာကို ကြိုက်တယ်ဆိုရင်တော့ Bellevue က သင့်အတွက်ပါ။ Bellevue မှာ တစ်နှစ်ပတ်လံုး outdoor festivals နဲ့ အထိမ်းအမှတ်ပွဲများစွာ ရှိပါတယ်။
၇။ Bellevue is all about Water.
Bellevue ရဲ့ outdoor life က အလွန် ကောင်းမွန်တဲ့အတွက် နှစ်ခါတောင်ပြန်ပြောရထိုက်ပါတယ််။ Bellevue က Lake Washington ပေါ်မှာ ရှိပြီးတော့ ရေနဲ့ပတ်သတ်တဲ့ activities တွေအများကြီးရှိပါတယ်။ ကမ်းခြေအများအပြားရှိတဲ့အတွက် ရေကူးခြင်း၊ ကယပ်လှေစီးခြင်း၊ လှေစီးခြင်းနဲ့ နှင်းလျောစီးတာတွေပါ လုပ်နိုင်မှာပါ။ သင်က မတူတာလုပ်ချင်တယ်ဆိုရင်တော့ သမုဒ္ဒရာက ဘယ််လောက်မှမဝေးပါဘူး။
၈။ Bellevue မှာ indoor လုပ်စရာတွေလည်း ရှိပါတယ်။
သင်က indoor မှာနေရတာပိုသဘောကျရင်တော့ ဒီမြို့မှာ လုပ်စရာတွေ ရှိပါတယ်။ ပြဇာတ်ရုံ အက နဲ့ ဆုရစာကြည့်တိုက်တွေရှိတဲ့အတွက် cultural and cerebral-minded ဖြစ်တဲ့သူတွေအတွက်လည်း အပန်းဖြေမှုပေးစွမ်းနိုင်မှာပါ။ ကလေးတွေအတွက်လည်း Kid’s Quest Children’s Museum ရှိပါတယ်။
၉။ Bellevue မှာ World-class Shopping Experience ကိုရနိုင်ပါတယ်။
ပိုက်ဆံသုံးနိုင်တဲ့ သူတွေအတွက်ကတော့ Bellevue က အခြားနဲ့ မတူတဲ့ နေရာတစ်ခုပါပဲ။ အဓိကစျေးဝယ်လို့ရတဲ့နေရာသုံးခုမှာ စတိုးဆိုင်၊ အထူးပြုဆိုင်၊ တိုင်းရင်းသားအစားအစာဆိုင်၊ အသစ်အဆန်းပစ္စည်းတွေအပြင် high-end fashion ဆိုင်တွေ အများကြီးရှိတဲ့အတွက် သွားစရာနေရာတွေနဲ့ ဝယ်စရာပစ္စည်းတွေက မကုန်နိုင်ပါဘူး။
၁၀။ Bellevue က Seattle နဲ့နီးပါတယ်။
Bellevue က Seattle Metropolitan Area ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် Seattle ဆီသွားဖို့ ဘယ်လောက်မှ မကြာပါဘူး။ ဒါပေမယ့် Bellevue မှာ အပေါ်က ပြောပြထားတာတွေအပြင် တခြားဟာတွေလည်း ရှိသေးတဲ့အတွက် ဒီမြို့မှာ နေရတာပျော်ဖို့ Lake Washington ကိုတောင်ဖြတ်စရာမလိုပါဘူး။
၁၁။ အရည်အသွေးမြင့် စားသောက်ဆိုင်များ
စားသောက်ဆိုင်သေးသေးလေးတွေကို ရှာရတာ စိတ်ဝင်စားဖို့ ကောင်းပေမယ့် Bellevue မှာ အကောင်းဆုံးဟင်းလျာတွေကို ရောင်းတဲ့ ပျော်ဖို့ကောင်းတဲ့ စားသောက်ဆိုင်တွေလည်းရှိပါတယ်။
