top of page

အိမ်တစ်လုံးကိုပြန်ပြုပြင်မွမ်းမံပြီး ရောင်းချဖို့အတွက် အကြံပြုချက် (10) ချက်

 


ပြုပြင်ဖို့လိုနေတဲ့ အိမ်တစ်လုံးကို ဈေးနူန်းကောင်းကောင်းနှင့်ရောင်းချနိုင်ဖို့ဆိုတာ အတော်လေး challenge ဖြစ်တဲ့ကိစ္စပါ။ ဒါပေမယ့် ပြုပြင်စရိတ်တွေအရမ်းမကုန်ကျဘဲနှင့် ကိုယ်ရောင်းမယ့်အိမ်လေးကို လှလှပပ ဝယ်ချင်စဖွယ်လေးဖြစ်သွားဖို့ လုပ်ဆောင်လို့ရတဲ့ အချက်(၁၀)ချက်ကို ပြောပြပေးသွားပါမယ်။

 

(1) ပစ္စည်းပစ္စယတွေနှင့် furniture တွေကို ရှင်းလင်းစွာနေရာချပါ

အရင်ဆုံး တစ်အိမ်လုံးရဲ့ ထောင့်တွေပါမကျန် deep cleaning လုပ်ပြီးတော့ သန့်ရှင်းပါ။ ပြီးတော့ မလိုအပ်တဲ့ personal belongings တွေကိုဖယ်ထုတ်ပြီး ပရိဘောဂတွေကို အိမ်အခန်းတွေရဲ့ space ကျယ်ကျယ်ရအောင် ခွဲထားနေရာချပါ။ 

 

(2) ခြံဝင်း ဧရိယာကို အကောင်းဆုံးပြင်ဆင်ပါ

အရောင်းအဝယ်ကိစ္စမှာ first impression က အရေးကြီးပါတယ်။ Potential Buyers တွေလာကြည့်တဲ့အခါမှာ ပထမဆုံးမြင်ရမယ့်ကိုယ့်အိမ်ရှေ့နှင့် ခြံဝင်းက လှပသပ်ရပ်နေဖို့လိုပါတယ်။ မြက်ခင်းတွေရှည်နေရင် ရိတ်ထားပါ၊ ခြုံနွယ်တွေကိုရှင်းလင်းထားပါ၊ ပန်းပင်တွေရှိရင် စိမ်းစိုနေအောင် ဂရုစိုက်ထားပါ။

 

(3) ကိုယ့်အိမ်ရဲ့အလှဆုံးနေရာတွေကို အဓိကမြင်အောင်လုပ်ပါ 

ကိုယ့်အိမ်ရဲ့ အားသာချင်နေရာတွေ ဥပမာ - Fireplace ၊ Large Windows ၊ Wide Space Rooms အစရှိတဲ့နေရာတွေကို အခြားပစ္စည်းတွေ ပရိဘောဂတွေနှင့် ကွယ်မနေစေပဲ ရှင်းလင်းမြင်သာအောင်ထားပါ။ အတွင်းအပြင် Lighting ကောင်းကောင်းရအောင်လဲ စီစဉ်ထားပါ။

 

(4) Minor Repair တွေကိုအရင်ဆုံးပြီးအောင်လုပ်ပါ

ရေယိုတာ၊ ကြမ်းပြင်နှင့် မျက်နှာကျက်တွေမှာအပေါက်တွေရှိရင် ပြန်ပိတ်တာ ၊ ဆေးကွာ ဆေးဟောင်းနေတဲ့နေရာတွေကို ဆေးအသစ်ပြန်သုတ်တာ ၊ အစရှိတယ့် damage အသေးလေးတွေကို အကောင်းဆုံးပြုပြင်ထားပါ ။ ဒါမှ Buyer တွေရဲ့အမြင်မှာ အပြစ်အနာအဆာတွေမတွေ့ပဲ စိတ်ကျေနပ်မှု့တွေရစေမှာပါ။

 

(5) ပရိဘောဂတွေကို strategically နေရာချပါ။

No(1) မှာပြောခဲ့သလိုပဲ ကိုယ့်အိမ်ရဲ့အခန်းတွေမှာ နေရာကျယ်ကျယ်ရအောင် ပရိဘောဂနှင့် ပစ္စည်းပစ္စယတွေကိုစနစ်တကျ စီစီရီရီနေရာချထားပါ။ Online ကနေတဆင့် အခြားအိမ်တွေရဲ့‌ လှပတဲ့နေရာချထားပုံတွေကိုလေ့လာပြီး နမူနာယူပါ။

 

