0% Down purchase Program ဆိုတာဟာ ဒီချေးငွေအမျိုးအစားကို ချေးယူဖို့ eligible ဖြစ်သူတွေရဲ့ အိမ်ဝယ်ယူတဲ့တန်ဖိုး အတွက် down payment ပမာဏ ကို Mortgage lender က စိုက်ပေးတာဖြစ်ပါတယ်။ Down payment ပမာဏ 3% ကနေ အများဆုံး $15000 ပမာဏအထိ ချေးငွေထုတ်ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။
ဉပမာ - အိမ်တန်ဖိုး ၄ သိန်းရှိရင်သူ့ရဲ့ 3% ဖြစ်တဲ့ $12,000 ကိုစိုက်ပေးတာပါ။ အိမ်တန်ဖိုး ၆ သိန်းရှိရင်တော့ သူ့ ရဲ့ 3% က $18,000 ဖြစ်တဲ့ အတွက် အများဆုံး $15000 ကိုစိုက်ပေးတာဖြစ်ပြီး ကျန်တဲ့ $3,000 ကိုတော့ ဝယ်သူက ပေးရမှာဖြစ်ပါတယ်။
ဒီ 0% Down Purchase ချေးငွေဟာဆိုရင် အိမ်ဝယ်သူတွေကို လစဉ်ငွေပြန်ဆပ်စရာမလိုတဲ့အပြင် ထိုငွေအတွက် အတိုးနူန်းလဲမရှိပါဘူး။ချေးငွေကို လစဉ်စနစ်နှင့် ငွေပြန်ဆပ်စရာမလိုပဲ ကိုယ့်ရဲ့ mortgage loan ကိုအပြီးငွေချေပြီးသွားတဲ့အခါ ၊ ဒါမှမဟုတ် ချေးငွေအသစ်တစ်ခုထပ်ထုတ်ယူတဲ့ အခါမှသာ ကနဦး ချေးငွေကို တစ်စုတစည်းတည်း ပြန်လည်ပေးချေရတဲ့ balloon payment စနစ်နှင့်ဖန်တီးပေးထားလို့ပဲဖြစ်ပါတယ်။
ဒီချေးငွေကို ဘယ်လိုလူတွေကချေးယူခွင့်ရှိလဲဆိုတော့
1. ကိုယ့်ရဲ့ဝင်ငွေပမာဏဟာ ကိုယ်နေတဲ့ Area Median Income ရဲ့ 80% ဒါမှမဟုတ် အဲဒီ့အောက်မှာရှိတဲ့သူတွေ။
2.ပထမဆုံးအကြိမ်အိမ်ဝယ်တဲ့သူတွေ။
3.ဝယ်ယူသူနှင့်တစ်အိမ်တည်းမှာနေထိုင် Co-borrowers အဖြစ်အသိအမှတ်ပြုခံရသူတွေသာ ဖြစ်ပါတယ်။
4.အကယ်၍ ကိုယ့်ရဲ့ income ပမာဏက Area Median Income ရဲ့ 50% အောက်မှာသာရှိတယတယ်ဆိုရင် $2500 credit နှင့် $12500 ပမာဏအထိ down payment assistance ကိုရရှိနိုင်မယ့် အခွင့်အရေးရှိပါတယ်။
0% Down Purchase program ရဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကတော့
- 30 year fixed-rate mortgage အတွက်သာချေးငွေပေးတယ်။
- Investment property မဟုတ်တဲ့ တကယ်နေထိုင်မယ့် primary home တွေအတွက်သာပေးတယ်။
- Single family homes, townhomes တွေနှင့် ကွန်ဒိုတွေအတွက်သာ အကျုံးဝင်တယ်
- Credit score အနည်းဆုံး 620 ကျော်တဲ့သူတွေကိုသာပေးတယ်။
- သတ်မှတ်ထားတဲ့ Standard Loan limit အတွင်း ငွေပမာဏကိုသာ ချေးငွေပေးပါတယ်။
ဒီ 0% Down Purchase ချေးငွေ program ဟာဆိုရင် low to moderate income ရှိတဲ့ မိသားစုတွေ အိမ်ဝယ်ယူပိုင်ဆိုင်နိုင်ခွင့်အတွက် အဓိကရည်ရွယ်ပြီးရေးဆွဲထားတဲ့ program တစ်ခုဖြစ်ပါတယ်။
ဒီ program ကိုအသုံးပြုပြီး အိမ်ဝယ်ဖို့စိတ်ဝင်စားတယ်ဆိုရင် ကျွန်မနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။
コメント