ဥပမာပြောရရင် celebrity တွေလာလို့ နာမည်ကြီးနေတဲ့ Sugar Factory ပါ။ Vegas, Orlando, Chicago တွေမှာ ဆိုင်ခွဲတွေရှိပါတယ်။
သူတို့ရဲ့ ဟင်းလျာတွေက သင့်မမြင်ဘူးလောက်အောင် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ သင့်အနေနဲ့ chicken and waffles ကို cheeseburger bacon milkshake နဲ့တွဲစားဖို့ ဘယ်မှာမှ မရနိုင်ပါဘူး။ ဒီလို calorie အများကြီးက Sugar Factory မှာပဲ ရနိုင်တာပါ။
၁၂။ လှပတဲ့ ရပ်ကွက်များ
West Bellevue၊ Bel-Red၊ Factoria... အဲဒါတွေအားလုံးမှာ တူညီတာက ဘာလဲ။ သူတို့အကုန်လုံးက လုံးဝရင်သပ်ရှုမောဖွယ်ကောင်းတဲ့ Bellevue Washington အိမ်တွေပါ။
Bellevue ကိုယ်တိုင်က မြို့ပြဧရိယာဖြစ်ပေမယ့် မြို့တွင်းမှာ သာယာမှုရှိပါတယ်။ Bellevue ရဲ့ ရပ်ကွက်တွေအများကြီးထဲကမှ သင်ရနဲ့ အဆင်ပြေတဲ့ဟာကို ရှာတွေ့နိုင်မှာပါ။
၁၃။ Snowflake Lane
ခရစ္စမတ်ရာသီကို ကြိုက်နှစ်သက်တဲ့သုတွေရှိလား?
ဆောင်းရာသီတိုင်းမှာ Bellevue Square Mall က ဆောင်းရာသီနဲ့ ခရစ္စမတပွဲတော်အကြီးကြီးအဖြစ် Snowflake Lanw ကိုကျင်းပပါတယ်။ ပွဲလမ်းသဘင် နဲ့ ရာသီစာတွေနဲ့ အတူ Bellevue မှာနေတဲ့လူတိုင်းက ဒီပွဲကို နှစ်စဉ်ဆင်နွှဲဖို့ မျှော်လင့်စောင့်စားကြပါတယ်။
Bellevue, WA အနီး ဘာလုပ်ရမလဲတွေးနေတယ်ဆိုရင် သင့်ရဲ့ ပြက္ခဒိန်မှာ December လအတွက် မှတ်ထားလိုက်ပါ။
၁၄။ Eastern Washington သို့ အလွယ်တကူသွားနိုင်ခြင်း
Bellevue က အေးချမ်းပေမယ့် သင့်အနေနဲ့ တခါတရံမှာ မြို့ထဲမနေချင်တာမျိုးဖြစ်လာခဲ့ရင် တောင်တွေရဲ့ အရှေ့ခြမ်းကို ထွက်သွားဖို့က ၁,၂,၃ ရေသလောက်လွယ်ပါတယ်။ Bellevue မှာ I-90 လိုင်းကို အလွယ်တကူစီးနင်းနိုင်ပါတယ်။
Eastern Washington ကိုသွားပြီး Wenatchee, Snoqualmie Pass, တွေရဲ့ အလှကို သွားရောက်ခံစားနိုင်ပါတယ်။
၁၅။ လူဦးရေ တဖြည်းဖြည်း မြင့်တက်လာခြင်း။
နေရာအများစုက နေ့ချင်းညချင်း လူဦးရေသိပ်သည်းမှု သိသိသာသာ တိုးလာတယ်ဟု ထင်ရပေမယ့် Bellevue ၏ လူဦးရေကတော့ လွန်ခဲ့တဲ့ 10 နှစ်အတွင်းမှာ အရှိန်အဟုန်ဖြင့် တိုးလာခဲ့ပါတယ်။
ဒါကြောင့် လိုအပ်တဲ့ မြို့ပြစီမံခန့်ခွဲမှုတွေကို ဒီလိုတိုးတက်လာတဲ့ လူဦးရေကို အမှီလိုက်ပြီး လုပ်နိုင်တဲ့အတွက် Seattle လိုအခက်အခဲတွေမကြုံနိုင်ပါဘူး။