(6) ဈေးမကြီးတဲ့ Home Decorating အသစ်တွေကိုပြောင်းလဲတပ်ဆင်ထားပါ

ကိုယ့်အိမ်ရဲ့ ခန်းဆီး၊ လိုက်ကာ၊ အိပ်ယာခင်း ၊ခေါင်းဦး အစရှိတဲ့ decorations တွေကို ကိုယ့်အိမ်အတွင်း ဆေးကာလာနှင့် လိုက်လျောညီထွေဖြစ်မယ့် အရောင်တွေ ပစ္စည်းအသစ်ဝယ်ပြီးထည့်ထားပါ။ Buyer တစ်ယောက်ဝင်လာကြည့်တဲ့အခါမှာ Warm & Welcoming tone ကိုခံစားရအောင် color plan ဆွဲထားပါ။

 

(7) ပစ္စည်းများပြီး ရှုပ်ထွေးတတ်တယ့်နေရာတွေကိုသေချာသန့်ရှင်းထားပါ။

မီးဖိုချောင်၊ ရေချိုးခန်း၊ basement နှင့် ကားဂိုဒေါင် ဆိုတာတွေဟာ အိမ်တစ်အိမ်ရဲ့ ပစ္စည်းတွေအများဆုံး အရှုပ်ဆုံးနေရာတွေပါ။ ဒီလို area တွေကို ပစ္စည်းတွေနည်းနိုင်သမျှလျှော့ထားပြီး သန့်ရှင်းရေးကောင်းကောင်းလုပ်ထားခြင်းအားဖြင့် Potential Buyers တွေရဲ့စိတ်ထဲမှာ သန့်ရှင်းသန့်ရပ်တယ်ဆိုတဲ့အတွေးမျိုးပေါ်လာအောင်ပြင်ဆင်ထားပါ။

 

(8) Welcoming Atmosphere တစ်ခု ဖန်တီးထားပါ။

Scented Candles တွေထွန်းထားတာ ၊ comfortable ဖြစ်တဲ့ room temperature ကိုဖွင့်ပေးထားတာ၊ နောက်ခံ music ငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေဖွင့်တားတာ ၊ အစရှိတဲ့အချက်တွေက Buyers တွေရဲ့ positive thoughts တွေ နှင့် အိမ်ကိုကြိုက်နှစ်သက်တဲ့ ခံစားချက်တွေ ကိုမိုတိုးပွားလာပါစေတယ်။

 

(9) မှန်တွေတပ်ဆင်ပြီးတော့ နေရာကောင်းတွေမှာထားပါ

အိမ်အတွင်းထဲမှာ ကြည့်မှန်တွေ ကိုယ်လုံးပေါ်မှန်တွေတပ်ဆင်ထားခြင်းအားဖြင့် Natural Light နှင့် Electric Lights တွေကို ပိုအားကောင်းစေပြီး အိမ်တွင်းမှာအလင်းရောင်ပိုထွက်လာစေတယ် ၊ ဒါ့ကြောင့်အိမ်ထဲမှာမှောင်နေတာမျိုးမရှိတော့ပဲ open space တွေကိုလဲ ပိုပြီးကျယ်ကျယ်ဝန်းဝန်းမြင်တွေ့စေနိုင်ပါတယ် ။

 

(10) အိမ်ရဲ့ပြုပြင်စရာတွေရှိခဲ့သေးရင် ပွင့်ပွင့်လင်းလင်းပြောပြထားပါ။

အိမ်အတွက် ကိုယ်တတ်နိုင်သမျှပြုပြင်မွန်းမံပေးထားပေမယ့် အခြားသော major နှင့် minor ပြုပြင်မှု့တွေထပ်လုပ်ဖို့လိုအပ်နေသေးတယ်ဆိုရင် ၊ ကိုယ့်ရဲ့ Potential Buyer ကို ပွင့်ပွင့်လင်းလင်းကြိုတင်အသိပေးထားခြင်းဖြင့် သူတို့ရဲ့ ယုံကြည်မှု့ကိုရယူပါ။

 

ဒါတွေကတော့ ကိုယ်အိမ်ရောင်းတော့မယ်ဆိုရင် ကုန်ကျစရိတ်မများပဲ ကိုယ့်အိမ်ကိုဈေးကောင်းကောင်းနှင့်ရောင်းတိုင်ဖို့အတွက် လက်တွေ့ကျင့်သုံးသင့်တဲ့ အချက် (10) ချက်ပဲဖြစ်ပါတယ်။

 

အိမ်အရောင်းအဝယ်ကိစ္စတွေ၊ ချေးငွေLoanကိစ္စတွေအတွက် အချိန်မရွေး ကျွန်မနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။ 

266 views0 comments

Comments


bottom of page