၁၆။ နှင်းကျဆင်းတာနည်းခြင်း။
ဒီတစ်ခုက နှင်းရာသီနဲ့ ပတ်သက်ပြီး သင်ဘယ်လိုခံစားရလဲပေါ်မူတည်ပြီး ဒီတစ်ခုက ကောင်းတာ ဒါမှမဟုတ် ဆိုတာဖြစ်မယ်ထင်တယ်။ သာယာတဲ့ရာသီဥတုနဲ့ Bellevue ကတစ်နှစ်မှာ နိုင်ငံလုံးဆိုင်ရာ ပျမ်းမျှနှင်းကျဆင်းမှုရဲ့ 20% ထက် 5.1 လက်မခန့်သာရှိပါတယ်။
Bellevue Washington ရာသီဥတုက ပစိဖိတ်အနောက်မြောက်ပိုင်းမှာ သင်တွေ့နိုင်ထဲက အသင့်တော်ဆုံးအချို့ထဲပါဝင်ပါတယ်။ နှင်းထဲမှာ ကားမောင်းရတာ ပေါ့ပေါ့ပါးပါးပဲ ဆိုရင်တော့ Bellevue WA မှာ နေထိုင်တဲ့အခါ စိတ်ပူစရာ မလိုပါဘူး။
၁၇။ စဉ်ဆက်မပြတ်တိုးတက်နေခြင်း
စွမ်းဆောင်ရည်မြင့်မားတဲ့ မြို့ပြစီမံကိန်းအချို့ကြောင့် Bellevue က အမြဲတမ်းကြီးထွားပြီး ပြောင်းလဲနေပါတယ်။ ယနေ့ခေတ်အကောင်းဆုံး Bellevue ကနေရာတွေကို သင် ဒီ article လေးဖတ်ပြီး သိသွားပေမယ့် Bellevue အနီးနှင့် မြို့တွင်းမှာ သွားရောက်လည်ပတ်ဖို့နေရာတွေက အမြဲရှိနေဦးပါ။
၁၈။ Seastar Restaurant and Raw Bar
Bellevue မှာ စားစရာဆိုင်ကောင်းတွေအများကြီးရှိပေမယ့် ဒီဆိုင်ကို ရောက်ဖြစ်အောင် သွားစားကြည့်ပါ။အသားရော ပင်လယ်စာရော မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ သူတို့ရဲ့ Surf and Turf box ကို မှာဖြစ်အောင်မှာပါ။
၁၉။ Local Celebrities
Seattle ဧရိယာက အလွှာပေါင်းစုံက Bellevue ထင်ရှားကျော်ကြားသူများ၏ နေထိုင်ရာနေရာဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ Amazon ရဲ့တည်ထောင်သူ Jeff Bezos လိုပဲ တခြားအောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တော်တော်များများကလည်း Bellevue ကနေ စတင်နာမည်ကြီးခဲ့ပါတယ်။
Celebrity တွေကိုမြင်ချင်တယ်ဆိုရင်တော့ Bellevue မှာ သင့်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ပါတယ်။
၂၀။ မြို့ရဲ့ အရှိန်အဟုန်
Bellevue မှာ သင်မြို့ထဲ အချိန်ဖြုန်းနေမယ်ဆိုရင် သူ့ရဲ့ အထာရှိပါတယ်။ အပန်းဖြေအနားယူနိုင်သလို ရှုပ်ယှက်ခတ်နေတဲ့ အချိန်လည်းရှိပါတယ်။ Bellevue ကိုပြောင်းဖို့ လုပ်နေတဲ့ သူတွေအတွက်ကတော့ လုပ်စရာ မကုန်နိုင်အောင်ပါပဲ။
Comments